အောက်တိုဘာ ၁ ရက်နေ့ ဦးသိန်းစိန်၏ မိန့်ခွန်းအပြည့်အစုံ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အောက်တိုဘာ လ ၁ ရက်နေ့ တွင် ပြည်သူ သို့ ပြောကြား သည့် မိန့်ခွန်း အပြည့်အစုံ

Photo: ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အောက်တိုဘာ လ ၁ ရက်နေ့ တွင် ပြည်သူ သို့ ပြောကြား သည့် မိန့်ခွန်း အပြည့်အစုံ

မိဘ ပြည်သူများ ခင်ဗျား

ကျွန်တော် တို့  နိုင်ငံရဲ့ လက်ရှိ အခြေအနေ များ ကို မိဘ ပြည်သူများ ထံ ရေဒီယို မှ တစ်ဆင့် အသိပေး ပြောကြား နေ ကျ ဖြစ်တဲ့ အတိုင်း ယခု လည်း စက်တင်ဘာ လ အတွင်း မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲမှု များ ကို ပြောကြား ရခြင်း ဖြစ်ပါတယ်။

ယခုလ ရေဒီယို ကနေ ပြည်သူလူ ထု ထံ ဆက်သွယ် ပြောကြား တဲ့ အစီအစဉ် မှာ ယခင် လ က အထူးပြု ပြောကြား ခဲ့ တဲ့ ရေရှည် တည်ဆောက် ရမယ့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး နဲ့ တိုက်ရိုက် သက်ဆိုင် တဲ့ ငြိမ်းချမ်း ရေး တည်ဆောက် မှု လုပ်ငန်းစဉ် တွေ ကို ဦးစားပေး ပြောကြား သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မြန် မာ နိုင်ငံ မှာ ရရှိ ထားတဲ့ နိုင်ငံ ရေး၊ စီးပွားရေး ဖြစ်ထွန်း တိုးတက်မှု များဟာ လည်း ငြိမ်းချမ်းရေး တည် ဆောက် မှု ဖြစ်စဉ် များ နဲ့ အခြေခံ ကျကျ ဆက်နွှယ် နေတဲ့ အတွက် ယခု လမှာ ကျွန်တော့် အနေ နဲ့ ငြိမ်းချမ်းရေး ဖြစ် စဉ် နဲ့ ပတ်သက် တဲ့ ကျွန်တော် တို့ အစိုးရ ရဲ့ ရပ်တည် ချက် နဲ့ သဘောထား တွေ ကို ရှင်းလင်း တင်ပြ သွား မှာဖြစ် ပါတယ်။

ခေတ် အဆက်ဆက် မှာ ငြိမ်းချမ်း ရေး တည်ဆောက်မှု ကို အစဉ် တစိုက် ကြိုးပမ်း ခဲ့ကြပါတယ်။ လုပ်ဆောင် မှု ပုံစံ နှင့် စိတ် စေတနာ မှန်ခြင်း၊ မှားခြင်း ဆိုတဲ့ ကိစ္စရပ် ကတော့ သမိုင်း က အဆုံး အဖြတ် ပေးတဲ့ ကိစ္စရပ် ဖြစ် ပါတယ်။ သေချာ တဲ့ အရှိတရား တစ်ခု ကတော့ လက်နက် ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း စေပြီး ပြည်သူ လူထု တစ်ရပ်လုံး လိုလား တောင့် တနေ တဲ့ ခိုင်မာ ၍ ရေရှည် တည်တံ့ တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိ သေးတာ ပဲ ဖြစ်ပါ တယ်။ ဒါဟာ ကျွန်တော် တို့ ခေတ်ရဲ့ နိုင်ငံရေး အရှိတရား ပဲ ဖြစ်ပါတယ်။

သမိုင်း ဖြစ်ရပ်တွေ ကို အခြေခံ တဲ့ လက်တွေ့သင်ခန်းစာ  တွေ က ညွှန်ပြ နေတဲ့ အချက် တစ်ခု ကတော့ တိုင်းရင်းသား များ အားလုံး ပါဝင် တဲ့ ခိုင်မာ ၍ ရေရှည် တည်တံ့ မည့် ပြည်တွင်း ငြိမ်းချမ်း ရေး ဖြစ်စဉ် တစ်ရပ် ပိုင်ဆိုင် နိုင်ဖို့ ဆိုရင် အပစ်အ ခတ် ရပ်စဲရေး တစ်ခုတည်း နဲ့ မလုံလောက် ဘဲ လက်နက်ကိုင် ပဋိပက္ခ များ ရဲ့ ဇာစ်မြစ် ဖြစ်တဲ့ ပြဿနာ တွေ ကို နိုင်ငံရေး နည်းလမ်း နဲ့ ဖြေရှင်း နိုင်ဖို့ က အဓိက ဖြစ်တယ် ဆိုသည့် အချက် ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရ လက်ထက်မှာ တိုင်းရင်းသား လက်နက် ကိုင် ပဋိပက္ခ များ ဖြေ ရှင်းပြီး ငြိမ်းချမ်း ရေး တည်ဆောက် မှု အောင်မြင် ဖို့ စတင် စဉ်းစား တဲ့ ကာလ ကတည်း က ရှေ့မှာ ပြောကြား ခဲ့တဲ့ အရှိတရား တွေ ကို ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ် ပြီး လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ကို အစပြု ခဲ့ပါတယ်။

ကျွန်တော် တို့ အစိုးရ သစ် စတင် ဖွဲ့စည်းပြီး များ မကြာမီ မှာ ကျွန်တော့် အနေနဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း အားလုံး ကို ငြိမ်းချမ်းရေး စားပွဲဝိုင်း ကို လာရောက် ဖို့ ကြိုတင် စည်းကမ်း သတ်မှတ် ချက် များ မပါဘဲ စိတ်ရင်း စေတနာ သန့်သန့် ဖြင့် ဖိတ်ခေါ် ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။ အဲဒီ ဖိတ်ခေါ်ချက် ကို တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အားလုံး က အပြု သဘော ဆောင်တဲ့ တုံ့ပြန်မှု များ နဲ့ စတင် ခဲ့ ပါတယ်။

လိုအပ် ချက် များစွာ၊ စိန်ခေါ် မှု များစွာ ကို ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် မှာ ပါဝင် ခဲ့ကြတဲ့ အဖွဲ့ အစည်း အသီးသီး၊ လူ ပုဂ္ဂိုလ် အသီး သီးရဲ့ မှန်ကန် တဲ့ စိတ်ရင်း စေတနာ နဲ့ ကျော်လွှား ပြီး ယနေ့ ရရှိထား တဲ့ ဖြစ်ထွန်း မှု တွေ ကို တက်လှမ်း နိုင် ခဲ့တာ ဖြစ် ပါတယ်။ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် တွေ ကို အဆင့်ဆင့် အောင်မြင် စွာ ရေး ထိုး နိုင်ခဲ့ သည့် တိုင် မလွှဲ မရှောင် နိုင်ခဲ့တဲ့ ထိတွေ့ မှုများ ဖြစ်ပွားခြင်း များ ရှိသလို တပ်မတော် နဲ့ တိုင်း ရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အချင်းချင်း အဆင့်ဆင့် ညှိနှိုင်း မှု များဖြင့် တိုက်ပွဲ ပေါင်း များစွာ ကို ရှောင်လွှဲ နို င်ခဲ့ တဲ့ သာဓက များ ရှိတယ် ဆိုတာကို လည်း ပြောကြား လိုပါတယ်။ တိုက်ပွဲကြီး / ငယ် ဖြစ်ခဲ့ရတဲ့ လက်နက် ကိုင် ပဋိပက္ခ တွေ ကို လည်း ဆွေးနွေး ညှိနှိုင်းမှု နည်းလမ်း များ နဲ့ စစ်ရှိန် လျှော့ ချ နိုင်ခဲ့ တာပဲ ဖြစ်ပါတယ်။

ဒီ သာဓက တွေကို ကြည့် ရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း များ အပါ အဝင် ပါဝင် ပတ်သက်သူ အားလုံး အနေ နဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ပြင်းပြ တဲ့ ဆန္ဒ ရှိကြ တယ် ဆိုတဲ့ အချက် ရယ်၊ လက်တွေ့အကောင် အထည် ဖော်တဲ့ နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံ ခြင်းနဲ့ ခွင့်လွှတ်ခြင်း တွေ ကို အခြေခံ ပြီး ညှိနှိုင်း မှု များ ကို ဇွဲ သန်သန် ဖြင့် လုပ်ဆောင် နို င်ခဲ့ တယ် ဆိုတဲ့ အချက် နှစ် ချက် ကို တွေ့ရ မှာပဲ ဖြစ်ပါတယ်။

လိုအပ်ချက် ပေါင်း များစွာ နဲ့ အားနည်း ချက် ပေါင်း များစွာ ရှိနေတဲ့ ကြားက ငြိမ်းချမ်း ရေး တည်ဆောက်မှု ဖြစ်စဉ် အတွက် ကြိုးပမ်း အားထုတ် မှု များ နဲ့ အဆင့်ဆင့် တက်လှမ်း နိုင်ခဲ့တဲ့ အောင်မြင် မှု များ ကို ချိန်ထိုး ကြည့် မယ် ဆိုရင် တစ်ဖက် က ရှိနေ တဲ့ လိုအပ်ချက် ပေါင်း များစွာ နဲ့ အားနည်းချက် တွေ ထက် အောင်မြင် မှု များ က များစွာ ကျော်လွန် တဲ့ အတွက် ကျွန်တော် တို့ နဲ့ ဆွေးနွေးဖက် များ ဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့ အစည်း အသီး သီး ရဲ့ ခေါင်းဆောင် များ ကိုလည်းကောင်း၊ တပ်မတော် ကို လည်းကောင်း၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း အသီးသီး ကို လည်းကောင်း ချီးကျူး ဂုဏ်ပြု ရမှာ ဖြစ်ပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် ရဲ့ တိုးတက်မှု တွေ အနက် ကျွန်တော့် အနေ နဲ့ အားရမှု အရှိဆုံး ရလဒ် ကတော့ မိမိတို့ သဘော အလျောက် ပြည်ထောင်စု အတွင်း ပါဝင် ခြင်း ဆိုတဲ့ အခြေခံ မူ ကို ထင်ဟပ် စေတဲ့ ပြည်ထောင် စု မှ ခွဲထွက်ခြင်း မပြု ဆိုတဲ့ သဘောထား ရပ်တည် ချက် များ ကို တိုင်းရင်း သား များ အားလုံး က အခိုင်အမာ ဆုပ်ကိုင် ထားမှု ပဲဖြစ် ပါတယ်။

အထက်ပါ ဖြစ်ထွန်း မှု တွေ ကြောင့် မြန်မာ နိုင်ငံ ရဲ့ငြိမ်းချမ်း ရေး ဖြစ်စဉ် ပိုမို ခိုင်မာ စေဖို့ အတွက် တစ်ပြည်လုံး အတိုင်း အတာ အကျုံး ဝင်သော အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ရပ် ကို မကြာမီ ကာလများ မှာ ရေးထိုး ရန် စီစဉ် ဆောင်ရွက် လျက် ရှိပါတယ်။ ဒီ လုပ်ငန်း ရပ်ဟာ တိုင်းရင်း သား အဖွဲ့ အစည်း အသီးသီး နဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် သဘော တူညီ ချက် များ ရေး ထိုး စဉ်က တောင်းဆို ထားတဲ့ အချက် ကို အကောင် အထည် ဖော်ဖို့ အတွက် ဖြစ်ပါတယ်။ အခုလို ရေးထိုး ခြင်းဟာ ငြိမ်းချမ်း ရေး ဖြစ်စဉ် ကို အပစ် အခတ် ရပ်စဲရေး တစ်ခု တည်း ဖြင့် ရပ်တန့် ရန် ကြိုးပမ်း မှု မဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့ အစည်း အသီးသီး ရဲ့ လိုလား ချက် ဖြစ်တဲ့ မိမိတို့ နိုင်ငံ ၏ လက်နက်ကိုင် ပဋိပက္ခ များ ကို အခြေခံ ဇာစ်မြစ် များမှ ဖြေရှင်း နိုင် ရန်အ တွက် နိုင်ငံရေး ဆွေးနွေး ပွဲ များ အစပြု နိုင်ရန် ဖြစ်ပါ တယ်။

နိုင်ငံရေး ဆွေးနွေးမှု များ အတွက် ပိုမို ခိုင်မာ တဲ့ အာမခံ ချက် ရရှိ စေဖို့ တစ်ပြည်လုံး အတိုင်း အတာ နဲ့ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပြီးတာ နဲ့ တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲ များ အစပြု ရန် လိုအပ် မယ့် ပြင်ဆင် မှု တွေ ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် ( Political Dialogue Framework )  များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်း များ ကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်၊ မူဘောင် ကိစ္စ ဆိုင်ရာ ညှိနှိုင်းမှု တွေ ကို ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ဗဟို ကော်မတီ၊ လုပ်ငန်း ကော်မတီ နှင့် တိုင်းရင်းသား အဖွဲ့ အစည်း အသီးသီး တို့ အဆင့် ဆ င့် ညှိနှိုင်း ရေး ဆွဲ ၍ သဘော တူညီ မှု ရရှိအောင် ဆောင်ရွက် သွား မှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေး ပွဲ ဆိုင်ရာ မူဘောင် များ သဘော တူညီ ချက် ရရှိပြီး တာနဲ့ နိုင်ငံရေး ဆွေးနွေး ပွဲ များကို အစပြုပြီး တစ် ပြည်လုံး အတိုင်း အတာ လွှမ်းခြုံ နိုင်တဲ့ အမျိုးသား အဆင့် ငြိမ်းချမ်းရေး ဆိုင်ရာ ညီလာခံ တစ်ရပ် ကျင်းပရန် ဦးတည် ချက် ထား လုပ်ဆောင် သွားရမှာ ဖြစ် ပါတယ်။

နိုင်ငံရေး ဆိုင်ရာ ဆွေးနွေး ပွဲများ၊ အမျိုးသား အဆင့် ငြိမ်းချမ်း ရေး ဆိုင်ရာ ညီလာခံ ကျင်းပ ခြင်း နဲ့ ပတ်သက် တဲ့ ကိစ္စရပ် တွေ ကို ဆွေးနွေး ပွဲ အဆင့်ဆင့် မှာ မည်သို့ မည်ပုံ ကျင်းပ မယ်၊ အချိန် ကာလ မည်မျှ သတ်မှတ် ထား ရှိမယ်၊ ကိုယ်စား လှယ် တွေ ဘယ်လို ရွေးချယ် မယ်၊ ဘယ်လို ကိစ္စရပ် တွေ ကို ဆွေးနွေး မယ် ဆိုတဲ့ လုပ်ငန်း စဉ် အဆင့် ဆင့်ကို ဆွေးနွေး ညှိနှိုင်းမှု များ အပေါ် အခြေခံ ၍ ကျွန်တော့် အနေ ဖြင့် ပြည် သူလူ ထု တစ်ရပ်လုံး ကို အလျဉ်း သင့် သလို တင်ပြ သွားမှာ လည်း ဖြစ်ပါတယ်။

ယခုလို ပြင်ဆင် ဆဲ ကာလ မှာ နိုင်ငံတော် သမ္မတ တစ် ဦး အနေဖြင့် ပြောကြား နိုင်တဲ့ သဘော ထား နဲ့ ရပ် တည်ချက် က တော့ ပြည်ထောင် စု မပြိုကွဲ ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ် မှု မပြိုကွဲ ရေး၊ အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုသည့် အချက်များ ကို အခြေခံ မူများ အဖြစ် ခံယူပြီး အပြု သဘော ဆောင် သည့် နိုင်ငံ တည်ဆောက်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ခိုင်မာ စေရေး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှု များ အားလုံး ကို တံခါး ဖွင့် ကြိုဆို လျက် ရှိကြောင်း ပြောကြား လိုပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို ရှေးရှု ပြီး ကျွန်တော့် အနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေး နှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း မှ ခေါင်းဆောင် များ နဲ့ စက်တင်ဘာ လ လယ်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ အားလုံး ပါဝင် တဲ့ နိုင်ငံရေး ဖြစ်စဉ် တစ်ရပ် ဖြစ်ဖို့ နဲ့ နိုင်ငံရေး ယဉ်ကျေးမှု သစ် ရှင်သန် ခိုင်မာ စေဖို့ ကျွန်တော် တို့ အနေ နဲ့ အစဉ် ရှေးရှု လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်း ရေး ဖြစ်စဉ် နဲ့ ပတ်သက် လို့ ထူးခြားမှု တစ်ရပ် ကတော့ ဒီနှစ် နိုင်ငံ တကာ ငြိမ်းချမ်းရေး နေ့မှာ ရန်ကုန်၊ မန္တလေး ၊ မောလ မြိုင် မြစ်ကြီး နား အစရှိ တဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်း ရေး ပွဲတော် တွေ ကို ပြည်သူ လူထု ရဲ့ အသ၊ံ ဆန္ဒ တွေ ကို ထင်ဟပ်ပြီး ဝိုင်းဝန်း ကျင်းပ ခဲ့ကြ တာပဲ ဖြစ် ပါတယ်။ ပြည်သူ လူထု ရဲ့ ငြိမ်းချမ်း ရေး လိုချင် တဲ့ ဆန္ဒ၊ အထူး သဖြင့် တိုင်း ပြည် တာဝန် ကို ပခုံးပြောင်း ထမ်းဆောင် ကြ ရမယ့် လူငယ် တွေရဲ့ ငြိမ်းချမ်းရေး ကို လိုလား တဲ့ ပြင်းပြ တဲ့ ဆန္ဒ ကနေ ပေါက်ဖွား လာတဲ့ တက်ကြွ လှုပ်ရှား မှုတွေ၊ အနုပညာ လှုပ်ရှား မှုတွေကို ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောင်မြင်မှု ရရှိမှာ ဖြစ် တယ် လို့ ကျွန်တော့် အနေ နဲ့ ယုံကြည် ပါတယ်။ ကျွန်တော် တို့ အစိုးရ အနေ နဲ့ ဒီမို ကရေစီ ပြုပြင် ပြောင်း လဲရေး လုပ်ငန်း များ ကို ကြိုးစား အကောင် အထည် ဖော် ဆောင် ရွက် လာ ခဲ့တာမှာ ဒီမိုကရေစီ နဲ့ ခွဲခြား လိုမရ စကောင်း တဲ့ လွတ်လပ်ခွင့် ကိုလည်း ကြိုးစား အကောင် အထည် ဖော် ပေးခဲ့ တာ ကို မိဘ ပြည်သူများ အသိပင် ဖြစ်ပါတယ်။

လွတ်လပ် ခွင့် တွေ ထဲက တစ်ခု ဖြစ်တဲ့ မီဒီယာ လွတ်လပ် ခွင့် ကို လည်းအရှေ့ တောင် အာရှ နိုင်ငံ အတော် များ များ ထက် ပင် ရှေ့ရောက် နိုင်အောင် တိုးတက် ဖော်ဆောင် ပေးနိုင် ခဲ့ပြီး ဖြစ်ပါတယ်။ လွတ်လပ် ခွင့် ရှိလာ တာနဲ့ အမျှ တာဝန် ယူမှု လည်း ပိုမို တိုးတက် လာဖို့ လိုပါတယ်။ ဒါ မှသာ ဘက်ညီ မျှတ တဲ့ လူ့ဘောင် ကိုဖန်တီးနိုင် မှာ ဖြစ် ပါတယ်။ ယခုလို ဒီမိုကရေစီ အတွက် မရှိမဖြစ် လိုအပ် တဲ့ မီဒီယာ လွတ်လပ်ခွင့် ကို မျိုးစေ့ ချဆောင် ရွက်နေ တဲ့ အချိန်မှာ မီဒီယာ ကျင့်ဝတ်၊ မီဒီယာ စည်းကမ်း များ ကို လိုက်နာ ဖို့၊ အခြေ အမြစ် မရှိ တဲ့ သတင်း တွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ် မှု တွေ ပြုလုပ်ခြင်း ကို ရှောင်ရှား ကြ ဖို့လည်း ကျွန်တော့် အ နေနဲ့ တိုက်တွန်း ပြောကြား လိုပါတယ်။ ယခု လို သမိုင်း ဝင်၊ နိုင်ငံ တည် ဆောက် ရေး လုပ်ငန်း စဉ်ကြီး ကို တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး က တက်ညီ လက်ညီ ကြိုးပမ်း ဆောင်ရွက် ကြရမယ့် အချိန် အခါ မျိုး မှာ မီဒီယာ လွတ်လပ် ခွင့် ကို ခုတုံး လုပ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာတွေ၊ မီဒီယာ စည်းကမ်း နဲ့ မညီတဲ့ အပြုအမူ တွေ ကို မပြုလုပ် ကြဘဲ အားလုံး စုစု စည်းစည်း ညီညီ ညွတ်ညွတ် နဲ့ ကြိုးပမ်း ဆောင်ရွက် ကြဖို့ လို ပါတယ်။

ကျွန်တော့် အနေ နဲ့ ထပ်မံ ပြောကြား လိုတဲ့ အချက် တစ်ချက် ကတော့ ကျွန်တော် တို့ အစိုးရ အနေနဲ့ ဆောင်ရွက် အကောင် အထည် ဖော်နေ တဲ့ ပြည်သူ လူထု ဗဟိုပြု အုပ်ချုပ်မှု ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး များ နဲ့ ပတ်သက် ပါတယ်။ ကျွန်တော် တို့ အစိုးရ အဖွဲ့တာဝန်ယူ မယ့် ကျန်တဲ့ အချိန် တွေမှာ ပြည်သူ ဗဟို ပြု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များ ကို ထိရောက်စွာ အကောင် အထည် ဖော်နိုင် ဖို့ နဲ့ နိုင်ငံတော် သစ် ကို တည်ဆောက် တဲ့ နေရာ မှာ ပြည်သူ တွေ ရဲ့ လိုအင် ချက် တွေ၊ အင်အားတွေ နဲ့ အစိုးရ ရဲ့လုပ်ဆောင်မှု တွေ ကို ဟန်ချက် ညီညီ ပေါင်းစည်း နိုင်ဖို့ အတွက် မြို့မိ မြို့ဖ တွေ ပါဝင် ဖွဲ့စည်း ထားတဲ့ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူ ပြု ကော် မတီ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ တွေ ကို ပြုပြင် ပြောင်းလဲ ရေး ဦးဆောင် ကော် မတီ အ ဖွဲ့ဝင် သက်ဆိုင်ရာ ဝန်ကြီး တွေက ပြည်နယ် / တိုင်း ဒေသကြီး အားလုံး ကို ကွင်းဆင်း သွားရောက် ခဲ့ပြီး ပွင့်ပွင့် လင်းလင်း အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ပါတယ်။

ဒါ့အပြင် ကြုံ တွေ့နေရတဲ့ အခက်အခဲ ပြဿနာ များ ကို ညှိနှိုင်း ဖြေရှင်း ဆောင်ရွက် ခဲ့သလို ပြည်သူ လူထုရဲ့ နေ့စဉ် ဘဝ ဆိုင်ရာ လက်တွေ့ သတင်း အချက် အလက် တွေ ကို ရယူ ခဲ့ ပါတယ်။ ဒီ အချက် အလက်တွေ အပေါ် အခြေခံ ပြီး နောက် ဘဏ္ဍာရေး နှစ် ရသုံး မှန်း ခြေ ငွေစာရင်း ရေးဆွဲ တဲ့ အခါမှာ ပြည်သူ တွေရဲ့ လက်တွေ့ လိုအပ်ချက်၊ နိုင်ငံရဲ့ လိုအပ်ချက် နဲ့ အမှန် တကယ် ကိုက်ညီ စေမယ့် ဘတ်ဂျက် ကို ရေးဆွဲ အတည်ပြု နိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ပါ တယ်။ ပြည်သူ လူထု ပါဝင် တာနဲ့ အမျှ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ် တွေ ပိုမို မြန် ဆန်၊ ထိရောက်၊ အောင်မြင် လာမှာ ဖြစ်တဲ့ အတွက် ဒီ ဖွဲ့စည်း ထားတဲ့ ကော်မတီ တွေ မှာ လည်း စိတ်အား ထက်သန်စွာ ပါဝင် အကြံပြု တိုက်တွန်း ကြဖို့ ကျွန်တော့် အနေ နဲ့ ပန်ကြား လိုပါတယ်။

ယခု လ မှာ ကျွန်တော့် အနေ နဲ့ ငြိမ်းချမ်းရေး နဲ့ ပတ်သက် တဲ့ ဖြစ်ထွန်း တိုးတက် မှု များ၊ သဘောထား ရပ် တည် ချက်များ ကို ပြည့်ပြည့် စုံစုံ ရှင်းလင်း တင်ပြ နိုင်တဲ့ အတွက် အားရ ကျေနပ် မိသလို ကျွန်တော် တို့ ငြိမ်းချမ်းရေး ဖြစ် စဉ် ကို စိုးရိမ်စိတ် တွေ၊သံသယ တွေ၊ မယုံကြည် မှု တွေ ရှိနေရင် လည်း လုံလောက် တဲ့ ရှင်း လင်း မှု တွေ ဖြစ်မယ် လို့ ယုံကြည် ပါတယ်။

ငြိမ်းချမ်း ရေး တည်ဆောက် မှုနဲ့ ပတ်သက် လို့ ရှေ့မှာ ပြောကြား ခဲ့တဲ့ အတိုင်း ပါဝင် ပတ်သက် သူ အသီးသီးရဲ့ စိတ်ရင်း စေတနာ ကို အခြေခံ တဲ့ ယုံကြည်မှု ဖြင့်သာ တည်ဆောက် ထားရတဲ့ အတွက် အစိုးရ၊ လွှတ်တော် များ၊ နိုင်ငံရေး ပါတီ များ၊နိုင်ငံရေး အင်အားစု အသီးသီး၊ အရပ်ဘက် လူ့ အဖွဲ့ အစည်း များ၊ စီးပွားရေး အသင်း အဖွဲ့များ၊ လူမှုရေး၊ ဘာသာရေး အသင်း အဖွဲ့များ၊ တပ်မတော် နဲ့ ပြည်သူ လူထု တစ်ရပ်လုံး ပါဝင် မှ သာ ငြိမ်းချမ်းရေး တည်ဆောက် မှု မှာ အောင်မြင် မှု ရရှိမှာ ဖြစ် ပါတယ်။ လက်ရှိ အခြေ အနေမှာ ကျွန်တော် တို့ နိုင်ငံသား တစ်ဦးချင်း စီ ပူးပေါင်း ပါဝင်တဲ့ အမျိုးသား ရေး အင်အားစု တစ်ရပ် တည်ဆောက် နိုင်မယ် ဆိုပါက မိမိ တို့ အားလုံး ရယူ ပိုင်ဆိုင် လိုတဲ့ ခိုင်မာ ၍ ရေရှည် တည်တံ့ သော ငြိမ်းချမ်း ရေး ရရှိနိုင် မှာ ဖြစ်ကြောင်း အလေးထား ပြောကြား လိုပါတယ်။

ကျွန်တော့် အနေနဲ့ ကတော့ ကျွန်တော် တာဝန်ယူ ထားတဲ့ သက်တမ်း အတွင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိ အောင်၊ ပြည်သူ တွေ ရဲ့လူမှု စီးပွား ဘဝ ပိုမို တိုးတက် ကောင်းမွန် လာ အောင် နောင် အနာဂတ် မျိုးဆက် တွေ အတွက်ပါ ပိုမို ကောင်းမွန် ပြည့်စုံ တဲ့ ဘဝတွေ ပိုင်ဆိုင် လာကြ ဖို့ အတွက် ရေရာ သေချာ တဲ့ အနာ ဂတ် တစ်ခု ကို ရှေးရှုပြီး တစိုက် မတ်မတ် ကြိုးပမ်း ဆောင်ရွက် လျက် ရှိပါကြောင်း ပြောကြား ရင်း နိဂုံးချုပ် အပ် ပါတယ်။

မိဘ ပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်း နှင့် ပြည့်စုံ ကြပါစေ။

0 comments: