၂၀၁၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည့် Google ထုတ်ကုန်များ

Photo

Google Reader

၂၀၀၅ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ Google Reader ဝန်ဆောင်မှုကို ယခုနှစ် ဇူလိုင်လမှာ Google က ရပ်ဆိုင်းခဲ့ပါတယ်။
Google Reader ဟာ သတင်းအချက်အလက်တွေကို အသုံးပြုသူများထံ သိရှိစေမယ့် Platform တစ်ခု အနေနဲ့ app တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တဲ့ ထုတ်ကုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ Google Reader ကို အားပေးသူ အချို့ကတော့ Google + အပေါ် အပြည့်အဝ အာရုံစိုက်ခြင်းကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

Latitude

Android နဲ့ iOS ထုတ်ကုန်များအတွက် Google Maps app သစ်ကို ဖြန့်ချိပေးခဲ့တဲ့ အချိန်မှာပဲ Latitude location sharing ဝန်ဆောင်မှုကို Google က သြဂုတ်လမှာ ရပ်ဆိုင်းခဲ့ပါတယ်။ Latitude ကို ၂၀၀၉ ခုနှစ်က စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး ယခုအခါမှာတော့ Google က Location-sharing ဝန်ဆောင်မှုများကို Google + မှာ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။

Cookies

Cookies ဟာ ကြော်ငြာရှင်တွေ ဝက်ဘ်သုံးစွဲသူတွေရဲ့ လုပ်ဆောင်ချက်တွေကို ခြေရာခံပေးနိုင်ပြီး Google အတွက်လည်း ဝင်ငွေ ပိုမိုရရှိစေခဲ့ပါတယ်။ ဒါပေမဲ့ Google က ဒီဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့ပြီး ကြော်ငြာရှင်တွေကို ယခုထက်ပိုပြီး အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းကို လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Building maker

Google Earth နဲ့ Maps မှာ 3D building model တွေကို ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဒီ tool ကို Google က ဇွန်လ ၁ ရက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ ဒီ tool ကို သုံးစွဲသူတွေဟာ 3D အဆောက်အဦးက 3D လက်ရာတွေကို ရယူနိုင်ပါတယ်။

Cloud Connect

ဒီ plug-in ကိုတော့ Windows PC က Microsoft Office ဖိုင်တွေကို Google Drive မှာ အလိုအလျောက် သိမ်းဆည်းပေးနိုင်အောင် ရည်ရွယ် ပြုလုပ်ခဲ့တာပါ။ ဒါပေမဲ့ Google ဟာ Drive ကို Windows PC, Mac, Android နဲ့ iOS ထုတ်ကုန်များပေါ်မှာ ထည့်သွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပြီးတဲ့နောက် Cloud Connect ကို ဧပြီလ ၃၀ ရက်မှာ ရပ်တန့်ခဲ့ပါတယ်။

Google Voice App For BlackBerry

BlackBerry အတွက် Google Voice app ကို ရပ်ဆိုင်းမယ်လို့ Google က ကြေညာခဲ့ပြီးတဲ့နောက် BlackBerry သုံးစွဲသူများ အနေနဲ့ Google Voice ကို ဆက်လက် အသုံးပြုလိုပါက Google ရဲ့ HTML 5 app ကို အစားထိုး သုံးစွဲဖို့ အကြံပြုခဲ့ပါတယ်။

Google Sync (consumer version)

Google Sync ကတော့ သုံးစွဲသူများက Google Mail, Calender နဲ့ Contact တို့ကို Microsoft Exchange Active Sync protocol ကနေ အသုံးပြုနိုင်စေမယ့် tool ဖြစ်ပါတယ်။ ဒါပေမဲ့ Google က Card DAV လို့ခေါ်တဲ့ နည်းပညာကို ဖြန့်ချိပြီးတဲ့နောက် IMAP, CalDAV နဲ့ CardDAV တို့ကနေ အလားတူ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးခဲ့ပါတယ်။ ဇန်နဝါရီလ ၃၀ ရက်မှာတော့ ထုတ်ကုန်သစ်များကနေ Google Sync ကို အသုံးပြုနိုင်တော့မှာ မဟုတ်ကြောင်း Google က ကြေညာခဲ့ပါတယ်။

Google+ Local

Google Place ကို နာမည်ပြောင်းပြီး စီးပွားရေး လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေအတွက် Google ရဲ့ လမ်းညွှန် အနေနဲ့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက မိတ်ဆက်ပေးခဲ့တဲ့ app ဖြစ်ပါတယ်။ ဒါပေမဲ့ Google Maps ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးတဲ့နောက် ဒီ app ဟာ အသုံးမဝင်တဲ့ app ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Google က အဆိုပါ app ကို သြဂုတ်လမှာ App Store ကနေ ဖယ်ရှားခဲ့ပါတယ်။

Google Shopper

iOS နဲ့ Android အတွက် ဖြန့်ချိထားတဲ့ Google Shopper app တွေကို အဆုံးသတ်တော့မယ်လို့ Google က ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ standalone app တွေအစား Google Shopping နဲ့ Google Search ကို အသုံးပြုကြဖို့ Google က တိုက်တွန်းခဲ့ပါတယ်။

Google Catalogs

၂၀၁၁ ခုနှစ်မှာ၊ မိတ်ဆက်ပေးခဲ့တဲ့ Google Catalogs ဟာ စာရင်းတွေကို စာရွက်အစား Tablet ကွန်ပျူတာများနဲ့ ဖော်ပြပေးနိုင်ပြီး Nordstrom နဲ့ LL.Bean တို့လို လက်လီ အရောင်းဆိုင်တွေမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ Android နဲ့ iPad shooping app တွေဟာ Google အတွက် အလုပ်မဖြစ်ခဲ့တဲ့နောက် သြဂုတ်လမှာ အဲဒီ app အသုံးပြုခွင့်ကို အဆုံးသတ်ခဲ့ပါတယ်။

iGoogle

စိတ်ကြိုက် ပြင်ဆင် အသုံးပြုနိုင်တဲ့ home-page portal ကို Google က ၂၀၀၅ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပေမယ့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ အသုံးပြုခွင့် ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလို ရပ်ဆိုင်းမယ့် အစီအစဉ်ကို Google က ၂၀၁၂ ခုနှစ် ဇူလိုင်လ ကတည်းက ကြေညာထားခဲ့တာပါ။ Google ကတော့ အခုလို ရပ်ဆိုင်းရခြင်းဟာ Chrome နဲ့ Android လိုမျိုး Platform တွေပေါ်မှာ ခေတ်ပေါ် app တွေကို အသုံးပြုနိုင်ပြီ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
 
ဘမ္ဘီ

0 comments: