ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ သီချင်း

ကျွန်တော်အနေနဲ့ သီချင်းနာမည်ကို မဖော်ပြနိုင်တဲ့အတွက် နားလည်ပေးပါ။
၆၆နှစ်မြောက် အာဇာနည်နေ့ကို အမေဒေါ်မေလှမြိုင်သီဆိုခဲ့သည့် သီချင်းဖြင့် လွမ်းဆွတ်သတိရလိုက်ပါသည်။

နှစ် လ နာရီ အခါရာသီရွေ့ပေမယ့်
အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ...
ယနေ့ဖြင့် သတိတရား ထားဖို့အခြေ
အများပြည်သူတွေ အများပြည်သူတွေ...
အာဇာနည်နေ့ကိုလေ တွေးရှုကာဘဲ
အလေးပြုပါတယ်လေ...

စနစ်အခြေ ပြောင်းခဲ့ပေမယ့်
အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ
လွမ်း... မျက်ရည် မြေခပြီမို့...
ဆွေးတသသ တွေးဆမရွှင်ပေ...
ရွှေရင်စိုကဲ.... ကြေကွဲရပုံတွေ
ယနေ့ထက်တိုင်အခြေ
သြော်... မမေ့ရက်နိုင်ပါပေ...

အာဇာနည်ခေါင်းဆောင်ကြီးတွေ
အာဇာနည်ခေါင်းဆောင်ကြီးတွေ
ကောင်းရာသုဂတိ ရောက်ရှိကြပါစေ...
တေးကဗျာအနုစာချွေ
ရေးကာအလျင်းပြု
အလေးပြုပါတယ်လေ....။

Download this Song:
July 19 mp3 Download

အားလုံးကို ခင်မင်လေးစားလျက်...
လင်းယံခ မြန်မာစာ

0 comments: