Android 5.0 key Lime Pie မှာ မြင်တွေ့ရမယ့် Features ၁၀ မျိုး

Photo
Android 5.0 ဆိုတာကတော့ စမတ်ဖုန်းလောကအတွက် အလွန် နာမည်ကြီးလာတဲ့ Google ကနေပြီး စမက်ဖုန်းတွေအတွက် ထုတ်မယ့် နောက်ထပ် Operating System တစ်ခုဖြစ်သည်။  ဒါကို လာမယ့် အောက်တိုဘာလ မကုန်ခင် ထုတ်ပေးသွားမယ်လို့ ဆိုသည်။ လောလောဆယ်တော့ နာမည်ကို အတိအကျ သဘောမျိုး ထုတ်ပြန်ထားခြင်းမဟုတ်ပဲ developer တွေကတော့ Android Key Lime Pie (KLP) လို့တော့ ခေါ်ဆိုနေကြသည်။
အဲဒီမှာ ပိုပြီး ထူးခြားကောင်းမွန်တဲ့ Features တွေအပြင် စွမ်းဆောင်ရည် ပိုင်းတွေကိုလည်း ပိုမိုကောင်းမွန် စေမယ်လို့ ဆိုသည်။ Google ကနေ အစီအစဉ် ရေးဆွဲထားပြီး နောက်ဆုံး အသစ်ထွက်လာမယ့် မိုဘိုင်း Operating System ကို လာမည့် အောက်တိုဘာမှာ Android ရဲ့ ၁၅ နှစ်ပြည့် မွေးနေ့အဖြစ် ထုတ်မယ်လို့ သတင်းထွက်နေပြီး အဲဒီမှာပဲ တစ်ပြိုင်နက်တည်းမှာတင် Motorola X စမတ်ဖုန်းကိုလည်း ထုတ်လုပ်သွားဖွယ် ရှိနေသည်။ ယခု ဖော်ပြမယ့် Google ရဲ့ Android 5.0 မှာပါဝင်လာမယ့် Features 10 မျိုးကို ခန့်မှန်းကြည့်ကြရအောင်။ သေချာတော့ မဟုတ်ပေမယ့် ပါဝင်လာဖို့တော့ များတယ်လို့ ဆိုသည်။

1. Visual Voicemail

အဲဒီ apps တစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် US မှာပဲ ထောက်ပံ့ပေးနိုင်ပြီး UK မှာလည်း အသုံးပြုနိုင်ဖွယ် ရှိနေသည်။ အသံကို အသုံးပြုပြီး mail ပို့ထားလို့ရတဲ့ ဝန်ဆောင်မှုတစ်မျိုး ဖြစ်လာဖွယ်ရှိပြီး မိုဘိုင်းဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ voice SMS စနစ်မျိုးနှင့် အသွင်တူသည်။ Google နဲ့ သူ့ရဲ့ OEM partner တွေကတော့ ဒီစနစ်ကို သူတို့ရဲ့ Carrier တွေမှာ အသုံးပြုနိုင်ဖို့အတွက် စတင်ကြိုးစားနေကြပြီး UK မှာ စတင်လုပ်ဆောင်မယ်လို့ ဆိုသည်။ အဲဒီ ဝန်ဆောင်မှုဟာ တကယ်ကို အသုံးဝင်လာမှာ ဖြစ်ပြီး အရေးတကြီး တွေ့ဆုံဖို့ လိုအပ်လာတဲ့ အခါမျိုးမှာ အသံစနစ်ဖြင့် အားချင်းလက်ခံရရှိနိုင်တဲ့ အတွက် ဖြစ်သည်။

2. Google Now

ဒီဝန်ဆောင်မှုကို Android Jelly Bean 4.1 မှာ ပါဝင်ခဲ့တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ဒါပေမယ့် အမေရိကမှာတော့ အသုံးမပြုနိုင်ပဲ ကန့်သတ်ထားခြင်း ခံခဲ့ရသည်။ ယူကေမှာတော့ အဓိကထား အသုံးပြုတဲ့ စနစ်တစ်ခုဖြစ်လာပြီး သင့်ကို အမြဲတမ်း သတိပေးနိုင်မှာ ဖြစ်သည်။ ဥပမာ သင့်အနေဖြင့် အိမ်နဲ့အဝေးတစ်နေရာကို ရောက်နေတဲ့အချိန်မှာ အိမ်ကို ဘယ်လိုပြန်ရင် ဘယ်လောက်ကြာမလဲ ဆိုတာမျိုးကို အပြင် မိမိလက်ရှိ ရောက်နေတဲ့ နေရာကိုပါ အတိအကျ သိနိုင်သည်။ အခု အသစ်ထွက်လာမယ့် နေရာမှာတော့ အခြားသူတွေနဲ့ ချိတ်ဆက်ပြီး အမေရိကပြင်ပမှာ အသုံးဝင်လာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်မိသည်။

3. OEM တွေရဲ့ စိတ်ကြိုက် ထည့်သွင်းကြမည့် skin များ

Android 5.0 KLP ဟာ Google က အသစ်ထုတ်မယ့် Nexus အသစ်မှာ တစ်ပါတည်း ပါဝင်လာမယ်လို့ မျှော်လင့်ရသည်။ ဥပမာအားဖြင့် Nexus 5 လိုမျိုးဖြစ်သည်။ အဲဒီဖုန်းမှာသာ အဓိက မြင်တွေ့ရဖွယ်ရှိပြီး အခြား OEM တွေဖြစ်တဲ့ Samsung, LG, HTC တို့ကတော့ သူတို့စိတ်ကြိုက် skin တွေကို ထည့်သွင်း အသုံးပြုကြမယ်လို့ ထင်သည်။ ဆိုလိုတာကတော့ အခြား OEM တွေ အနေနဲ့ သူတို့စိတ်ကြိုက် skin တွေကိုလည်း အသုံးပြုနိုင်အောင် Android 5.0 ရဲ့ မူလ skin ကိုလည်း အသုံးပြုနိုင်အောင် ဖုန်းကို Root လုပ်စရာမလိုပဲ အသုံးပြုသူ စိတ်ကြိုက် skin ကို ပြောင်းလဲ အသုံးပြုနိုင်ဖွယ်ရာ ဖြစ်သည်။ ဒါပေမယ့်လည်း အဲဒါဟာ အမှန်တကယ် ဖြစ်ဖို့ကတော့ လိုသည်။ ဘာကြောင့်လဲဆိုတော့ HTC တို့ Samsung တို့က ထုတ်လုပ်တဲ့ သူတို့ရဲ့ ကိုယ်ပိုင် Features တွေဟာ သူတို့ရဲ့ skin တွေပေါ်မှာပဲ အလုပ်လုပ်ဆောင်ကြတဲ့ အတွက် ဖြစ်သည်။ ဒါကြောင့် ဒါတွေကို အသုံးပြုသူတွေက disable မလုပ်နိုင်ပါဘူး။ Google အနေနဲ့ကတော့ အဲလိုမျိုးလုပ်တာကို သိပ်ပြီး အကြိုက်တွေ့ပုံ မပေါ်ပါဘူး။

4. ကလေးလူကြီး အသုံးပြုနိုင်မယ့် စံစနစ်တစ်ခု

Kids Corner ဆိုတာကတော့ အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပြီး မိုက်ကရိုဆော့ဖ်က Windows Phone 8 OS မှာ မိတ်ဆက်ခဲ့သည်။ မိုဘိုင်း OS ထဲမှာ Sandbox လိုမျိုး build-in ပါဝင်လာသည်။ အဲဒါတွေက ကလေးတွေအတွက် email လိုမျိုး၊ ကလေးတွေ ကစားတဲ့ ဂိမ်းလိုမျိုးတွေကို ထိန်းချုပ်ထားနိုင်သည်။ အဲဒါမျိုးတွေကို Google မှာ အလားတူ Features လိုမျိုး မြင်တွေ့လာရဖို့ မြင်သည်။ Blackberry Z10 မှာ အဲလိုမျိုး အလားတူ features ပါဝင်လာပြီး IT admin ကနေ business နဲ့ personal data တွေကို ခွဲခြားထားနိုင်သည်။ ဆိုလိုတာက ဝန်ထမ်းတွေဟာ မိမိတို့နဲ့ မဆိုင်တဲ့ အချက်အလက်တွေကို အခြားတစ်နေရာကို ကူးယူခြင်း မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် အသုံးပြုသူဟာ မိမိအဖွဲ့အစည်း အတွင်းကနေ ပြင်ပကို ထွက်ခွာတဲ့အခါမှာ စီးပွားရေးဆိုင်ရာများနှင့် သက်ဆိုင်တာမျိုးကို သယ်ဆောင်သွားနိုင်ခြင်း မလုပ်နိုင်တော့ပါဘူး။ Samsung ကတော့ အဲလိုမျိုး နည်းပညာတစ်ခုဖြစ်တဲ့ Know လို သိထားတဲ့ လုံခြုံရေးဦးစားပေး Android ဖုန်းကို စီးပွားရေးနယ်ပယ်များ အတွက် ထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆိုသည်။ သူရဲ့ အဓိက ဦးစားပေးကတော့ blackberry နဲ့ function ပိုင်းဆိုင်ရာမှာ ချိန်ညှိနိုင်ဖို့ဟု ဆိုသည်။

5. Find My Droid

ဒီစနစ်ကတော့ Android ဖုန်းမှာ ပါဝင်တဲ့ ရိုးစင်းတဲ့ Feature တစ်ခုဖြစ်သည်။ ဒါပေမယ့် တကယ်တမ်းတော့ ရုပ်ဝတ္တုပိုင်းဆိုင်ရာများ ဖြစ်သည်။ အဲဒါက မြေပုံပေါ်မှာ အခြေခံခြင်း၊ GPS စနစ်ပါသော ဟန်းဆက်များတွင်ပါ အသုံးပြုနိုင်မှာဖြစ်ပြီး map အသုံးပြုနိုင်သော၊ GPS စနစ် အသုံးပြုနိုင်သော ဟန်းဆက်တွေမှာ အသုံးပြုနိုင်ပြီး Android ရဲ့ အသဲနှလုံးဖြစ်ကာ Google ကနေ တစ်ပါတည်း ထည့်သွင်းပေးထားသည်။ အခြား apps များကို အသုံးပြုနိုင်သည့် စနစ်များလည်း ရှိသေးသည်။

6. အသွားအပြန် Message စနစ်

အဲဒီစနစ်က ထူးခြားသလိုမျိုး မထင်သော်လည်း အဲဒီလိုမျိုး ဝန်ဆောင်မှုကို ကမ္ဘာပေါ်မှာ လူပေါင်းများစွာ အသုံးပြုနေကြသည်။ အဲလိုမျိုး ဝန်ဆောင်မှုက ဘာနဲ့တူလဲဆိုတော့ Whatsapp လိုမျိုး apps တွေဟာ အတော်လေး ကောင်းမွန်ပြီး မည်သည့် platform မှာမဆို အသုံးပြုနိုင်ဖို့ ဖြစ်သည်။ အဲဒီလိုမျိုး Google ကနေပြီး Babel ဆိုတဲ့ ဝန်ဆောင်မှုကို စတင်ဖို့ရှိပြီး Android စမက်ဖုန်းကနေ တက်ဘလက်ထိကို ဖြတ်ပြီး massage တွေ ပေးပို့နိုင်မှာ ဖြစ်သည်။ ထိုထက် အခြားသော လူသိများတဲ့ Platform များဖြစ်တဲ့၊ iOS လိုမျိုးတွေမှာ အသုံးပြုနိုင်ဖို့ ဖြစ်သည်။ Google ရဲ့ Babel မှာ ပါဝင်လာမယ့် features တွေကတော့ စမက်ဖုန်းကဖြစ်စေ၊ တက်ဘလက်ကဖြစ်စေ၊ ပီစီကနေဖြစ်စေ ပေးပို့နိုင်မှာ ဖြစ်သည်။ ထိုအတူ ဓါတ်ပုံများကိုလည်း ပေးပို့နိုင်သလို device တစ်ခုကနေ တစ်ခုကိုဖြတ်ပြီး အသုံးပြုနိုင်မှာ ဖြစ်သည်။

7. Offlinemap နှင့် ပိုပြီးကောင်းမွန်သည့် Location settings

Offlinemap ကတော့ ရနေတာကြာပါပြီ။ Android မှာလိုပဲ Nokia မှာလဲ အသုံးပြုနိုင်ပါသည်။ သို့သော်လည်း Google ကနေ ပေးထားတဲ့ Offlinemap ကတော့ အနည်းငယ်သာဖြစ်ပြီး မိမိလိုချင်သည့် အတိုင်းအတာအထိ Offlinemap အဖြစ် ရယူနိုင်ခြင်း မရှိပါဘူး။ တကယ်လို့ အသုံးပြုမယ်ဆိုရင်လည်း ဘက်ထရီ အသုံးပြုမှု များလှသည်။ အဲဒီလိုမျိုး ပါဝင်လာသော်လည်း Privacy ပိုင်းနှင့် ပတ်သက်ပြီးတော့ သိပ်ပြီး ခိုင်မာမှုမရှိပါဘူး။ ဒါပေမယ့် GPS လိုမျိုး Location service မျိုးတွေကိုတော့ မိမိစိတ်ကြိုက် ပိတ်နိုင်ဖွင့်နိုင်ဖို့ အတွက် စီစဉ်ထားသည်။ ထို့အတူပဲ iOS မှာလဲ အဲလိုမျိုး location service ကို ပိတ်နိုင်ဖွင့်နိုင်တဲ့ စနစ်ပါရှိသည်။ ယခု အသစ်ထွက်လာမယ့် Android မှာတော့ အဲဒီလိုမျိုး ပိုမိုကောင်းမွန်တဲ့ စနစ်များပါရှိလာမယ်လို့ ဆိုသည်။ ထို့အတူပဲ အသုံးပြုသူများအတွက် ဘက်ထရီစနစ်ကို ပိုမိုအားခံနိုင်အောင် ပြုလုပ်ထားသည်။

8. ဘက်ထရီသက်တမ်းနှင့် စွမ်းဆောင်ရည်ပိုင်း

Google ဟာ သူရဲ့ Android framework အတွက် Linux 3.8 kernel ကို အဆင့်မြှင့်တင်တော့မယ်လို့ လေသံတွေ စပစ်နေသည်။ ဒါဟာ သာမန် အသုံးပြုသူတွေအတွက် ဘာကို ဆိုလိုလဲဆိုတာ မရှင်းပါဘူး။ အတိုချုပ်ရမယ်ဆိုရင် အဲလို အဆင့်မြှင့်လိုက်တဲ့အတွက် အနည်းဆုံး လိုအပ်တဲ့ memory ကို ရရှိစေနိုင်သည်။ ဒါကြောင့် device တွေအားလုံးဟာ အနည်းဆုံး RAM ပမာဏဖြင့် အသုံးပြုနိုင်တော့မှာဖြစ်ပြီး အဲဒီရဲ့ အဓိကအချက်ကတော့ ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံနိုင်မည် ဖြစ်သည်။ ထိုအတွက် စွမ်းဆောင်ရည်ပိုင်းတွေကို ပိုမိုတိုးတက် ကောင်းမွန်လာစေနိုင်မှာ ဖြစ်သည်။

9. Multitasking ကို ပိုမိုလုပ်ဆောင်နိုင်

Android ဟာ Mobile Computing စနစ်ကို ဦးတည်နေပြီး multitasking စနစ်မှာ ပိုမိုလုပ်ဆောင်နိုင်တော့မှာ ဖြစ်သည်။ အသုံးပြုသူတွေဟာ Multiple apps တွေကို တစ်ပြိုင်နက်တည်းမှာပဲ အသုံးပြုနိုင်လာမှာ ဖြစ်သည်။ ဥပမာအနေဖြင့် Galaxy S4 မှာ တစ်ပြိုင်နက် အတွင်းမှာပဲ apps နှစ်မျိုးကို အသုံးပြုနိုင်ပါသည်။ အဲဒါကတော့ ဗီဒီယိုကြည့်ရင်းကနေ အီးမေးလ်ပို့တာ အင်တာနက်သုံးတာအပြင် အခြားလုပ်ဆောင်ချက်တွေကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။ နောက်ဆုံး Google ကနေလည်း အဆင့်မြှင့်ဆုံး နည်းပညာတွေဟာ အဆင့်မြှင့် စမတ်ဖုန်းတွေအတွက် အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့ အကောင်းဆုံး features တွေကို အသုံးပြုနိုင်လာတော့မှာ ဖြစ်သည်။

10. ပြီးပြည့်စုံစေမည့် backup စနစ်

Android မှာ Cloud backup စနစ် ပါဝင်ပါသည်။ သို့သော်လည်း ယခုစနစ်ကတော့ အလိုအလျောက် စနစ်ဖြင့် contact တွေ apps တွေကို Gmail အကောင့်ကနေ တစ်ဆင့် အလိုအလျောက် backup စနစ် ပြုလုပ်နိုင်မည်။ အဲဒီ features ဟာ android ဟန်းဆက်တိုင်းအတွက် ပါဝင်လာမှာ ဖြစ်သည်။ ထိုအတွက် အသုံးပြုသူများ အနေဖြင့် ဟန်းဆက်တစ်လုံးကနေ အခြားတစ်လုံးကို ပြောင်းချင်တဲ့အခါ ဓါတ်ပုံတွေ၊ သီချင်းတွေ၊ SMS တွေ အခြားအရာတွေကို စိတ်ကြိုက် ပြောင်းလဲနိုင်မှာ ဖြစ်သည်။ Apple ကတော့ သူ့မှာ Cloud Backup service ရှိပြီးသားဖြစ်သည်။ တကယ်လို့ သင့်ဖုန်းကို အဆင့်မြှင့်လိုက်တဲ့ အချိန်မှာ အဲဒီ ဝန်ဆောင်မှုကို ရရှိနိုင်သည်။ အဲလိုမျိုး ဝန်ဆောင်မှုများကို Android 5.0 မှာလည်း ပါဝင်လာဖို့ မျှော်လင့်မိသည်။

မိုးဆက်ကို

0 comments: