4G စနစ်ကို မကြာမီ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်တော့မည်

နိုင်ငံအနည်းငယ်သာ အသုံးပြုနိုင်သေးသော မိုလ်ဘိုင်းဖုန်း ဆက်သွယ်ရေးစနစ် 4 Generation (4G) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းမမည့် ပြိုင်ပွဲမတိုင်မီ  အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်း မိုလ်ဘိုင်းဖုန်း အသုံးပြုသူကို လုံးသည် (3G) စနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးမပြုနိုင်သေးသော်လည်း (4G) စနစ်အား မကြာမီတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


"လက်ရှိမှာ 4G စနစ်များကို မိုလ်ဘိုင်းဖုန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ငွေဆောင် ကမ်းခြေတွေမှာ ရေဒီယိုစခန်းတွေ တည်ဆောက်နေတာ ၅၀ % ပြီးသွားပါပြီ" ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူက ဆိုသည်။

4 Generation (4G) မိုလ်ဘိုင်းဖုန်း ဆက်သွယ်ရေး စနစ်သည် နိုင်ငံတကာတွင် ဆက်သွယ်ရေး နောက်ဆုံးပေါ် နည်းပညာတစ်ခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၌ ၎င်းစနစ် အသုံးပြုပါကလည်း နောက်ဆုံးပေါ် ဖုန်းအမျိုးအစားများကို ဈေးကြီးကြီးဖြင့် ပေးဝယ်ထားသော သူများသာ အဆိုပါ စနစ်ကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း လေ့လာသိရှိရသည်။

မြန်မာနိုင်ငံ၌ (4G) စနစ်ကို အသုံးပြုနိုင်ရန်အတွက် 1500 တန် CDMA 800 MHz Sim Card များအား ရောင်းချပေးနေသည့် MEC (Myanmar Economic Corperation) နှင့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan Internation Corperation Agency) Jica တို့ ထောက်ပံ့ကူညီမှုဖြင့် တပ်ဆင်ခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောသည်။

"4G စနစ်က Data ပိုင်းပဲ လုပ်တာပါ။ ကဒ်အသစ်လည်း ထပ်မလုပ်တော့ပါဘူး။ ဒီစနစ်ကတော့ 4G စနစ်ကို လက်ခံမဲ့ ဟန်းဆက်တွေ အကုန်လုံးသာ အသုံးပြုနိုင်မှာပါ" ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

GSM 2.7, CDMA 800 MHz 2.7, CDMA 450 MHz 2.7, WCDMA 3G များကိုသာ လက်ရှိ မြန်မာနိုင်ငံအတွင်းတွင် အသုံးပြုနေကြပြီး 4G စနစ်အား အသုံးပြုနိုင်ရန်အတွက် 4G ရေဒီယိုစခန်းများ ရန်ကုန်မြို့တွင် ၁၇ ခု၊ ငွေဆောင်တွင် ၁ ခု၊ နေပြည်တော်တွင် ၂၈ ခု၊ မန္တလေးတွင် ၄ ခု တပ်ဆင်ထားကြောင်း သိရသည်။

ဖြိုးအောင်

0 comments: