Frozen Keyboard ကို Version Out of date ကြုံနေသူများ ဖြေရှင်းနည်း



ကဲ... ကျွန်တော်လည်း မရေးဖြစ်တာ ကြာပြီဗျာ...
အခုတော့ ရေးရတော့မယ်။ ဘာလို့လည်း ဆိုတော့ ကိုသီဟအေးကျော် ဖန်တီးထားတဲ့ Frozen Keyboard Pro 0.6.0 (NyaungYan) ရဲ့ Expire day က Aungust 30 နေ့ ဖြစ်ပါတယ်။ ဒီတော့ အခု သူငယ်ချင်းတွေအားလုံး ကြုံနေရတဲ့ ပြဿနာက This Version is out of date, Please update:) ဆိုတာနဲ့ ကြုံနေကြပါတယ်။
ဒီတော့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ကျွန်တော်လေ့လာမိသလောက် တင်ပြပေးလိုက်ပါတယ်ဗျာ...

Frozen Keyboard ကိုမှ သုံးချင်သူများ ခင်ဗျာ...
တစ်ချို့ဖုန်းတွေမှာတော့ ကိုသီဟအေးကျော်တို့ ဖန်တီးတဲ့ Frozen Keyboard Pro 0.5.3 (Toungoo) ကို အသုံးပြုလို့ရတာကို တွေ့ရတယ်ဗျ...
စမ်းကြည့်လိုက်ပါ။ အကယ်၍ အဲဒီမှာလည်း ပြဿနာတွေ့နေရင်တော့ ဟိုးအရင်က သုံးခဲ့ဖူးတဲ့ Frozen Keyboard 1.1.3 ကို အသုံးပြုရင်တော့ လုံးဝကို အဆင်ပြေတာကို တွေ့ရပါတယ်ဗျာ...

ဒီတော့ ပြဿနာကို စ ဖြေရှင်းဖို့အတွက် အရင်သွင်းထားတဲ့ Pro 0.6.0 ကို Uninstall လုပ်ဖို့ လိုပါတယ်။ Uninstall ကို မလုပ်တတ်သူများကတော့ ကျွန်တော် အောက်မှာ ဖော်ပြထားတဲ့အတိုင်း

အဆင့်ဆင့်ဝင်ပြီး လုပ်ဆောင်လိုက်ရင် ရပါတယ်။ လုပ်တတ်သူများကတော့ uninstall လုပ်လိုက်ပြီးတော့ အခုကျွန်တော်တင်ပေးထားတဲ့အထဲက တစ်ခုခုကို ပြန်သွင်းပြီးတော့ အသုံးပြုကြည့်လိုက်ပါခင်ဗျာ....
Uninstall လုပ်ဖို့အတွက် Huawei ဖုန်းတွေမှာဆိုရင် Setting ထဲကို ဝင်လိုက်ပါ။ Apps ဆိုတာလေးကို ရှာလိုက်ပါ။ တွေ့ရင်တော့ အဲဒီအပေါ်လေးကို နှိပ်ပြီး ဝင်လိုက်ပါ။ အပေါ်နားလေးမှာ DOWNLOADED တို့ ON SD CARD တို့ RUNNING စတာတွေကို တွေ့ပါလိမ့်မယ်။ အဲဒီအောက်တွေမှာ မိမိစက်မှာသွင်းထားတဲ့ apk တွေလည်း တန်းစီပေါ်နေတာကို တွေ့ပါလိမ့်မယ်။ အဲဒီ အထဲကမှ Frozen Zawgyi Keyboard Pro ကို ရှာလိုက်ပါ။ တချက်နှိပ်လိုက်ရင် Uninstall ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီ Uninstall ကို တစ်ချက်နှိပ်လိုက်ရင် box တစ်ခုကျလာပါလိမ့်မယ်။ OK ကိုသာနှိပ်လိုက်ပါ။ Uninstalling လုပ်နေတာကို တွေ့ပါလိမ့်မယ်။ ပြီးရင်တော့ OK ကိုနှိပ်လိုက်ရင် ရပါပြီဗျာ...

Samsung ဖုန်းတွေမှာတော့ Setting > Applications > Downloaded > Frozen Zawgyi Keyboard Pro ကို uninstall လုပ်လိုက်ပါ။ ပြီးရင်တော့ OK ကိုနှိပ်လိုက်ရင် ရပါပြီဗျာ...

ကဲ... Uninstall လုပ်ပြီးရင်တော့ အောက်မှာ ပေးထားတဲ့အထဲက တစ်ခုကို ဒေါင်းပြီး install လုပ်လိုက်ပါ။ install လုပ်ပြီးရင်တော့ အောက်ကအတိုင်း လုပ်ပေးဖို့ လိုပါသေးတယ်။

ဒါမှမဟုတ်ရင်တော့ ရိုက်လို့ရမှာ မဟုတ်သေးဘူးဗျ...

Setting အောက်က Language & input ကိုရှာပါ။ ပြီးရင် FrozenKeyboard ဘေးမှာ အမှန်ခြစ်လိုက်ပါ။ ပြီးရင် အဲဒီ အပေါ်နားလေးမှာ Input methods ဆိုတာ ရှိပါတယ်။ တစ်ချို့မှာ Default လို့ပေါ်တယ်ဗျ။ အဲအပေါ်ကို တစ်ချက်ထိလိုက်ပါ။ box တစ်ခု ကျလာရင် FrozenKeyboard လေးက စက်ဝိုင်းကလေးကို ထိလိုက်ရင် ရပါပြီ။
ပြီးရင်တော့ note ထဲမှာ ဖြစ်ဖြစ် ဝင်ရေးကြည့်လိုက်ပါ။ အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်ဗျာ...

ကျွန်တော် စမ်းကြည့်ရသလောက်ကတော့ ဖုန်းတော်တော်များများမှာ Frozen Keyboard Pro 0.5.3 (Toungoo) ကို သုံးလို့ရတာကို တွေ့ရပါတယ်။ သုံးလို့မရရင်တော့ Frozen Keyboard 1.1.3 ကို သုံးကြည့်လိုက်ပါဗျာ... ကိုသီဟအေးကျော်တို့ဆီက Update ထွက်လာရင်တော့ ပြန်ပြောင်းကြတာပေါ့ဗျာ...
တစ်ချို့တွေကတော့ Bagan Keyboard တို့ ဘာတို့ကို ပြောင်းသုံးကြတာကို တွေ့ရပါတယ်။ အခုဟာလေးကတော့ Frozen ကိုမှ အသည်းစွဲဖြစ်နေသူများ အဆင်ပြေစေဖို့အတွက်ပါဗျာ...
လိုအပ်တာရှိရင် နားလည်ပေးကြပါဗျာ...

Frozen Keybaord Pro 0.5.3 (Toungoo) (761 KB)ဒေါင်းရန်
http://www.mediafire.com/?vi93ay3ofopl29u

အပေါ်ကဟာနဲ့မှ အဆင်မပြေရင် အောက်ကဟာလေးကို သုံးကြည့်ပါ။

Frozen Keyboard 1.1.3  (275 KB) ဒေါင်းရန်
http://www.mediafire.com/?cwj6jgsv0v5x4fv

အားလုံး အဆင်ပြေကြပါစေ...

လင်းယံခ (မြန်မာစာ)

0 comments: