တန်ဖိုး

ပျော်ရွှင်ခြင်းရဲ့ တန်ဖိုး
ဝမ်းနည်းခါမှ သိခဲ့တယ်...
စံပယ်ပွင့်ရဲ့ တန်ဖိုး
မပွင့်ခါမှ သိခဲ့တယ်...
နေရောင်ခြည်ရဲ့ တန်ဖိုး
သန်းခေါင်ယံမှာ သိခဲ့တယ်...
ငါ့ရဲ့အချစ်ရဲ့ တန်ဖိုး
ခွဲခွာချိန်မှာ သိလိမ့်မယ်.....

            လင်းယံခ

0 comments:

ကျရှုံးခြင်း

မျိုသိပ်မထားနိုင်တဲ့ ရင်ထဲကပြောခဲ့တဲ့စကားတွေက
ငါ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတရားအစစ်ပါ...
ငါ့အပေါ်မင်းလေးရဲ့ တုန့်ပြန်မှုတွေက
ငါ့နှလုံးသားလေးကို ထိခိုက်စေခဲ့တာ
မင်းလေးမသိခဲ့တာလား?
ငါ့ရင်ထဲက ခံစားချက်ကိုဖော်ပြရန်အတွက်
ကဗျာလင်္ကာတွေ မလိုတော့ပါဘူး...
မင်းရဲ့အလှကို နှိုင်းယှဉ်ဖို့အတွက်
လမင်းတောင်မသာဝံ့တော့ပါဘူး.......

            လင်းယံခ

0 comments:

အသည်းခွဲမင်းသမီးနဲ့ ဒဿလိုလူစား

တကယ်ဆိုရင်...
သိရက်နဲ့ မီးကိုတိုးတဲ့ ပိုးဖလံတောင်
ငါ့ထက်သာဦးမယ် ချစ်သူ။

သိရက်နဲ့ ချစ်ခဲ့လို့
အစိမ်းသက်သက် ကွဲခဲ့တဲ့ငါ့နှလုံးသားကတော့
မင်းလျှောက်လှမ်းမယ့်လမ်းမှာ ခင်းပေးလိုက်ပါ့မယ်......

0 comments: