Galaxy Note 10.1 (2014 Edition) Vs iPad 4

Photo
Samsung ရဲ့ ထုတ်ကုန်တွေကတော့ Apple ကို စစ်မျက်နှာ ဖွင့်သလို ဖြစ်နေပါပြီ။  ဒီတော့  အခု IFA 2013 မှာ ထပ်ထုတ်လိုက်တဲ့ Note 10.1 (2014 Edition) ဟာ အကောင်းဆုံး ပုံစံတွေနဲ့ ပွဲထွက်လာခဲ့ပြီး Apple ရဲ့ အကောင်းဆုံး Pad လို့ ကြွေးကြော်ထားတဲ့ iPad 4 ကို ခြိမ်းခြောက်နေပါတယ်။ အကောင်းစား Hardware တွေ Software တွေကို တပျော်ကြီး သုံးပေးထားတဲ့ Note 10.1 ကတော့ iPad 4 ကို တိုက်ခိုက်ဖို့အတွက် အကောင်းဆုံး Samsung ရဲ့ လက်နက်တစ်ခုလို ဖြစ်နေပါတယ်။
ဒီတော့ အကောင်းစား Pad တွေနဲ့ အင်တာနက်သုံး၊ Game ဆော့စတဲ့ ကိစ္စတွေကို ပြုလုပ်သူတွေအတွက် အကောင်းဆုံး ရွေးချယ်သင့်တဲ့ Pad တစ်လုံးကို လမ်းညွှန်ပေးချင်ပါတယ်။ အရွယ်အစားကတော့ Note 10.1 က  iPad 4 ထက် ပိုကြီးသလို ဖြစ်နေပေမယ့် အကောင်းဆုံး ထောက်ပံ့မှုခြင်းကလည်း အနည်းငယ်တော့ ကွာခြားပါတယ်။ ဒီတော့ ဘယ်လို Pad အမျိုးအစားကို ရွေးချယ်သင့်တယ် ဆိုတာကိုလည်း အောက်မှာ ဖော်ပြထားတဲ့ နှိုင်းယှဉ်ချက်ကို ကြည့်ပြီး လေ့လာနိုင်ပါတယ်။

Hardware ပိုင်း နှိုင်းယှဉ်ချက်

မျက်နှာပြင်ကို Note 10.1 မှာတော့ ၁၀.၁ လက်မအထိ ထောက်ပံ့ပေးထားပြီး iPad မှာတော့ မျက်နှာပြင် အကျယ်အဝန်း ၉.၇ လက်မ ထောက်ပံ့ပေးထားပါတယ်။ iPad ရဲ့ မျက်နှာပြင် အမျိုးအစားကတော့ LED-back-Lit IPS LCD ကို အသုံးပြုပေးထားပြီး မျက်နှာပြင် သိပ်သည်းဆ 246 ppi ထောက်ပံ့ပေးထားပါတယ်။ Note 10.1 ကတော့ မျက်နှာပြင် အမျိုးအစားကတော့ Super Clear LCD ထောက်ပံ့ပေးထားပြီး မျက်နှာပြင် သိပ်သည်းဆ 299 ppi ထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင်ပိုင်းမှာတော့ iPad ထက် Note 10.1 က ပိုပြီး ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ခုစလုံး LCD သုံးထားပေမယ့် မျက်နှာပြင် ပိုကျယ်တဲ့ Note 10.1 က မျက်နှာပြင် သိပ်သည်းဆ ပိုများပြီး iPad ရဲ့ ရုပ်ထွက်ကတော့ Note 10.1 ထက် ပိုဖွယ်ရှိပါတယ်။ Processor ပိုင်းကိုတော့ Note 10.1 မှာ LTE နဲ့ 3G Version ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ LTE Version မှာတော့ Processor ကို 2.3 GHz Snapdragon Processor ကို အသုံးပြုပေးထားပြီး 3G Version ကိုတော့ 1.9 GHz Exynos 4 Octa Core Processor ကို အသုံးပြုပေးထားပါတယ်။ iPad 4 မှာ သုံးထားတဲ့ Processor ကတော့ 1.4 GHz Dual Core Processor ကို အသုံးပြုပေးထားပါတယ်။ Processor ချင်း နှိုင်းယှဉ်မယ် ဆိုရင်တော့ Note 10.1 က iPad 4 ထက် အပြတ်အသတ် ကွာခြားနေတာကို တွေ့ရပါတယ်။ RAM ပိုင်းကိုတော့ iPad 4 မှာ 1GB အသုံးပြုပေးထားပြီး Note 10.1 မှာတော့ 3 GB အထိ အသုံးပြုပေးထားတာကို တွေ့ရပါတယ်။ Camera ထောက်ပံ့မှုအပိုင်းမှာလည်း Note 10.1 မှာ အနောက် Camera ကိုတော့ 8 MP ထောက်ပံ့ပေးထားပြီး အရှေ့ Camera ကိုလည်း 2 MP ထောက်ပံ့ပေးထားပါတယ်။ iPad 4 အတွက် Camera ကတော့ အနောက် 5 MP တစ်လုံးနဲ့ အရှေ့ 1.2 MP တစ်လုံးဆိုပြီး Camera နှစ်လုံးနဲ့ ထောက်ပံ့ပေးထားပါတယ်။ Camera ပိုင်းမှာလည်း Note 10.1 က iPad 4 ထက် ပိုသာနေတာ တွေ့ရပါတယ်။

Software ပိုင်း နှိုင်းယှဉ်ချက်

Software ပိုင်း နှိုင်းယှဉ်ဖို့အတွက်ကတော့ Android နဲ့ iOS ကသာ အဓိကဖြစ်နေတော့ သာတယ်နာတယ် ပြောဖို့က ခက်နေပါတယ်။ ဒါပေမယ့် ဘယ် OS က ဘာတွေ လုပ်နိုင်တယ် ဆိုတာကသာ ပိုအရေးကြီးပါတယ်။ Note 10.1 မှာတော့ Android OS ကို 4.3 Version အသုံးပြုပေးထားပြီး iPad 4 မှာတော့ iOS 7 ကို တင်သုံးနိုင်နေပါတယ်။ Android 4.3 မှာတော့ အကောင်းဆုံး အထူးပြုချက်တွေနဲ့ ထောက်ပံ့ပေးထားမှာ ဖြစ်ပြီး iOS 7 ကလည်း သူမတူတဲ့ အချက်တွေနဲ့ ထွက်ရှိထားပါတယ်။ Android 4.3 ရဲ့ အားသာချက်ကတော့ Camera Setting ကောင်းမွန်တဲ့ အချက်တွေအပြင် Note Series ဖြစ်နေတဲ့အတွက် Stylus Pen အသစ်ကိုလည်း အကောင်းဆုံး အသုံးပြုနိုင်မှာပါ။ Samsung ရဲ့ ကိုယ်ပိုင် Feature တွေကို Andriod 4.3 မှာ ထည့်သွင်းပေးထားပြီး Apple ရဲ့ Feature တွေကိုလည်း iOS 7 မှာ တပေါင်းတစည်းတည်း ထည့်သွင်းပေးထားပါတယ်။ OS ပိုင်းအရတော့ Note 10.1 ရော iPad 4 ကပါ ကောင်းမွန်နေတော့ သာတယ်နာတယ်ပြောဖို့ အတော်ခက်နေပါတယ်။ OS ပိုင်းက သုံးစွဲသူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်တာကြောင့် Android ကြိုက်တဲ့သူဟာ Android ကိုရွေးချယ်သင့်ပြီး iOS ကြိုက်တဲ့သူကတော့ iOS ကို ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် Samsung ရဲ့ Feature တွေ ကောင်းမွန်တာကြောင့် Android 4.3 ကို သုံးသင့်တယ်လို့ လက်တို့ အညွန်းလေး ပေးလိုက်ပါတယ်။

သုံးသပ်ချက်

၂၀၁၂ ခုနှစ်ရဲ့ Apple Product နဲ့ ၂၀၁၃ ခုနှစ်ရဲ့ Samsung Product နှစ်ခုကို နှိုင်းယှဉ်လေတော့ ၂၀၁၂ Product က နိမ့်နေမှာ အသေအချာပါပဲ။ ဒါပေမယ့် စာဖတ်သူတို့ အနေနဲ့ ဈေးဝယ်မမှားရအောင် ပြုလုပ်ပေးထားပါတယ်။ Note 10.1 ကတော့ ပြည်တွင်းကို ဒီလထဲမှာ ဝင်မှာဖြစ်လို့ iPad ဝယ်ချင်တဲ့ စာဖတ်ပရိသတ်ကြီး အရွေးမမှားသင့်ပါဘူး။ ဈေးနှုန်းကလည်း iPad 4 နဲ့ မတိမ်းမယိမ်းလောက်ပဲ ဖြစ်မှာမို့လို့ အသုံးပြုသူတွေ အဆင်ပြေနိုင်ပါတယ်။

0 comments: