သင်အကြိုက်ဆုံးနှုတ်ခမ်းနီက ပြောသော သင့်ကိုယ်ရည်ကိုယ်သွေး

Photo
သင့်နှုတ်ခမ်းနီ ကိုဘယ်လိုအလှဆင်လေ့ရှိပါသလဲ။ တလက်လက်တောက်ပနေတဲ့နှုတ်ခမ်းဆိုးဆေးအဆီ(Lip Gloss)လား၊ဒါမှမဟုတ် တစ်နေ့လုံးခံတဲ့ Lip Stain လား၊ဒါမှမဟုတ် သဘာဝနှုတ်ခမ်းအဆီ ( Lip Balm)လား၊ ဒါမှမဟုတ် နှုတ်ခမ်းကိုဘာအရောင်မှ ခြယ်သလေ့မရှိဘူးလား။.......
သင့်ရွေးချယ်မှုပေါ်မူတည်ပြီး သင့်ကိုယ်ရည်ကိုယ်သွေးကို သိနိုင်ပါတယ်။

သင်က Lip Gloss ကြိုက်သူဖြစ်ပါက မိန်းမဆန်ဆန် တောက်ပသူပါ။
တောက်ပတဲ့နှုတ်ခမ်းအရော်ကြိုက်လို့ပဲဖြစ်ဖြစ် ရွဲစိုနေတဲ့နှုတ်ခမ်းနီအရောင် ကိုကြိုက်လို့ပဲဖြစ်ဖြစ် Lip Gloss ဆိုးထားတဲ့သင့်နှုတ်ခမ်းဟာငယ်ရွယ်နုပျိုတဲ့အလှကိုထင်းဟပ်စေပြီးဘ၀အတွက် ချစ်ခြင်းမေတ္တာနဲ့ရွင်မြူးတတ်ကြွနေတတ်ပါတယ်။ ချစ်စရာကောင်းပြီး မိန်းမဆန်တဲ့အတွက် သင်ဟာ ပန်းရောင်အဖျော့၊တောက်ပတဲ့နေရောင်ခြည်အေ၇ာင် နှုတ်ခမ်းနီကို ဆိုးထားရင် ချိုမြိန်တဲ့သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ လိုက်ဖက်မှုရှိလွန်းလှပါတယ်။သင့်ဘ၀ဟာလည်း တောက်ပတဲ့နွေပန်းချီကားတစ်ချပ်လို လန်းဆန်းနေတတ်ပါတယ်။

သင်က Lip Stain ကြိုက်သူဖြစ်ပါက ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်သူပါ။
သင့်နှုတ်ခမ်းပေါ်မှာလိုအပ်တဲ့ နေရာကိုပဲ ရွေးချယ်ပြီး နှုတ်ခမ်းနီဆိုးတတ်တဲ့အတွက် သင်က အလွန်တိကျပြတ်သားပါတယ်။ Lip Stain အမျိုးအစား နှုတ်ခမ်းဆိုးဆေးကိုကြိုက်နှစ်သက်တဲ့သင်ဟာ အချိန်တိုင်း အလုပ်ကိစ္စမှန်သမျှ အပြစ်ကင်းစင်အောင်ဆောင်ရွက်တတ်သူလည်းဖြစ်ပါတယ်။ အေးဆေးတည်ငြိမ်တဲ့သင့်လက်တွေနဲ့ Lip Stain ဆိုးတဲ့အခါတိုင်း သင့်ရဲ့အေးဆေးတည်ငြိမ်နေဟန်က အောင်မြင်မှုလှေကားထစ်တက်လှမ်းနိုင်မယ့်နည်းသစ်ကို ချည်းကပ်နေရာရောက်ပါတယ်။

သင်က Lip Balm ကြိုက်သူဖြစ်ပါက ဖန်တီးတတ်တဲ့ အနုပညာရှင်ပါ။
ကြည်လင်နေတဲ့ Lip Balm အရောင်၊သဘာဝနှုတ်ခမ်းအဆီစတာတွေကို ကြိုက်တဲ့သင်ဟာဟန်ဆောင်မှုကင်းသူပါ။လက်တွေ့ကျပြီး ဖန်တီးတတ်တဲ့ အရည်အချင်းလည်းရှိတာကြောင့် သင့်လက်တွေကိုသုံးပြီးလုပ်ဆောင်ရတဲ့ ပန်းချီဆွဲတာ၊စာရေးတာမှာ ထူးချွန်တတ်ပါတယ်။အပြင်ထွက်ရတာကိုသ ဘောကျတဲ့အတွက် အိမ်မွေးတိရစ္ဆာန်နဲ့အတူလမ်းလျှောက်ထွက်ပေးပါ။
ဥယျာဉ်ထဲမှာ ပန်းပင်စိုက်ပျိုးပါ။Lip Balm ကိုတော့ နေရောင်ကာနိုင်စွမ်းပါတဲ့ အမျိုးအစားသုံးဖို့လိုပါတယ်။

သင်က Lipstick ကြိုက်သူဖြစ်ပါက စွယ်စုံရ အနုပညာအရည်အသွေးရှိသူပါ။
အရှေးကတည်းက သုံးခဲ့တဲ့နှုတ်ခမ်းဆိုးဆေး အမျိုးအစားကို သုံးတာကြောင့် သင်ဟာရိုးစင်းပြီးအဆင့်အတန်းရှိသူပါ။စမတ်ကျပြီးခောတ်ဆန်တဲ့အသွင်အပြင်ရှိကာ ခေါင်းဆောင်တစ်ဦးရဲ့အရည်အချင်းတွေလည်းရှိပါတယ်။Lipstick ကိုသုံးပြီး ပေါ့ပေါ့ပါးပါး နေ့ရက်တွေမှာ ခပ်ပါးပါးဆိုးတာ၊ပိုတောက်ပချင်တဲ့နေ့တွေမှာ နှစ်ထပ်ဆိုးတာတွေဟာ သင့်မျက်နှာကိုကြည့်အကောင်းဆုံးဖြစ်စေပြီးတင့်တယ်စေပါတယ်။

သင်ကနှုတ်ခမ်းကိုသဘာဝအတိုင်းသဘောကျပါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူပါ။
သဘာဝနှုတ်ခမ်းအရောင်အတိုင်းသဘောကျပြီး ဘယ်နှုတ်ခမ်းနီအမျိုးအစား ကိုမှရွေးချယ်လေ့မရှိဘူးဆိုရင် သင်ကကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူပါ။
အေးမြပြီးကြည်လင်တဲ့အသွင်အပြင်နဲ့အမြဲသက်သောင့်သက်သာ ရှိနေတတ်ပါတယ်။သင့်အနေနဲ့ လေထီးခုန်ရတာကနေ ယောဂကျင့်ရတာအထိ စွန့်စားတတ်တဲ့အတွေ့အကြုံတွေကို လိုလားတတ်ပြီး သမိုင်းဝင်နေရာတွေကို သွားရောက်လည်ပတ်ချင်စိတ်ရှိသူပါ။

ကြယ်စင်
By- Good Health

0 comments: