ချစ်သူ

တစ်နေ့မမြင်ရရင် မနေနိုင်တာမို့
အပြေးကလေး လှမ်းလာမိတယ်။
မင်းရဲ့အပြုံးကို မြင်ခွင့်ရလို့
စိတ်ထဲမှာ ကြည်နူးတယ်။
ချိုသာလှတဲ့ ချစ်သူ့အပြုံးကို
ရင်ထဲမှာ သိမ်းထားလိုက်မယ်။
ပျော်ရွှင်တတ်တဲ့ ကောင်မလေးရယ်
ထာဝရပြုံးနိုင်ပါစေကွယ်...

လင်းယံခ

0 comments: