မဟာ

ရေး - မြသန်းစံ
ဆို - ဇော်ဝင်းထွဋ်
***********
အိုဟောင်းလွန်းသော နံရံအုပ်ချပ်များ...
မြန်မာဟေ့လို့ ဟစ်ကြွေးဆဲ သက်သေများ...
ရာစုနှစ် အဆက်ဆက် ကိုယ်တို့ပေးဆပ်ခဲ့တဲ့ အားလုံးရဲ့အမွေ...
ရုပ်ဆင်းမပျက်.. ပညာပန်းအတတ်များ...
မြန်မာ အနုအလှ သုခုမ လက်ရာများ...
သမိုင်းဝင် ကဗျည်းထက်... တို့နှလုံးအိမ်သွေးစက်...
ချယ်သထားမြဲထားပါလား......

မဟာ...

ကြီးမြတ်လေသော သမိုင်းကြောင်းများ ဒီမြေကြီးမှာ...
မင်းတရား အနော်ရထာကျေးဇူးများ ဒီမြေကြီးထက်မှာ...
ဒီမြေဟာ တို့တွေရဲ့နှလုံးသား ဝိညာဉ်ပဲ...
အားလုံးရဲ့ ပုဂံ...

သူရဲကောင်းတို့ လှံရာဓါးချက်များ
မြန်မာတို့ရဲ့အမျိုးသားအားမာန်များ...
ပုံရိပ်တွေထားခဲ့၊ ကမ္ဘာအနှံ့ကိုပြန့်ခဲ့...
မပျောက်မပျက်ယခုတိုင်ပဲ...
မဟာ...

သာသနာအလင်းတန်းများ ထိန်ထိန်ညီးကာ
ရဟန်းမြတ် အရဟံထွန်းညှိခဲ့ သာသနာအလင်းရောင်...
ဒီမြေဟာ တို့တွေရဲ့နှလုံးသား ဝိညာဉ်ပဲ...
အားလုံးရဲ့ ပုဂံ...

မြန်မာတွေ အားလုံးရဲ့... ပုဂံ
ပထမဆုံးသော တို့နိုင်ငံ......မဟာ
တို့အားလုံးရဲ့ ပုဂံ...



Song Link >>  www.youtube.com/watch?v=cMk1irXl1Ns
-------------
လင်းယံခ

0 comments: