မွန်းကြပ်ခြင်း

 
တစ်ခါတစ်လေ ပျော်ရွှင်နေတဲ့ အပျော်တွေဟာ
လူတွေကြောင့်ဘဲ ပျောက်ပျက်ကုန်တယ်။
တစ်ချို့တစ်ချို့က အပေါ်ယံ အပြုံးတွေနဲ့။
တစ်ချို့တစ်ချို့တွေက ရင်ထဲက အမုန်းတွေနဲ့။
ငါမမြင်ခဲ့ပါဘူး။


တစ်ခါတစ်လေ ရင်ထဲက စေတနာက
လူတွေအတွက် ဝေဒနာဖြစ်သွားခဲ့တာ
သမိုင်းမတင်မီကတည်းကပေါ့။
ငါ့ဆီ ရောက်လာတဲ့ ဝေဒနာတွေကို
ရင်ထဲက အပျော်တွေနဲ့ ငါလဲပေးလိုက်မယ်။
သင်တို့ ပျော်ရွှင်ကြပါစေ။
ဒါပေမယ့်
ငါ့ရင်ထဲက ဝေဒနာတွေကိုတော့
သင်တို့ဆီ မပေးချင်ဘူး။
ငါ့ကြောင့် လူတွေကို ဝမ်းမနည်းစေချင်ဘူး။
ပုတ်ခတ်တဲ့ အသံ၊ လှောင်ပြံးတဲ့ရယ်သံတွေက
ငါ့ ကို ရင့် ကျက် စေ ခဲ့ ပါ ပြီ။

လင်းယံခ
၃၀း၉း၂၀၁၃ ၁၂း၄၅မိနစ် နံနက်

0 comments: