ချစ်​ခြင်းရဲ့ လက်​တစ်​စုံ

ငါ မြဲမြဲဆုပ်​ကိုင်​ထားချင်​တယ်
နင့်​ရဲ့ လက်​ဖဝါးနုနု​လေးကို​ပေါ့
ပြီးရင်
ဟိုး အ​ဝေးကေ​တာင်​တန်း​တွေဆီ
ဟိုး အ​ဝေးက ပင်​လယ်​ပြာပြာဆီ
ဟိုး အ​ဝေးက အိမ်​ငယ်​​လေးတစ်​ခုဆီ
တို့နှစ်​​ယောက်​ လက်​တွဲမဖြုတ်​စတမ်း
လှမ်းသွားကြမယ်
တစ်​ခြားဘာမှ မလိုအပ်​ပါဘူး
လိုအပ်​တာက တစ်​ခုတည်းပါ
နင်​နဲ့ငါ နှစ်​​ယောက်​ကြားမှာ
နှလုံးသားတစ်​စုံဟာ
နွေး​ထွေး​နေဖို့ပါ...

လင်းယံခ

0 comments: