တတိယမြောက် မှတ်စုစာအုပ် (သို့) Samsung Galaxy Note III

Photo
ဗုဒ္ဓဟူးနေ့ညက IFA 2013 မှာ Galaxy Note III ကို Samsung က အကောင်းဆုံး ထုတ်ဖော်ပြသ ပေးခဲ့ပါတယ်။  ဒီ Note III က ၂၀၁၃ ခုနှစ်အတွက် နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ N Series ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ IFA 2013 မှာတော့ Galaxy Note III က အတော်ကို မျက်နှာရခဲ့ပြီး အကောင်းဆုံး Hardware ထောက်ပံ့မှုတွေနဲ့ ထွက်ရှိလာခဲ့တဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒီဇိုင်း အပြင်အဆင်ကလည်း Samsung က ဘယ်ဖုန်းမှာမှ မသုံးဖူးသေးတဲ့ပုံစံနဲ့ ထုတ်လုပ်ပေးထားတာ ဖြစ်လို့ Samsung ရဲ့ မှတ်ကျောက်တင်နိုင်စရာ Smart Phone တစ်လုံးလည်း ဖြစ်ပါတယ်။ တချို့ နည်းပညာသမားတွေကလည်း S IV ကို အရွယ်အစား ကြီးထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် Note III ကို အကောင်းဆုံး ထောက်ပံ့ပေးခဲ့တာကတော့ ဒီဇိုင်းပိုင်းက တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့တာပါ။ Samsung ရဲ့ နည်းပညာတွေကပိုပြီး Smart Phone User တွေကို ဆွဲဆောင်ပေးခဲ့တာပါ။ Multitasking နည်းပညာအသစ်နဲ့ OS လုံခြုံရေး နည်းပညာ အသစ်တွေကိုပါ ထည့်သွင်း ပေးထားတာကြောင့် Note III က ဆန်းသစ်နေပါတယ်။ အရောင်အနေနဲ့လည်း ၃ မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ အရောင်တွေကတော့ ထုံးစံအတိုင်း အဖြူနဲ့အမဲအပြင် ပန်းရောင်တစ်မျိုးကိုပါ ထုတ်လုပ်ပေးထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Note III အချက်ကတော့ S Pen ဖြစ်ပါတယ်။ Note III ရဲ့ S Pen ဟာ အရင် S Pen ထက် ပိုကောင်းအောင် ထောက်ပံ့မှုတွေမျိုးစုံ ပြုလုပ်ပေးထားပါတယ်။ ဒီတော့ Note III မှာ ဘယ်လို ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ Hardware ထောက်ပံ့မှုတွေ ပြုလုပ်ထားသလဲ ဆိုတာကို ဆက်လေ့လာကြည့်ရအောင် ...

ဒီဇိုင်းနှင့် မျက်နှာပြင်

ဒီဇိုင်းကတော့ အရင် Note Series တွေလို ဒေါင့်စွန်းတွေကို ဝိုင်းမထားတော့ပဲ လေးထောင့်ဆန်ဆန် ပြုလုပ်ပေးထားပါတယ်။ ထူးခြားတဲ့ ဒီဇိုင်းပိုင်းကတော့ ဖုန်းရဲ့ နောက်ကျောဖက်ကို သားရေနဲ့ ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။ မျက်နှာပြင်ကို ပတ်ပေးထားတဲ့ ဘောင်ကိုလည်း သေးသည်ထက် သေးငယ်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် ခလုတ်ဖွဲ့စည်းပုံကိုလည်း အကောင်းဆုံး ပြုလုပ်ပေးထားပါတယ်။ မျက်နှာပြင်ကိုလည်း ၅.၇ လက်မအထိ ထောက်ပံ့ပေးထားပြီး Super AMOLED နည်းပညာ အသုံးပြုထားတဲ့ ဖန်သားပြင်ကို အသုံးပြုပေးထားပါတယ်။ မျက်နှာပြင်သိပ်သည်းဆ 386 ppi အထိ ထောက်ပံ့ပေးထားပြီး ရုပ်ထွက်ပိုင်းကတော့ အတော်ကို ကြည်လင်ပြတ်သားပါတယ်။ Resolution ကိုလည်း 1920 x 1080 Pixel အထိ ထောက်ပံ့ပေးနိုင်တဲ့ မျက်နှာပြင်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Processor နှင့် OS

Processor ကိုတော့ ပုံစံနှစ်မျိုး ခွဲထုတ်ပေးထားပါတယ်။ LTE Version ကိုတော့ 2.3 GHz Snap-dragon 800 ကို အသုံးပြုပေးထားပြီး 3G Version ကိုလည်း 1.9 GHz Exynos 5 Octa Core ကို အသုံးပြုပေးထားပါတယ်။ Processor ပိုင်းကို ကြည့်ရင်တော့ နောက်ဆုံးပေါ် Processor ကို အသုံးပြုပေးထားပြီး RAM ကိုလည်း 3 GB ထောက်ပံ့ပေးထားပါတယ်။ OS ပိုင်းကတော့ Android ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Android 4.3 (Jelly Bean) ကို အသုံးပြုပေးထားပြီး Samsung ရဲ့ Multi-tasking နည်းပညာသစ်နဲ့ လုံခြုံရေး နည်းပညာသစ်တွေကို ထည့်သွင်းပေးထားတာကြောင့် အခြားဖုန်းတွေထက်သာတဲ့ အချက်တစ်ချက် ဖြစ်နေပါတယ်။

Camera နှင့် S Pen ထောက်ပံ့မှု

Camera ကိုတော့ အနောက်ဖက် 13 Megapixel Camera နဲ့ အရှေ့ဖက် 1.9 Megapixel Camera ကိုပါ ထောက်ပံ့ပေးထားပါတယ်။ အနောက် Camera ကို အကောင်းဆုံး ထောက်ပံ့ပေးထားတဲ့ အနေနဲ့ BSI Sensor ထည့်သွင်းပေးထားပြီး 4K Resolution ရှိတဲ့ Video နဲ့ ဓာတ်ပုံတွေကိုပါ ရိုက်ကူးနိုင်ပါတယ်။ S Pen ရဲ့ ထူးခြားချက်ကတော့ ဖွဲ့စည်းပုံ ပြောင်းလဲသွားတာနဲ့အမျှ စွမ်းဆောင်ရည်တွေကလည်း အတော်ကို ကွာခြားသွားပါတယ်။ S Pen ရဲ့ အကောင်းဆုံး အထူးပြုချက် အနေနဲ့ Air Command လို့ခေါ်တဲ့ လေထဲကနေ Note ကို ခိုင်းစေနိုင်အောင် ပြုလုပ်ပေးထားတဲ့ Function တွေလည်း ပါဝင်ပါတယ်။

ကွန်ယက် ချိတ်ဆက်မှုနှင့် အခြားပါဝင်မှုများ

ကွန်ယက် ချိတ်ဆက်ဖို့အတွက် 4G LTE နဲ့ 3G Version ဆိုပြီး နှစ်မျိုးခွဲ ထုတ်လုပ်ထားတဲ့ အတွက် နိုင်ငံအလိုက် မော်ဒယ်နှစ်မျိုးနဲ့ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ တခြားပါဝင်မှုတွေ အနေနဲ့လည်း Bluetooth 4.0၊ Micro USB၊ Wifi နဲ့ NFC တို့ အသီးသီးပါဝင်ကြပြီး Battery ကိုတော့ 3200 mAh အထိ ထောက်ပံ့ပေးထားပါတယ်။ သိုလှောင်နှုန်းကိုလည်း 32 GB နဲ့ 64 GB နှစ်မျိုး ထောက်ပံ့ပေးထားပြီး Micro SD Card စိုက်ဖို့အတွက် Slot တစ်ခု ပါဝင်ပါတယ်။

0 comments: