Windows 8 မှာ Gtalk ကို တစ်ခုထက်မက ဖွင့်လို့ရအောင်

 
အင်တာနက်ဆိုင်မှာ သွားသုံးရင်တော့ ပြဿနာမရှိပေမယ့် မိမိစက်မှာ မိမိကိုယ်တိုင် Gtalk ကို install လုပ်ပြီး သုံးသူတွေအတွက်ကတော့ Gtalk ကို တစ်ခုထဲဖွင့်လို့ရတဲ့ ပြဿနာကို ကြုံဖူးကြမှာပါ။
ကျန်တဲ့ Windows တွေမှာ ပြဿနာမရှိပေမယ့် Windows 8 ကျရင်တော့ Gtalk shortcut ရှာလို့ မတွေ့တဲ့သူတွေအတွက် အောက်ကနည်းအတိုင်း လုပ်ပေးလိုက်ပါ။
Start Keys ကို နှိပ်လိုက်ကျရင် Start Menu ပေါ်လာပါမယ်။
အဲဒီကျရင် Gtalk icon ပေါ်မှာ right click နှိပ်လိုက်ပါ။ အောက်က ဘားတန်းထဲက Open file location ကို click ပေးလိုက်ပါ။
အဲဒီကျရင် Gtalk shortcut ရှိတဲ့ folder ပေါ်လာပါမယ်။
ထိုအခါ အဲဒီ icon ပေါ် right click ပေးလိုက်ပြီး Properties ကိုနှိပ်လိုက်ပါ။
Target မှာ "C:\Program Files\Google\Google Talk\googletalk.exe"
ဆိုတဲ့ စာသားနောက်မှာ  /nomutex လို့ ထည့်ပါ။
ပြီးရင်တော့ Gtalk အသစ် ခေါ်ကြည့်လိုက်ပါ။
တစ်ခုထက်မကဖွင့်လို့ရတာကို တွေ့ရပါလိမ့်မယ်ဗျာ...

အားလုံးကို ခင်မင်လေးစားလျက်...

လင်းယံခ မြန်မာစာ

0 comments: