GSM/ WCDMA များ Message ပို့ အင်တာနက်လျှောက်နည်း


ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

0 comments:

မြန်မာစာပေသမိုင်း Website


ကျွန်တော်အနေနဲ့ မြန်မာစာပေသမိုင်းကို အွန်လိုင်းကနေ လေ့လာနိုင်စေဖို့ ကြိုးပမ်းနေတာ ၃လလောက် ရှိပြီဗျ... အခုတော့ 80% လောက်ပြီးစီးပြီမို့ ကြေညာလိုက်ရပါတယ်ဗျာ....

0 comments:

ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ သီချင်း

ကျွန်တော်အနေနဲ့ သီချင်းနာမည်ကို မဖော်ပြနိုင်တဲ့အတွက် နားလည်ပေးပါ။
၆၆နှစ်မြောက် အာဇာနည်နေ့ကို အမေဒေါ်မေလှမြိုင်သီဆိုခဲ့သည့် သီချင်းဖြင့် လွမ်းဆွတ်သတိရလိုက်ပါသည်။

0 comments:

အာဇာနည်နေ့ဟူသည်...

 Photo: မင်းမမေ့နဲ့....
ခုနှစ်က ၁၉၄၇၊ ဇူလိုင်လ ၁၉ရက်။

ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလျက်ရှိနေသည်။ မိုးကလည်း တဖြောက်ဖြောက်ကျလိုက်၊ စဲသွားလိုက် ရှိနေသည်။ တိမ်တိုက်တို့သည်လည်း ဖျော့တော့တော့နှင့် ဝမ်းနည်းမှုကို ဆောင်နေသယောင်။ အင်လျားကန်စောင်းရှိ ဂဠုန်ဦးစော၏ ခြံထဲတွင်မူ မနက်စောစောကတည်းက လူတစ်ရုံးရုံးနှင့် အလုပ်ရှုပ်နေကြသည်။

0 comments:

GSM မိုဘိုင်းဖုန်းကို ၁၅၀၀ ကျပ်ဖြင့် စတင် ရောင်းချမည်


မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ဇူလိုင်လ ၂၅ ရက်နေ့၌ GSM ဖုန်းလိုင်းအရေအတွက် ၂ သိန်းကို ငွေကျပ် ၁၅၀၀ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချပေးသွားမည်ဟု ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောသည်။“ဘယ်နေရာမှာ အရေအတွက် ဘယ်လောက်ဆိုတာမျိုးက ထပ်ပြီးတော့ အသေးစိတ် ကြေညာပါလိမ့်မယ်။

0 comments:

ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား


0 comments:

ဖုန်းများမှတစ်ဆင့် မြန်မာကျပ်ငွေဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်ပြီ



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် ပိုမို အဆင်ပြေစေရန် အတွက် ရည်ရွယ်၍ ပြည်တွင်းဖုန်းများမှ နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုခများကို မြန်မာကျပ်ငွေများဖြင့် စတင် ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း  သိရသည်။

0 comments:

Mouse ကိုတီထွင်ခဲ့သူ Douglas Engelbart ကွယ်လွန်

Photo
ကွန်ပျူတာသုံး mouse ကို စတင် တီထွင်ခဲ့သူများထဲမှတစ်ဦးဖြစ်ပြီး ဆန်းသစ်သည့် စိတ်ကူးဉာဏ်ရှိသူ DouglasC. Engelbart သည် အသက် ၈၈ နှစ် အရွယ်တွင်  ကယ်လီဖိုးနီးယားပြည်နယ်၊ Atherton ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်သွားကြောင်း ABC သတင်းဌာနမှ အတည်ပြု ပြောကြားခဲ့သည်။

0 comments:

အမေ့ကျောင်း - တင်မိုး

 Photo: အမေ့ကျောင်း - တင်မိုး 

နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကို သွားရမယ်။

ငွေဗျိုင်းဖြူရယ် ကျွန်တော်သွားတော့
လိုက်မှာလားကွဲ့ ပျော်လှတယ်။

သင့်မှာတောင်ဟုန် လေစုန်စီးရင်
ဒုန်းပျံကြီးထက်မြန်လိမ့်မယ်။

ဖိုးလဝါဝါ ပြူကာထွက်တော့
ကျောင်းတက်ချိန်လို့ မှတ်ရတယ်။

အမေ့ရင်ခွင် ထိုင်ခုံလုပ်လို့
ငုတ်တုတ်ကလေး ထိုင်ပါ့မယ်။

ကောင်းကင်ကြီးဟာ
ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေ ရေးရတယ်။

ကမ္ဘာမြေပုံ တိမ်တွေရှိပေါ့
အလွယ်ကြည့်ရင် သိနိုင်တယ်။

အမေ့နှုတ်သံ တအေးအေးနဲ့
ကဗျာတေးတွေ သင်ပေးတယ် ။

ကျောင်းအားချိန်မှာ အမေကျွေးလို့
ချိုချိုမွှေးကို စို့ပေါ့ကွယ် ။

ရွှေကျားရွှေယုန် ပုံပြင်ခင်းတော့
အင်း …. အင်းလိုက်ကာ နားထောင်မယ် ။

အမေ့ကြာနွယ် လက်သွယ်ပျောင်းမှာ
မျက်တောင်ညောင်းတော့ အိပ်ရောကွယ် ။

သူငယ်အိပ်ချိန် ကြက်သံညောင်းမှ
အမေ့ကျောင်းလည်း ဆင်းတော့တယ်
သွားမယ် သွားမယ် ။
နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကို သွားရမယ်။

0 comments:

ကမ္ဘာလောကကို မီးဝိုင်းရှို့နေတဲ့သူထဲ မပါစေနဲ့

Photo: “ ကမ္ဘာလောကကို မီးဝိုင်းရှို့နေတဲ့သူထဲ မပါစေနဲ့ ”
•••••••••••••••••••••••••••••••••••••••••••

“ ကမ္ဘာကိုတုန်လှုပ်စေသော လူတွေထဲမှာ
ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်တွေ
မပါဝင်ဖို့ အရေးကြီးတယ်။
လူ့လောကကြီးရဲ့လိုအပ်ချက်တွေကို ကျွန်ုပ်တို့
ဘာသာရေးခေါင်းဆောင်တွေ ၀ိုင်းဝန်းဖြည့်စွက်
ပေးနိုင်ကြဖို့ အားထုတ်ကြရမယ်။
ပူလောင်နေတဲ့ကမ္ဘာမှာ ကျွန်ုပ်တို့က မီးသတ်
သမားတွေလို - ကိလေသာမီး၊ သောကမီး၊ စစ်မီး
တွေကို ငြိမ်းသတ်နိုင်တဲ့သူများအဖြစ် ကမ္ဘာ့အရေး
မှာ ပါဝင်ကြရမယ်။ ကမ္ဘာလောကကို မီးဝိုင်း
ရှို့နေတဲ့လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ”

- သီတဂူဆရာတော် ဒေါက်တာဥာဏိဿရ

0 comments:

၂၀၁၃ ခုနှစ်အတွက် မင်္ဂလာအခါရက်များ


(မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့ မင်္ဂလာအခါပေးဗေဒင်ပြက္ခဒိန်)
၂၀၁၃ခုနှစ် ထီထိုးရန် ကောင်းသောရက်များ

0 comments:

တန်ဖိုးသိမှ တန်ဖိုးရှိတာပါ

Photo: < တန်ဖိုးသိမှ တန်ဖိုးရှိတာပါ >


ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် .....

အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့

* မူရင်းရေးသားသူကို မသိရွေ့ ယခုစာမျက်နှာမှ ဂါရ၀ပြုအပ်သည် *

♦ MC Zin Jay Shin ♦
Facebook မှာတွေ့လို့ မျှဝေပေးလိုက်တာပါ။ ဥပမာပေးထားတာ တော်တော်ကောင်းပါတယ်။ သိစေလိုတဲ့ အချက်တွေကို ထောက်ပြထားတဲ့ ပုံစံမျိုးပါ။ အတုယူသင့်တယ်လို့ ကျွန်တော်တိုက်တွန်းပါရစေ....

လင်းယံခ မြန်မာစာ
---------------------------------------------------------------------

0 comments:

လူသိများသော နည်းပညာစကားလုံးများ

Photo: ကွန်ပျူတာဆက်စပ် ဝေါဟာရ

================

သိပြီးတဲ့ သူတွေရှိသလို မသိသေးတဲ့ သူတွေအတွက် ဗဟုသုတအနေနဲ့
သိမှတ်ရသလောက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

* AVI = Audio Video Interleave
* RTS = Real Time Streaming
* SIS = Symbian OS Installer File
* AMR = Adaptive Multi-Rate Codec
* JAD = Java Application Descriptor
* JAR = Java Archive
* JAD = Java Application Descriptor
* 3GPP = 3rd Generation Partnership Project
* 3GP = 3rd Generation Project
* MP3 = MPEG player lll
* MP4 = MPEG-4 video file
* AAC = Advanced Audio Coding
* GIF = Graphic Interchangeable Format
* JPEG = Joint Photographic Expert Group
* BMP = Bitmap
* SWF = Shock Wave Flash
* WMV = Windows Media Video
* WMA = Windows Media Audio
* WAV = Waveform Audio
* PNG = Portable Network Graphics
* DOC = Document (Microsoft Corporation)
* PDF = Portable Document Format
* M3G = Mobile 3D Graphics
* M4A = MPEG-4 Audio File
* NTH = Nokia Theme (series 40)
* THM = Themes (SonyEricsson)
* MMF = Synthetic Music Mobile Application File
* NRT = Nokia Ringtone
* XMF = Extensible Music File
* WBMP = Wireless Bitmap Image
* DVX = DivX Video
* HTML = Hyper Text Markup Language
* WML = Wireless Markup Language
* CD - Compact Disk.
* DVD - Digital Versatile Disk.
* CRT - Cathode Ray Tube.
* DAT - Digital Audio Tape.
* DOS - Disk Operating System.
* GUI - Graphical User Interface.
* HTTP - Hyper Text Transfer Protocol.
* IP - Internet Protocol.
* ISP - Internet Service Provider.
* TCP - Transmission Control Protocol.
* UPS - UninterruptiblePower Supply.
* URL - Uniform Resource Locator.
* USB - Universal Serial Bus.
* VIRUS - Vital Information Resource Under Seized.
* 3G - 3rd Generation.
* GSM - Global System for Mobile Communication.
* CDMA - Code Divison Multiple Access.
* UMTS - Universal Mobile Telecommunication System.
* SIM - Subscriber Identity Module.
* HSDPA - High Speed Downlink Packet Access.
* EDGE - Enhanced Data Rate for GSM [ Global System for Mobile
               Communication] Evolution.
* VHF - Very High Frequency.
* UHF - Ultra High Frequency.
* GPRS - General Packet Radio Service.
* WAP - Wireless Application Protocol.
* TCP - Transmission Control Protocol .
* ARPANET - Advanced Research.

Khun Nay(AMMG)
အခုရေးသားပေးလိုက်တဲ့ စကားလုံးတွေကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အနက်ကိုတော့ တစ်ချို့က မသိကြပါဘူး ဒါကြောင့် ဗဟုသုတရအောင် မျှဝေပေးလိုက်ရပါတယ်ဗျာ....

  AVI = Audio Video Interleave
  RTS = Real Time Streaming
  SIS = Symbian OS Installer File
  AMR = Adaptive Multi-Rate Codec
  JAD = Java Application Descriptor

0 comments:

ဂေါ်ရခါးသီးနှင့် ကျန်းမာရေး

Photo: ဂေါ်ရခါးသီးနှင့် ကျန်းမာရေး
===============

ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ် တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။

(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်း တည်ဆောက်မှု တို့ကို အကျိုးဖြစ်ထွန်း စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာ ဂေါ်ရခါးသီးကို အလုံအလောက် စားပေးခြင်းဖြင့် မွေးဖွား လာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်း လိုသူများ အတွက် အထူးပင် သင့်လျော်ပါတယ် ။

(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာ ရောဂါများကို ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်း ပေးတာကိုတွေ့ရပါတယ် ။

(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။

(၅)ဂေါ်ရခါးသီးမှာ အမျှင်ဓါတ် ပေါကြွယ်ဝလို့ အူသိမ်၊ အူမတို့စွမ်းရည်ကို မြှင့်တင် ပေးတာကြောင့် ၀မ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါ လိမ့်မယ် ။

(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ၊ စိတ်ကျ ရောဂါဝေဒနာ များကို ကာကွယ်တားဆီးပေး ပါတယ် ။

(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်း နွမ်းနယ်မှု များကိုလည်း လျော့ပါးသက်သာစေပါတယ် ။

(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့ အတွက် မှတ်ဥာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေပါတယ် ။

(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုးကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်း မွန်စေပါတယ် ။

(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိ ဖျားရောဂါများကို ကြိုတင်ကာ ကွယ်ပေးနိုင်ပါတယ် ။

(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့ အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ် ။

(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်း သက်သာ စေနိုင်ပါတယ် ။

(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင် တာလည်းတွေ့ရပါတယ် ။

ဂေါ်ရခါးသီး သာမက ဂေါ်ရခါးရွက်၊ ဂေါ်ရခါးညွန့် တို့ဟာလည်း အလွန် ဆေးဘက် ၀င်လှပါတယ်။ ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ၊ အခြောက်ခံပြီး ဖြစ်စေ ရေနွေးကြမ်း (အခါးရည်) အဖြစ် မှန်မှန် သောက်သုံး သွားပါက သွေးတိုး ကျစေခြင်း၊ သွေးကြော မကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ကျောက်ကပ် ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကို တွေ့ရပါတယ် ။

ဒါကြောင့် ဈေးနှုန်းသက်သာ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြုပြီး ဘေးထွက် ဆိုးကျိုးလည်း ကင်းလှတဲ့ ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်း မေတ္တာပို့သ လိုက်ပါတယ်။
ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ် တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။

0 comments:

 
ဘာမှမရှိတဲ့ ငါ့ဘဝမှာ
တောင့်တခွင့်တော့ ရှိပါရဲ့...
ကဗျာတစ်ပုဒ်ကို ရေးပြီးခါမှ ပြန်ဖျက်ရအောင်
ဖတ်တာက ငါတစ်ယောက်တည်း....

0 comments:

Computer Terms တွေကို ဖုန်းထဲမှာ လေ့လာဖို့ Tech Terms apk


ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေလေ့လာဖို့အတွက် အကောင်းဆုံး ဆော့ဝဲလ်လေးပါဗျာ။ လူတွေ အလွယ်ခေါ်နေကြတဲ့ CPU,RAM, IP စတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေများစွာ ပါဝင်ပါတယ်။ အားသာချက်ကတော့ A to Z အစဉ်လိုက် စီပေးထားတာပါ။ လေ့လာလိုသူများ အောက်မှာ ဒေါင်းနိုင်ပါတယ်ဗျာ....

0 comments:

အချစ်ဗေဒင် apk

 
ကဲ.... ဘယ်သူမဆို အချစ်ဆိုတာကို စိတ်ဝင်စားကြပါတယ်။ ပုထုဇဉ်ဆိုရင်ပေါ့နော်။ အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးကလည်း အချစ်ဗေဒင် ဆော့ဝဲလ်လေးပါ။ ဘယ်လိုသုံးရသလဲဆိုတာ သိချင်ရင် အခုဘဲ ဒေါင်းပြီး သုံးကြည့်လိုက်ပါနော့.....

0 comments:

မဟာဘုတ် apk


ကဲ... ဒီဆော့ဝဲလ်လေးကလည်း ဗေဒင်ဝါသနာပါတဲ့ ဘော်ဒါတို့အတွက် တင်ပေးလိုက်ပါတယ်ဗျ။ မြန်မာ့ရိုးရာ မဟာဘုတ်ကို Android ဖုန်းထဲမှာတင် တွက်လို့ရနေပြီနော့... မိမိက အထွန်းဖွားလား၊ ဘာဖွားလဲသိချင်ရင်တော့ အခုဘဲဒေါင်းပြီး တွက်ကြည့်လိုက်ပါနော့.....

1 comments:

MM Hub မေတ္တာပို့ apk

 
ဒီ apk ကတော့ MM Hub ကထုတ်တဲ့ မေတ္တာပို့ ဆော့ဝဲလေးပါ။ မဟာစည်ဆရာတော်ကြီးရဲ့ မေတ္တာပို့ကို သံစဉ်နဲ့ စာသား ပေါင်းစပ်ပေးထားပါ။ တော်တော်လေးကို ကောင်းပါတယ်။ အောက်မှာ ဒေါင်းနိုင်ပါတယ်ဗျာ...

0 comments:

ဖေမြင့်-လူနာဆောင် အမှတ်ခြောက် (E-book)


အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ ဆရာဖေမြင့်ရဲ့ လူနာဆောင် အမှတ်ခြောက်ဆိုတဲ့ စာအုပ်လေးပါ။ တောင်းထားတဲ့သူရှိလို့ တင်ပေးလိုက်ပါတယ်။ တခြားသူတွေလည်း ဖတ်ရတာပေါ့ဗျာ...
အောက်မှာ ဒေါင်းလိုက်ကြပါနော်....

0 comments:

mm Unit Converter apk





ဒီဆော့ဝဲလ်လေးကတော့ Wikipedia မှာပါဝင်တဲ့ မြန်မာ့ရိုးရာ အတိုင်းအတာများကို Metric, Imperial တို့နဲ့ ဖော်ပြထားတဲ့ ဆော့ဝဲလ်လေးပါ။ မြန်မာတို့ရဲ့ အတိုင်းအတာကို သိရတော့ ဗဟုသုတ ရသလို အင်္ဂလိပ်အတိုင်းအတာနဲ့ သိရတော့ ပိုပြီး အဆင်ပြေတာပေါ့ဗျာ...

ဒီ apk ဖိုင်လေးကို အောက်မှာ ဒေါင်းနိုင်ပါတယ်ဗျာ...

0 comments:

၂၀၁၃-ခု၊ ဇူလိုင်လအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်
ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် အယှက်ရှိမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ ကွဲကွာနေသူများ ပြန်ဆုံခြင်း ၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။

0 comments: