Galaxy ACE 2 နဲ့ Galaxy ACE 3 ဘာတွေ ကွာသွားသလဲ

Photo
Galaxy ACE Series ဟာ Mid Range ဖုန်းတွေ ဖြစ်ပါတယ်။  အခုတစ်ခါမှာလည်း ACE 2 ပြီးတော့ ACE 3 ကို ထပ်ထုတ်လာပြန်ပါပြီ။ ACE 3 ကလည်း ACE 2 နဲ့ Design ပိုင်းရော Hardware ထောက်ပံ့မှုပါ မတူတော့ပါဘူး။ ဒီလိုကောင်းမွန်တဲ့ Smart Phone တစ်လုံး ဖြစ်တာကြောင့် ဘယ်နေရာတွေမှာ ဘယ်လိုပိုပြီး အသုံးဝင်လာသလဲ ဆိုတာရယ် ACE 2 ထက် ဘာတွေပိုကောင်းသွားသလဲ ဆိုတာကိုပါ လေ့လာသင့်ပါတယ်။
Samsung က Mid Range ဖုန်းတွေကို အကောင်းဆုံး Develop လုပ်ပေးတာ နည်းပါတယ်။ ဒါပေမယ့် Mid Range ထဲကမှ ACE Series ကိုသာ အကောင်းဆုံး ချယ်သပေးမှာ ဖြစ်ပါတယ်။ ACE 3 မှာ အထူးခြားဆုံး အချက်တစ်ချက်ကတော့ နောက်ဆုံးပေါ် Samsung Software တွေကို အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ အကြမ်းခံမှုပိုင်းကိုပါ ထောက်ပံ့ပေးထားတဲ့ ACE 3 ဟာ မကြာသေးခင်ကမှ ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

Processor ထောက်ပံ့မှု

ACE 2


Processor ကတော့ ACE 2 မှာ 800MHz အမြန်နှုန်းရှိတဲ့ Dual Core Processor ကို ထည့်သွင်းပေးထားပြီး RAM ကိုတော့ 768MG အထိ ထောက်ပံ့ပေးထားပါတယ်။ GPU ကိုအကောင်းဆုံး SIII မှာသုံးထားတဲ့ Mali-400 ကို အသုံးပြုပေး ထားတာကြောင့် Game ဆော့ဖို့ပဲဖြစ်ဖြစ် အင်တာနက်သုံးဖို့ပဲ ဖြစ်ဖြစ် အဆင်ပြေတဲ့ Porcessor ထောက်ပံ့မှုပါ။

ACE 3

Processor ထောက်ပံ့မှုမှာတော့ 800MHz Dual Core သာရှိတဲ့ ACE 2 ထက်ပိုသာတဲ့ Processor ကို ACE 3 မှာ အသုံးပြုပေးထားပါတယ်။ Processor ကိုတော့ ACE 3 ရဲ့ 3G Version မှာ 1GHz Dual Core Processor အသုံးပြုပေးထားပြီး LTE Version မှာတော့ 1.2 GHz Dual Core Processor ကို အသုံးပြုပေး ထားပါတယ်။ RAM ကိုတော့ 1GB အထိ ထောက်ပံ့ပေးထားပြီး GPU ကိုတော့ Broadcom BCM21664 ထောက်ပံ့ပေးထားပါတယ်။

မျက်နှာပြင် ထောက်ပံ့မှု

ACE 2


မျက်နှာပြင် အရွယ်အစား ၃.၈ လက်မရှိပြီး TFT အမျိုးအစား မျက်နှာပြင်ကို အသုံးပြုပေးထားပါတယ်။သိပ်သည်းဆ အနေနဲ့ 246ppi ထောက်ပံ့ပေးထားပြီး Multi Touch စနစ် အလုပ်လုပ်နိုင်သော မျက်နှာပြင်တစ်မျိုးလည်း ဖြစ်ပါတယ်။

ACE 3

၎ လက်မကျယ်တဲ့ မျက်နှပြင်ကို TFT Capacitive Touchscreen ကို အသုံးပြုပေး ထားပါတယ်။ Resolution 480 x 800 Pixels ထောက်ပံ့ပေးထားပြီး သိပ်သည်းဆ 233 ppi ရှိပါတယ်။ အကျယ်အဝန်းကတော့ ACE 2 ထက်ပိုသာနေပေမယ့် သိပ်သည်းဆကတော့ အနည်းငယ် လျော့နည်းသွားတာ တွေ့ရပါတယ်။

Camera ထောက်ပံ့မှု

ACE 2


Camera ကတော့ အရှေ့ 0.3 Megapixel နဲ့ အနောက် 5 Megapixel တို့ အသီးသီး ထည့်သွင်းပေးထားပါတယ်။ 720p ဓာတ်ပုံနဲ့ Video တွေကို ရိုက်ကူးနိုင်တဲ့အပြင် LED Flash ပါဝင်တဲ့ Auto Focus Camera တစ်လုံးလည်း ဖြစ်ပါတယ်။

ACE 3

Camera ကတော့ ACE 2 နဲ့ ACE 3 ထောက်ပံ့မှုခြင်း တူညီပါတယ်။ အရှေ့ 0.3 Megapixel နဲ့ အနောက် 5 Megapixel Camera တို့ကို ထောက်ပံ့ပေးထားပါတယ်။ ထူးခြားချက်ကတော့ ACE 2 မှာ ရိုက်လို့မရတဲ့ Pandorama Mode ကို ACE 3 မှာ ရိုက်ကူးနိုင်ပါတယ်။

သိုလှောင်နှုန်းနှင့် အခြားထောက်ပံ့မှုများ

ACE 2


သိုလှောင်နှုန်းကတော့ 4GB ပါဝင်ပြီး Micro SD Card 32GB အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အခြားထောက်ပံ့မှုတွေ အတွက်ကတော့ Bluetooth, Wifi, NFC စသဖြင့် ပါဝင်ပြီး Micro SD 2.0 Port တစ်ခု ပါဝင်ပါတယ်။ Battery အတွက်လည်း 1500 mAh အထိ ထောက်ပံ့ပေးထားပြီး OS ကို 2.3 (Ginger Bread) အသုံးပြုပေး ထားပါတယ်။ ဒါပေမယ့် နောက်ဆုံးပေါ် 4.1.2 (Jelly Bean) ကိုလည်း မြှင့်တင် အသုံးပြုနိုင်ပါတယ်။

ACE 3

သိုလှောင်နှုန်းကိုတော့ မော်ဒယ်ခွဲပြီး ၂ မျိုး ထုတ်ပေးထားပါတယ်။ LTE ထောက်ပံ့ပေးတဲ့ မော်ဒယ်မှာ 8GB ပါဝင်ပြီး 3G မော်ဒယ်မှာတော့ 4GB ထောက်ပံ့ပေးထားပါတယ်။ Micro SD Card ကိုလည်း 64GB အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အခြားထောက်ပံ့မှုတွေ အတွက်ကတော့ Bluetooth, Wifi, NFC စသဖြင့် ပါဝင်ပြီး Micro SD 2.0 Port တစ်ခုပါဝင်ပါတယ်။ Battery ကတော့ 1500 mAh ထောက်ပံ့ပေးထားပြီး OS ကိုတော့ Android 4.2 (Jelly Bean) အသုံးပြုပေးထားပါတယ်။

သုံးသပ်ချက

ACE 2 နဲ့ ACE 3 ဟာ Hardware ထောက်ပံ့မှုချင်း သိပ်မတူဘူး ဆိုပေမယ့် အနည်းငယ်သာ ကွာခြားတာပါ။ RAM နဲ့ CPU အမြန်နှုန်းကတော့ ကွာခြားပါတယ်။ မျက်နှာပြင်လည်း ၀.၂ လက်မလောက်သာ ကွာတာပါ။ ထူးခြားပြီး ကွာခြားသွားတာကတော့ Android 4.2 (Jelly Bean) မှာ ပေးထားတဲ့ Samsung ရဲ့ Feature တွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးပေါ်တွေကသာ အကောင်းဆုံးဆိုတဲ့ ခေတ်ကြီးထဲမှာတော့ ACE 2 ဟာ ACE 3 ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။

1 comment:

  1. ace2 က အင်တာနက်လိုင်းဆွဲအား ကောင်းမကောင်းသိချင်ပါတယ်

    ReplyDelete