သင့်မှာ မိခင်ကိုချစ်ခင်စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ

Photo: စိတ်ဝင်စားတယ်ဆိုရင် အောက်ကမေးခွန်းတွေကို အပျင်းပြေဖြေကြည့်ပါ။ စိတ်ထဲကပဲဖြေဖြေ.. လူသိအောင်ပဲဖြေဖြေ ဖြေနိုင်ပါတယ်။ အဖြေကို မနက်ဖြန်မှာတင်ပါမယ်.. ကျေးဇူး..

သင့်မှာ မိခင်ကိုချစ်ခင်စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ။ စမ်းသပ်ကြည့်ရအောင်.. Yes, No ထဲက အဖြေတစ်ခုကိုရွေးပေးပါ။

၁) ငယ်စဉ်ကတည်းက စကားနားထောင်ပြီး လိမ္မာတဲ့ကလေးလို့ မကြာခဏ သင်ချီးကျူးခံရဖူးတယ်။ (Yes) (No)

၂) မေမေဝယ်ပေးတဲ့ ပစ္စည်းနှစ်မျိုးကို သင့်ကိုယ်ပေါ်မှာ အချိန်မရွေးတွေ့နိုင်တယ်။ (yes ) (No)

၃) နေ့တိုင်း မေမေနဲ့ စကားငါးခွန်းအထက် သင်ပြောဖြစ်တယ်။ (yes ) (No)

၎) မကြာခဏ မေမေနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ်။ (yes ) (No)

၅) စိတ်ညစ် ဝမ်းနည်းစရာတွေကြုံတိုင်း မေမေကို အရင်သတိရမိတတ်တယ်။ (yes ) (No)

၆) "ငါ့မေမေကပြောတယ်" ဆိုတဲ့စကားကို အကျင့်တစ်ခုလို သုံးစွဲတတ်တယ်။ (yes ) (No)

၇) သင်ဟာ အစာဂျီးများသူ (အစာရွေးသူ)ဖြစ်တယ်။ (yes ) (No)

၈) သင့်အပြင်ပန်းက ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ဆန့်ကျင်ဖက်လိင်ရဲ့ နှစ်သက်မှုကိုမရခဲ့ဘူး။ (yes ) (No)

၉) ဖေဖေကို သိပ်မချစ်ဘူး။ (yes ) (No)

၁ဝ) မေမေက အိမ်ရှင်မဖြစ်တယ်။ (yes ) (No)
.

 -----------------------------------------------------------------------------------------------
သင့်မှာ မိခင်ကိုချစ်ခင် စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ?

မေးခွန်း (၁ဝ) ခုလုံးကို No လို့ ဖြေခဲ့သူ

သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ဝ% ပဲရှိပါတယ်။ သင်နဲ့ မေမေရဲ့ဆက်ဆံရေးက အေးစက်လွန်းပါတယ်။

yes လို့ ၁ခု မှ ၃ ခုအထိ ဖြေခဲ့သူ

သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၃ဝ% ရှိပါတယ်။ တစ်ခြားလူတွေ သည်းခံလောက်တဲ့အဆင့်ထဲမှာ ပါပါတယ်။ တစ်နည်းပြောရရင် "ရိုသေတဲ့ သားသမီး" လို့ ဆိုနိုင်ပါတယ်။

yes လို့ ၄ခု မှ ၆ ခုအထိ ဖြေခဲ့သူ

သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၆ဝ% ရှိပါတယ်။ သင်ဟာ မိခင်ကို မတော်လှန်တတ်သူဖြစ်တယ်။ မေမေက သင့်ဘဝရဲ့ အရေးကြီးဆုံးနေရာမှာ ရှိခဲ့ပါတယ်။ မေမေကို ယုံကြည်မှီခိုတတ်တဲ့ သားသမီးလိမ္မာ ဖြစ်ပါတယ်။

yes လို့ ၇ခု မှ ၉ ခုအထိ ဖြေခဲ့သူ

သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၉ဝ% ရှိပါတယ်။ တစ်ခြားလူ သည်းခံနိုင်တဲ့ အတိုင်းအတာထက်ကျော်လွန်ပြီး မိခင်ကို နှစ်သက်စွဲလမ်းသူဖြစ်တယ်။ ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့်ခံရသူဖြစ်ပြီး ဘာကိစ္စမဆို မိခင်ကို အားကိုးတတ်သူဖြစ်တယ်။ မေမေမရှိရင် အသက်မရှင်နိုင်တဲ့ အမျိုးအစားထဲကဖြစ်တယ်။ တကယ်လိုသင်ဟာ မိခင်နဲ့ အမြဲအတူနေတဲ့ ယောက်ျားလေးဆိုရင် သင်ယူမယ့် မိန်းကလေးအတွက် ယောက္ခမနဲ့ချွေးမကြားက ပြဿနာတွေကို ဖြစ်ပွါးစေနိုင်ပါတယ်။

မေးခွန်း(၁ဝ)ခုစလုံး yesလို့ ဖြေခဲ့သူ

သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၁ဝဝ% အပြည့် ရှိပါတယ်။ ဒီလိုယောက်ျားမျိုးက မိန်းမ မယူနိုင်လောက်အောင် မိခင်ကိုပဲ အစွဲလမ်းလွန်သွားပါတယ်။ မေမေထက်ကောင်းတဲ့မိန်းမ ဒီလောကမှာ မရှိတော့ဘူးလို့ ထင်သူဖြစ်တယ်။ တစ်ခြားမိန်းကလေးထက် မေမေရှိနေရင် အရာရာပြည့်စုံပြီလို့ ထင်သူဖြစ်တယ်။ ကုစရာဆေးမရှိလောက်အောင် မိခင်ကို ချစ်ခင်၊ နှစ်သက်၊ စွဲလမ်းသူ ဖြစ်ပါတယ်။

မိခင်ကိုစွဲလမ်းတဲ့ ယောက်ျားမျိုးကို မကြောက်ပါနဲ့

ဟိုအရင်တစ်ချိန်က မိခင်ကိုစွဲလမ်းတဲ့ယောက်ျားမျိုးကို ကျွန်မအမြင်စောင်းခဲ့ဖူးတယ်။ ဂျပန်နိုင်ငံမှာ "အဲဒီယောက်ျားက သူ့အမေကို ချစ်လွန်းနေတယ်။ သူ့ကို ယူလို့မဖြစ်ဘူးနော်" စတဲ့ စကားကို အမြဲ ကြားရတတ်ပါတယ်။ တကယ်တော့ အမေ့ကိုစွဲလမ်းတတ်တဲ့ လူတွေမှာ နိုင်ငံ၊ ဒေသခွဲခြားလို့ မရပါဘူး။ "ကမ္ဘာပေါ်မှာ အမေကို မချစ်တဲ့၊ မစွဲလမ်းတဲ့သားဆိုတာ မရှိဘူး" လို့ ကျွန်မတို့ ပြောနိုင်ပါတယ်။ "ကမ္ဘာပေါ်မှာ အမေကို မချစ်တဲ့၊ မစွဲလမ်းတဲ့သားသမီးဆိုတာ မရှိဘူး" ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အမေကိုချစ်ကြောင်း ထုတ်ဖော်မပြောရုံ၊ အမူအရာ မပြရုံပဲ ကွာပါလိမ့်မယ်။ အမူအရာ အေးစက်၊ ကြမ်းတမ်းတဲ့ ယောက်ျားတွေထက်စာရင် အမေကို စွဲလမ်းတဲ့ယောက်ျားတွေက ပိုနူးညံ့သိမ်မွေ့ပါတယ်။

*** အဖြေတွေက လူတိုင်းနဲ့တိုက်ဆိုင်ချင်မှတိုက်ဆိုင်မယ်။ တချို့ကလည်း အမေကိုချစ်တာပဲ.. ဒါပေမယ့် အမေမှမရှိတော့တာဆိုတာမျိုးလည်း ရှိနိုင်တယ်။ ဘယ်သားသမီးမဆို မိဘကို ချစ်ကြတာပါပဲ... ချစ်တာကို နှုတ်နဲ့ဖွင့်မပြောရဲခဲ့ရင်တောင် အမူအရာနဲ့ကိုယ်ချစ်ကြောင်းကို ပြသနိုင်ပါတယ်။ အချိန်မလွန်ခင် မိဘတွေကို ကိုယ်ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ထုတ်ဖော်ပြသဖို့ မနှမြောပါနဲ့လို့...
.

0 comments: