ဘက်ထရီ ကြာကြာခံအောင် ဘယ်လိုလုပ်မလဲ



Photo
iDevice သုံးတဲ့သူတွေဆီက အမြဲလိုလို ကြားနေရတဲ့ ပြဿနာတစ်ခုကတော့ ဘက်ထရီ ကုန်တာ မြန်တယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။  ဒီကိစ္စကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဖုန်းဝယ်တဲ့ အခါမှာ ဘက်ထရီရဲ့ ပမာဏကို အဓိက ကြည့်ပြီး ဝယ်သင့်ပါတယ်။ ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် ဝယ်မယ့် ဖုန်းရဲ့ အသေးစိတ် ဖော်ပြချက်ကို အင်တာနက်ပေါ်ကနေ ရှာဖွေသင့်ပါတယ်။ ဒီလို ရှာဖွေပြီး ဘက်ထရီ ပမာဏနဲ့ Processor အမြန်နှုန်းတွေကို အတတ်နိုင်ဆုံး လေ့လာထားသင့်ပါတယ်။
Processor အမြန်နှုန်း မြင့်ပြီး ဘက်ထရီ ပမာဏက နည်းနေမယ်ဆိုရင် Processor ကို အမြန်နှုန်း အမြင့်ဆုံး အထိ အသုံးပြုလိုက်တိုင်း ဖုန်းရဲ့ ဘက်ထရီဟာ ခဏလေးနဲ့ ကုန်သွားနိုင်ပါတယ်။ ဒီနေတာ့ ဖုန်းဘက်ထရီ mAh နဲ့ Processor အမြန်နှုန်းကို လေ့လာပြီး ဝယ်သင့်တာကလဲ သတိပြုသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ ထုတ်ကုန်တွေကတော့ mAh နဲ့ Processor အမြန်နှုန်းကို ချိန်ညှိ ထုတ်လုပ်ပေးထားပြီး အကောင်းဆုံး Feature တွေကို ထည့်သွင်းကာ Devices ရဲ့ ဘက်ထရီ ကုန်ဆုံးနှုန်းကို ထိန်းသိမ်းပေးထားပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ဘက်ထရီအကုန်မြန်တဲ့ ပြဿနာလည်း Apple Devices တွေမှာ ရှိတတ်ပါတယ်။ ဒါတွေ ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာ...

မျက်နှာပြင် အလင်းပေးမှုနှုန်းကို လျှော့ချပါ။

iDevice ရဲ့ မျက်နှာပြင် အလင်းပေးမှုကို ချိန်ညှိနိုင်ပါတယ်။ ဒီလို ချိန်ညှိခြင်းအားဖြင့် မျက်နှာပြင် အောက်မှာ ရှိတဲ့ IPS မီးလင်းပြားရဲ့ ဘက်ထရီ စားသုံးနှုန်းကို လျော့ကျစေပါတယ်။ ဒီတော့ iDevice ရဲ့ Setting ထဲကို ဝင်လိုက်ပါ။ ပြီးရင်တော့ Brightness and Wallpaper ကို နှိပ်ပြီး အပေါ်ဆုံးမှာရှိတဲ့ Brightness ချိန်ညှိတဲ့ မျဉ်းတန်းလေးကို ချိန်ညှိပေးလိုက်ပါ။ Brightness Level ကို လျော့ချပေးထားခြင်းကတော့ အနည်းဆုံး iDevice ရဲ့ ဘက်ထရီအသုံးခံမှုကို ၃ နာရီအထိ Stand By အနေအထားနဲ့ ရရှိနိုင်ပါတယ်။

၁ မိနစ် တစ်ခါ မျက်နှာပြင် Lock ပြန်ကျအောင် လုပ်ပါ။
 


iDevice ရဲ့ မိမိ မသုံးတော့တဲ့ အချိန်တွေမှာ မျက်နှာပြင်ဟာ မီးလင်းမနေအောင် ပြုလုပ်ထားခြင်းကလည်း ဘက်ထရီ ထိန်းသိမ်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနော့ iDevice ထဲမှာ နဂို ပါဝင်ပြီးသားဖြစ်တဲ့ Auto Lock စနစ်ကို အသုံးပြုရမှာပါ။ Setting ထဲကို ဝင်ပါ။ General ထဲကတဆင့် ဝင်လိုက်ရင်တော့ Autolock ဆိုတဲ့ စနစ်ကို တွေ့ပါလိမ့်မယ်။ Auto Lock စနစ်ကို 1 Minute ထားပေးထားပါ။ ဒီလို ထားပေးထားရင်တော့ Device ကို မသုံးတော့ဘဲ အချိန် တစ်မိနစ် ပြည့်သွားတာနဲ့ မျက်နှာပြင်ဟာ ပိတ်သွားပြီး ဘက်ထရီ စားသုံးမှုကို လျော့ကျစေမှာပါ။

Bluetooth၊ Wifi၊ Vibration နှင့် Location Service ကို ပိတ်ထားပါ။
 


Device တွေရဲ့ ချိတ်ဆက်မှုပိုင်းဆိုင်ရာတွေ ဖြစ်ကြတဲ့ Bluetooth နဲ့ Wifi တို့ကို မလိုအပ်တဲ့ အချိန်တွေမှာ သတိတရနဲ့ ပိတ်ထားပေးရပါမယ်။ ပိတ်မထားရင်တော့ Bluetooth နဲ့ Wifi တို့က နီးစပ်ရာ ချိတ်ဆက်နိုင်တဲ့ အရာတွေကို မိနစ်တိုင်းမှာ ရှာဖွေနေမှာပါ။ ဒါ့အပြင် ဖုန်းရဲ့ အချက်ပေးစနစ်တစ်ခုဖြစ်တဲ့ တုန်ခါမှု (Vibration) ကိုလည်း ပိတ်ထားသင့်ပါတယ်။ တုန်ခါပေးတဲ့ အချိန်တွေမှာ Device ရဲ့ ဘက်ထရီကို အကုန်မြန်စေပါတယ်။ နေရာဒေသတွေကို ရှာဖွေပေးတဲ့ Location Service ကလည်း အချိန်နဲ့အမျှ ဘက်ထရီကို ကုန်ဆုံးစေမှာ ဖြစ်လို့ ပိတ်ထားသင့်တဲ အရာတစ်ခုပါ။

အသုံးပြုပြီးတဲ့ App တွေကို သေချာအောင် ပြန်ပိတ်ပါ။
 


iDevice ရဲ့ ထုံးစံအရ သုံးပြီးသား၊ Apps တွေဟာ Multitasking စနစ်နဲ့ Background run နေတတ်ပါတယ်။ ဒီလို Run နေတဲ့ Apps တွေကို ပိတ်ဖို့အတွက် အဆင်ပြေအောင် လုပ်လို့ရပါတယ်။ iPad မှာ ဆိုရင်တော့ မျက်နှာပြင်ကို အောက်ဖက်ကနေ လက်လေးချောင်းနဲ့ တွန်းတင်လိုက်ရင် Multitasking နဲ့ run နေတဲ့ Apps တွေ ပေါ်လာပါလိမ့်မယ်။ တခြား iDevices တွေမှာ ဆိုရင်တော့ Home ခလုတ်ကို နှစ်ချက်နှိပ်ပြီး ကြည့်လို့ရပါတယ်။ Run နေတဲ့ Apps တွေ ပေါ်လာရင် Apps Icon တွေကို ၂ စက္ကန့်လောက် ဖိထားပြီးရင် ပေါ်လာတဲ့ အနုတ်ပုံ အနီလေးကို နှိပ်ပြီး ပိတ်နိုင်ပါတယ်။

အခြား ဘက်ထရီ အစားထိုး ပစ္စည်းများကို အသုံးပြုပါ။
 


ဘက်ထရီ ခဏခဏ ကုန်တတ်တဲ့ ဖုန်းတစ်လုံး ဖြစ်နေရင်တော့ ဘက်ထရီ အပိုပစ္စည်းတွေဖြစ်တဲ့ Portable Charger တွေ ရှိပါတယ်။ ဒီလို Charger တွေကို သုံးမယ်ဆိုရင်လည်း ဖုန်းက အနည်းငယ် ထူသွားနိုင်ပါတယ်။ ဒါပေမယ့် Back up ဘက်ထရီအဖြစ် သုံးမှာ ဖြစ်တဲ့အတွက် အကောင်းဆုံး အခက်အခဲ မရှိ သုံးနိုင်ပါတယ်။ Power Bank ကိုလည်း အသုံးပြုနိုင်ပါတယ်။ အကယ်၍ ဘက်ထရီ ကုန်သွားခဲ့မယ် ဆိုရင်တောင် ချက်ချင်း ဘက်ထရီကို ပြန်သွင်းနိုင်ပါတယ်။ Power Bank နဲ့ Portable Charger တွေကို ကွန်ပျူတာဆိုင်နဲ့ မိုဘိုင်းဖုန်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

0 comments: