အသည်းခွဲမင်းသမီးနဲ့ ဒဿလိုလူစား

တကယ်ဆိုရင်...
သိရက်နဲ့ မီးကိုတိုးတဲ့ ပိုးဖလံတောင်
ငါ့ထက်သာဦးမယ် ချစ်သူ။

သိရက်နဲ့ ချစ်ခဲ့လို့
အစိမ်းသက်သက် ကွဲခဲ့တဲ့ငါ့နှလုံးသားကတော့
မင်းလျှောက်လှမ်းမယ့်လမ်းမှာ ခင်းပေးလိုက်ပါ့မယ်......



တကယ်တော့ အချစ်ဆိုတာ
နွေခေါင်ခေါင်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့
လေပြေညင်းလေးလို ပါဘဲလေ။

ရုတ်တရက်ဝင်ရောက်လာ တတ်သလို
မနှုတ်ဆက်ဘဲ ထွက်ခွာသွားတတ်တာတော့
မဆန်းပါဘူး ချစ်သူ။

ဒါပေမယ့် နှုတ်ဆက်ပြီးထွက်ခွာသွားတာကတော့
အနာပေါ် ဒုတ်ကျတာထက် ဆိုးတယ်ဆိုတာ မင်းသိပါ့မလား

သေချာတာတစ်ခု ကတော့
ငါ့ရဲ့အချစ်ကို အာဒံမမှီနိုင်သလို
ရိုမီယို ဒူးထောက်မယ်ဆိုတာ ငါယုံပါတယ်..

အေးပေါ့လေ ဘ၀ဆိုတာ
ရတာမလို လိုတာမရဆိုပေမယ့်
ချစ်ရက်နဲ့ ပိုင်ဆိုင်ခွင့်မရတာ ဆိုးလှပါတယ်..

တွေ့ဆုံမှုကတော့ ဆန်းကြယ်တယ်ဆိုပေမယ့်
ခွဲခွာခြင်းအချိန်ကတော့ မှေးမှိန်လှတဲ့ညနေခင်းလေးမှာပေါ့...

ငါ့အတွက်တော့ ချစ်ခြင်းတရားတွေ နေ၀င်ခဲ့ပေမယ့်
မင်းအတွက်ကတော့ ပျော်ရွှင်ခြင်း ဆည်းဆာရောင်နီ
တက်လာပြီလို့တော့ ငါထင်မိခဲ့ပါတယ်...

ဒါပေမယ့်လေ ငါတို့ချစ်ခြင်းဟာ ပြီးဆုံးခဲ့ပြီဆိုပေမယ့်
နင့်ရဲ့ချစ်ခြင်းတရားကို လိုချင်တဲ့ ငါ့နှလုံးသားက
ကြယ်ကြွေချိန်စောင့်တဲ့ ခွေးလို နင့်အချစ်ကိုမျှော်နေဆဲပါလား

အေးပေါ့လေ...
တစ်ကြိမ်တစ်ခါအလင်းကိုမြင်ဖူးတဲ့ မျက်မမြင်ကတော့
အလင်းရောင်ကို တမ်းတနေသလို
နင့်ကြောင့်ကြေကွဲခဲ့ဖူးတဲ့ ငါ့နှလုံးသားကလည်း
နင်ရဲ့အချစ်ကို စောင့်နေဆဲပါ.......

မင်းရဲ့အပြုံးအောက်မှာ ငါ့ဘ၀ကျဆုံးခဲ့ပေမယ့်
မင်းနဲ့မထိုက်တန်တဲ့ အသည်းခွဲဘုရင်မဆိုတဲ့ ဘွဲ့ကိုတော့
ငါရိုက်ချိုးနိုင်ခဲ့တဲ့အတွက် ငါကျေနပ်တယ်...

ဘာကြောင့်လဲဆိုတာ....
မင်းဘ၀လှပဖို့အတွက် ငါ့ဘ၀ကိုရင်းပေးတာပါ....

ဘ၀ကိုရင်းပြီးချစ်ခဲ့တဲ့ ငါ့ရဲ့အချစ်က
ကဗျာမမှီ စံမတင်နိုင်လောက်ပေမယ့်
နောက်ဆုံးတော့ ငါ့တို့နှစ်ယောက်အဖြစ်ကလည်း
အသည်းခွဲမင်းသမီးနဲ့ ဒဿလိုအဖြစ်မျိုးပါဘဲလေ........


လင်းယံခ

0 comments: