၅၂၈ မေတ္တာဟူသည်...

 
လူတိုင်းလူတိုင်း ချစ်ခြင်းမေတ္တာကို ဖွင့်ဆိုရာတွင် ၅၂၈ဟူသော ချစ်ခြင်းမေတ္တာ၊ ၁၅ဝဝဟူသော ချစ်ခြင်းမေတ္တာ စသည်ဖြင့် ဖွင့်ဆိုလေ့ရှိသည်။ သို့သော် အသေးစိတ်ကိုမူ သိသူရှား၏။ အမှန်စင်စစ် ၅၂၈ ချစ်ခြင်းသည် အေးမြသောချစ်ခြင်းမေတ္တာသာ ဖြစ်သည်။ မိဘမှသားသမီးအပေါ်ထားရှိသော မေတ္တာမျိုးသည် ထို ၅၂၈မေတ္တာသာဖြစ်သည်။ ထို ၅၂၈ မေတ္တာ၏ အဓိပ္ပာယ် အပြည့်အစုံမှာ -

၅၂၈ မေတ္တာဟူသည် ပါဠိတော်အရ ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာစစ် မေတ္တာမှန်ပင် ဖြစ်သည်။
၅၂၈ မေတ္တာဟူသည် - အနောဓိသ မေတ္တာ (၅)ပါး၊ သြဓိသမေတ္တာ (၇)ပါး၊ ပေါင်း (၁၂)ပါးကိုတည်၊ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခီအတ္တာနံ ပရိဟရန္တု (၄)ခုနှင့်မြှောက်၊ (၄၈)ပါး ရ၏။ ၄င်းကို အရပ်ဆယ်မျက်နှာနှင့်မြှောက် (၄၈ဝ)ဖြစ်၏။ ယင်းကို အရပ်မျက်နှာ မရည်ညွန်းဘဲပွားများသောမေတ္တာ (၄၈)နှင့်ပေါင်းသော် ၅၂၈ ရ၏။

ရည်ညွှန်းကိုးကား -
သုတေသန သရုပ်ပြ အဘိဓါန်၊ ၂ဝဝ၇။
ပဋိသမ္ဘိဒါမဂ်၊ ပါ၊ ၃၁၃၊ ဌ၊ ဒု-အုပ်၊ ၂ဝ၇။

အားလုံးကိုခင်မင်လေးစားလျက်
လင်းယံခ (မြန်မာစာ)

0 comments: