ယနေ့ခေတ် အကောင်းဆုံး blogging နှင့် publishing platform များ

Photo
WordPress : WordPress.com နှင့် WordPress.org

WordPress မှာ .wordpress.com ဒိုမိန်းတွေကို ထောက်ပံ့ပေးတဲ့ အခမဲ့ဝန်ဆောင်မှုနဲ့ ကိုယ်ပိုင်ဆာဗာတွေမှာ WordPress ကို host လုပ်ထားပြီး theme တွေကို ပြင်ဆင်ခြင်း၊ WordPress plugin များ ထည့်သွင်းခြင်း စတာတွေကို ပြုနိုင်မယ့် အခမဲ့ .org ဗားရှင်းတို့ကို ထောက်ပံ့ပေးပါတယ်။ Word Press ဟာ ကုမ္ပဏီတွေနဲ့ ဆန်းသစ်တဲ့ ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်လိုသူများအတွက် အသုံးတည့်စေမယ့် blogging site တစ်ခု ဖြစ်ပါတယ်။

Blogger : Blogger.com

Blogger ကတော့ အလွယ်တကူ အသုံးပြုနိုင်စေမယ့် Google ရဲ့ blogging platform ဖြစ်ပါတယ်။ အသုံးပြုတဲ့အခါမှာ Gmail/Google account က တစ်ခုသာ လိုအပ်ပါတယ်။  Blogger blog တွေမှာ background နဲ့ layout အသစ်တွေကို အလွယ်တကူ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ Blogger ဟာ ယနေ့ခေတ်မျာ နာမည်ကျော်ကြားမှု သိပ်မရှိတော့ပေမယ့် အွန်လိုင်းပေါ်မှာ စာရေးသားသူတွေကတော့ Blogger ကိုသာ အသုံးပြုလျက် ရှိပါတယ်။

Tumblr : Tumblr.com

Tumblr ဟာ Twitter နဲ့ Facebook တို့လို သုံးစွဲသူ အများအပြားရှိတဲ့ blogging နဲ့ social media ပေါင်းစပ်ထားတဲ့ platform တစ်ခု ဖြစ်ပါတယ်။ အခြား သုံးစွဲသူတွေရဲ့ content တွေကို Tumblr account နဲ့ ပြန်တင်နိုင်ပါတယ်။ ဒါဟာ WordPress လိုမျိုး platform နဲ့ ကွဲပြားတဲ့ အချက်ပါ။ ဒါ့အပြင် နှစ်သက်ရာ ဒိုမိန်းအမည်ကို ရယူနိုင်ရန် ထောက်ပံ့ပေးထားပြီး မိုဘိုင်းကနေလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

Medium : Medium.com

Medium ကတော့ Twitter ကို တည်ထောင်သူများ ဖြစ်တဲ့ Ev Williams နဲ့ Biz Stone တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Twitter နဲ့ အသုံးပြုနိုင်အောင် ပေါင်းစပ် ပြုလုပ်ထားပြီး အခြားသူများရဲ့ လက်ရာတွေကို ပြင်ဆင်ခြင်း၊ မှတ်ချက် ရေးသွင်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ လက်ရှိမှာ Medium ကို လူတိုင်း အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိ သုံးစွဲနေသူတွေက သူငယ်ချင်းတွေကို invite လုပ်ပြီးမှသာ အသုံးပြုနိုင်မှာပါ။

Svbtle : Svbtle.com

ဒီဇိုင်နာ Dustin Curtis ရေးဆွဲထားတဲ့ blogging platform ဖြစ်ပါတယ်။ ဒီဇိုင်းလှပပြီး user interface ဟာလည်း to-do list နဲ့ ဆင်တူပါတယ်။ လက်ရှိမှာ Svbtle  ကို လူတိုင်း အသုံးမပြုနိုင်သေးပေမယ့် မကြာမီကာလအတွင်း အားလုံး အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ Svbtle website မှာ ဖော်ပြထားပါတယ်။

Quora : Quora.com

Quora ဟာ အမေးအဖြေ website တစ်ခု ဖြစ်ပေမယ့် ၂၀၁၂ ဇန်နဝါရီမှာ user blog တွေကို ပြန်လည် ထည့်သွင်းပေးခဲ့ပါတယ်။ ဗဟုသုတဆိုင်ရာ အကြောင်းအရာတွေကို ဖော်ပြပေးတဲ့ platform ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အကြောင်းအရာတွေကို Quora မှာ ရှာဖွေနိုင်ပါတယ်။ Post တွေကိုလည်း tag တွဲထားနိုင်ပြီး ရှာဖွေမှု ပြုလုပ်တဲ့အခါမှာ ၎င်း tag တွေနဲ့ ပြန်လည်ရှာဖွေနိုင်ပါတယ်။

Postach.io : Postach.io

နာမည်ကျော် notetaking app ဖြစ်တဲ့ Evernote နဲ့ ရေးသားထားတွေကို ဝေမျှနိုင်တဲ့ blogging platform ဖြစ်ပါ တယ်။ ဒီ blogging platform ဟာ လက်ရှိမှာ beta ဗားရှင်း အဆင့်သာ ရှိပါသေးတယ်။

Google+ : Plus.google.com

Google+ ကတော့ blogging platform မဟုတ်ပေမယ့် blog လိုမျိုး content တွေ ရေးသားနိုင်တဲ့ platform တစ်ခု ဖြစ်ပါတယ်။ Blog platform မဟုတ်တဲ့အတွက် feature တွေနဲ့ စိတ်ကြိုက်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

Facebook Notes : Facebook.com/notes

ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ Facebook Notes ဟာ အခြေခံ feature တွေဖြစ်တဲ့ ဓာတ်ပုံများ၊ URL များ၊ block quote များကို အသုံးပြုပြီး post တွေကို ရေးသားနိုင်တဲ့ blog platform တစ်ခု ဖြစ်ပါတယ်။ လစဉ်အသုံးပြု 1.1 ဘီလီယံရှိပြီး follow လုပ်ရုံနဲ့ ရေးသားထားတဲ့ Note တွေကို ဖတ်ရှုနိုင်ပါတယ်။

SETT : Sett.com

SETT ကတော့ Medium, Svbtle တို့နဲ့ အသွင်တူတဲ့ blogging platform သစ်တစ်ခု ဖြစ်ပါတယ်။ ဒီ platform ကို အသုံးပြုပြီး စာဖတ်သူတွေ အနေနဲ့ blog တွေကို follw လုပ်ခြင်း၊  post များနှင့် blogger များကို ရှာဖွေခြင်း၊ အချင်းချင်း အပြန်အလှန် ဆက်သွယ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။

Ghost : Tryghost.org

Ghost ကတော့ open-source blogging platform တစ်ခု ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ မေလမှာ လွှင့်တင်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ Kickstarter မှာ ငွေကြေး ထောက်ပံ့သူတွေသာ အသုံးပြုနိုင်ပါသေးတယ်။ အခြားသုံးစွဲသူများ အနေနဲ့ကတော့ ၂၀၁၃ နှစ်ကုန်ပိုင်းမှသာ အသုံးပြုခွင့် ရနိုင်ပါတယ်။

Squarespace : Squarespace.com

Squarespace ကတော့ စီးပွားရေးလုပ်ငန်းသုံး user တွေအတွက် နာမည်ကျော် blogging platform ဖြစ်ပါတယ်။ တစ်လကို ၈.၉၄ ဒေါ် လာ ကျသင့်မှာဖြစ်ပြီး ကန့်သတ်မထားတဲ့ သိုလှောင်မှု ပမာဏနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Posthaven : Posthaven.com

Posthaven ကတော့ ၂၀၁၂ ခုနှစ် မတ်လက Twitter က ဝယ်ယူပြီးနောက် Posterous ကို ဖျက်သိမ်းပြီး ပြန်တည်ဆောက်ထားတဲ့ blogging platform ဖြစ်ပါတယ်။ ဝန်ဆောင်ခကတော့ တစ်လကို ၅ ဒေါ်လာ ကျသင့်ပါမယ်။ Post တွေနဲ့ multimedia ကို လွယ်ကူလျင်မြန်စွာနဲ့ publish လုပ်နိုင်ပါတယ်။

LinkedIn Influencers : Linkedin.com/today/influencers

အမေရိကန်သမ္မတ အိုဘားမားနဲ့ ရစ်ချတ်ဘရန်ဆန်တို့ အပါအဝင် စီးပွားရေး လုပ်ငန်းရှင် ၁၅၀ ကျော် အသုံးပြုနေတဲ့ blogging platform ဖြစ်ပါတယ်။ လူမှုရေးကွန်ရက်နဲ့ ချိတ်ဆက် အသုံးပြုနိုင်တာကြောင့် သာမန်အသုံးပြုသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အသုံးပြုသင့်တဲ့ platform ဖြစ်ပါတယ်။

ဘမ္ဘီ

0 comments: