၂၀၁၄ခုနှစ် အတွက်မိဿရာသီဖွားများ၏ တစ်နှစ်စာပောာစာတမ်း



ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်
  • နိုင်ငံရပ်ခြားနှင့် ရင်းနှီးမြှုပ်နှံကုန်သွယ်မှုအကျိုးပြုတတ်သည်။
  • လူကြီးလူကောင်းများနှင့်ဆက်သွယ် ဆောင်ရွက်မှုကောင်းမွန်တတ်သည်။
  • အလုပ်တွင် အမြဲတန်းပြဿနာရင်ဆိုင်ရတတ်မှုသတိပြုပါ။
  • နိုင်ငံရပ်ခြား ပညာသင်ခရီးကောင်းမွန်တတ်သည်။
  • သို့သော် ပညာရေးတွင် လုံ့လ၀ီရိယအလေးထားသင့်သည်ကို ဂရုပြုပါ။
  • ကျန်းမာရေးတွင် ခေါင်းမူးခေါင်းကိုက် ဝေဒနာခံစားရမှု သတိပြုပါ။
ဧပြီ၊ မေ၊ ဇွန်
  • ပညာရေးကောင်းတတ်သည်။
  • အချစ်ရေးကောင်းမွန်တတ်ပြီး ချစ်သူပေါများမှုကြောင့်မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်မှုသတိပြုပါ။
  • အလှကုန်ပစ္စည်း၊ ဇိမ်ခံပစ္စည်းကူးသန်းရောင်းဝယ်ပါက အကျိုးထူးရနိုင်သည်။
  • ဖခင်သဖွယ်အကြီးအကဲ၏ ကြည့်ရှုမှုရရှိတတ်သည်။
  • ကျန်းမာရေးတွင် မျက်စိဂရုပြုရန်လိုပါသည်။
  • သားသမီးများ အတွက် စိတ်ချမ်းသာမှုရရှိတတ်သည်။
ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ
  • အိုးအိမ်၊ ယာဉ်၊ မြေယာများအကျိုးပြုမည်။ ဇွဲလုံ့လ၀ီရိယအကျိုးခံစားရတတ်သည်။
  • ခရီးဝေး၊ နိုင်ငံ ခြားခရီးပေါ်ပေါက်လာတတ်သည်။
  • ဘာသာတရား ဆောင်ရွက်ရတတ်သည်။
  • ဆရာသမား၏ ကူညီပံ့ပိုးမှုရရှိတတ်သည်။
  • ပညာရေးတွင် အနှောက်အယှက်ရှိနေတတ်မှု သတိပြုပါ။
  • သားသမီးသောကသတိထားပါ။ အချစ်ရေး ကောင်းမွန်တတ်သည်။
  • ကျန်းမာရေးတွင် ခါးတ၀ိုက် သတိထားပါ။
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ
  • နိုင်ငံရပ်ခြားနှင့် လုပ်ငန်းဆောင်ရွက်မှု ကောင်းမွန်လာတတ်သည်။
  • ရင်းနှီးမြှုပ်နှံမှု အကျိုးပြု တတ်သည်။ ကျန်းမာရေးအတွက် ဘာသာတရားများများပြုလုပ်ပေးပါ။
  • ညီအစ်ကိုမောင်နှမများနှင့်ပူးပေါင်းဆောင် ရွက်မှုအကျိုးပြုသည်။
  • ခရီးဝေးကိစ္စများ အကျိုးပြုတတ်သည်။
  • သားသမီးများအတွက်စိတ်ချမ်းသာမှုနှင့်သောက ဒွန်တွဲနေတတ်မှု သတိပြုပါ။
  • ပညာရေးကောင်းတတ်သော်လည်း ၀ီရိယနည်းပါးမှုကြောင့် လွဲချော်မှုဂရုပြုပါ။

0 comments: