Browsing နှင့် sharing အတွက် ထိပ်တန်း Social Photo Site များ

Photo
စမတ်ဖုန်းတိုင်းနီးပါးမှာ ပါဝင်လာပြီဖြစ်တဲ့ စွမ်းဆောင်ရည်မြင့် ဒစ်ဂျစ်တယ် ကင်မရာတွေနဲ့ app တွေဟာ ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်သလို  အသုံးပြုသူတွေကိုလည်း ကျွမ်းကျင် ဓာတ်ပုံဆရာတစ်ဦး အနေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးစေနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ဦး မဖြစ်စေနိုင်ပေမယ့်လည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို photo sharing site များမှာ တင်ပြီး ပရိသတ်တွေရဲ့ တုံ့ပြန်ချက်ကို ရယူကာ ဓာတ်ပုံရိုက်ချက်တွေ ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ပါတယ်။
ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို effect တွေ ထည့်သွင်းပြီးတဲ့နောက် နာမည်ကျော် ဝန်ဆောင်မှုများထံမှာ upload ပြုလုပ်ပေးပြီး မျှဝေနိုင်ပါတယ်။ Photo Sharing Site တွေရဲ့ အသုံးဝင်စေမယ့် အရာတစ်ခုကတော့ ထောင်ပေါင်းများစွာသော ဓာတ်ပုံဆရာတွေကို ရှာဖွေကြည့်ရှုပြီး ထင်မြင်သုံးသပ်ချက်တွေ ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုခြင်းနဲ့ ဝေမျှခြင်းတို့အတွက် ထိပ်တန်း photo sharing တွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

Instagram (iPhone/Android)

Instagram ဆိုတာကတော့ နာမည်ကျော် Photo enhancement app တစ်ခုပါ။ ၎င်းဟာ ဓာတ်ပုံတွေကို touch အနည်းငယ်နဲ့ ခေတ်ဟောင်းအသွင် ဓာတ်ပုံများအဖြစ် ပြောင်းလဲပြီး သူငယ်ချင်းများနဲ့ Instagram member များထံ မျှဝေနိုင်ပါတယ်။ ဒါ့အပြင် Instagram မှာ အလွန်ကောင်းမွန်တဲ့ ဓာတ်ပုံများကို ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ လူမှုရေးရှုထောင့်နဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေကို ဝေမျှထားတဲ့ဆိုက် ဖြစ်တာကြောင့် ဓာတ်ပုံချစ် ပရိတ်သတ်တွေ အနေနဲ့ လက်ရှိမှာ ဘယ်သူတွေ ဘာလုပ်နေတယ် ဆိုတာကို သိရှိစေနိုင်ပါတယ်။

We Heart Pics (iPhone/Android)

We Heart Pics ကတော့ ဓာတ်ပုံကနေတဆင့် လူမှုဘဝတွေကို ပြောပြပေးမယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။ Image filter နဲ့ အခြားသော tool တွေ ပါဝင်ပြီး ၎င်းတို့ကို Instagram မှာ သုံးသလိုမျိုး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အခြားသူများရဲ့ ဓာတ်ပုံများကိုလည်း follow, like နဲ့ comment တွေ ပြုလုပ် ရေးသားနိုင်ပါတယ်။ We Heart Pics ဟာ အတိအကျ သတ်မှတ်ထားတဲ့ အမျိုးအစားများနဲ့ တည်ဆောက်ထားတာကြောင့် အသုံးပြုတဲ့အခါမှာ အနည်းငယ် ကွဲပြားပါတယ်။ ဒီဝန်ဆောင်မှုမှာ "staying fit" ဆိုတဲ့ tag နဲ့ အသုံးပြုပြီး ဓာတ်ပုံတွေကို upload လုပ်နိုင်ပါတယ်။ Profile page မှာတော့ About Me, Famil, Friends, Home, Place စတဲ့ category တွေ ပါဝင်ပါတယ်။ လက်ရှိမှာတော့ We Heart Pics ဟာ ကမ္ဘာတစ်ဝန်းမှာ သုံးစွဲသူ အများအပြားကို ဆွဲဆောင်နိုင်ခြင်း မရှိသေးပေမယ့်လည်း ထူးခြားတဲ့ Photo browsing interface ကိုတော့ အသုံးပြုတဲ့ အခါမှာ နှစ်သက်ဖွယ် ကောင်းပါတယ်။

Filckr (iPhone/Android)

Filckr ကလည်း ဓာတ်ပုံတွေကို ကြည့်ရှုခြင်းနဲ့ ဝေမျှခြင်းအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ထားတဲ့ update မှာလည်း browser အတွက် interface ကို ပြင်ဆင်ထားပြီး ပိုမိုကောင်းမွန်တဲ့ အခြားပြင်ဆင်မှု အချို့ကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့ပါတယ်။ Filckr ကို အသုံးပြုတဲ့ အခါမှာ photo တွေရှိတဲ့ wall ကို အဆုံးမရှိ scroll လုပ်နိုင်ပါတယ်။ ဓာတ်ပုံ အများစုဟာ အရည်အသွေးမြင့် ဓာတ်ပုံများဖြစ်ပြီး ဓာတ်ပုံနဲ့ ပတ်သက်သမျှကို ဆန်းစစ် ဝေဖန်ထားတဲ့ comment တွေကိုလည်း ရေးသား ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေကို မူရင်းအတိုင်း မချုံ့ဘဲ upload လုပ်နိုင်မယ်လို့ Yahoo က ကြေညာထားပါတယ်။ နောက်ပြီး အသုံးပြုသူတွေအတွက် သိုလှောင်သိမ်းဆည်းမှု ပမာဏကိုလည်း 1 terabyte အထိ မြှင့်တင်ပေးထားပါတယ်။ ဒါကြောင့် Filckr ကို အသုံးပြုပြီး ဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ သိုလှောင်သိမ်းဆည်းကာ ဝေမျှနိုင်သလို လှပတဲ့ ဓာတ်ပုံ မြောက်မြားစွာကိုလည်း ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။

EyeEm (iPhone/Android)

EyeEm ဆိုတာကတော့ Instagram နဲ့ ဆင်တူတဲ့ photo app တစ်ခု ဖြစ်ပါတယ်။ အသွင်အပြင်နဲ့ ဓာတ်ပုံတွေကို တည်နေရာအလိုက် ခွဲခြားထားမှုက နှစ်သက်စရာပါ။ နောက်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အလွယ်တကူ ကြည့်ရှုခြင်း၊ ထည့်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒီ app ဟာ အခြားသော ဝန်ဆောင်မှုများထက် ဓာတ်ပုံကို ပိုမို အဓိက ထားပေမယ့်လည်း social ခံစားမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ EyeEm ကို အသုံးပြုတဲ့အခါမှာ အသုံးပြုသူတွေဟာ ကြိုတင်ပြုလုပ်ထားတဲ့ tag တွေကို ရွေးချယ် အသုံးပြုနိုင်သလို tag များကိုလည်း ဖန်တီးနိုင်တာကြောင့် keyboard များနဲ့ နီးစပ်ရာ တည်နေရာမှာ ဓာတ်ပုံများကို ရှာဖွေနိုင်ပါတယ်။ Browsing feature တွေကတော့ တည်နေရာအပေါ် မူတည်ပြီး ဖော်ပြပေးပါတယ်။ San Francisco လို့ ရိုက်ထည့်လိုက်တာနဲ့ feed ထဲမှာ အဲဒီနေရာမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီ app ဟာ tag တွေနဲ့ လက်ရှိ တည်နေရာနဲ့ နီးစပ်ရာမှာ ရှိတဲ့ ဓာတ်ပုံတွေကို ရှာဖွေပေးပါတယ်။ Layout ကောင်းမွန်ပေမယ့်လည်း အသုံးပြုသူ အရေအတွက်ကတော့ Filckr နဲ့ Instagram တို့လောက် မများပါဘူး။

ဘမ္ဘီ

0 comments: