** နေရာ **

 

ရင်ဘတ်ကိုခွဲ
သမိုင်းတစ်စကို ဆွဲထုတ်လိုက်တော့
ရာဇဝင်ထဲက ခြေရာတစ်ချို့
နှလုံးသားမှာ ကျန်ရစ်ခဲ့.......

ဂုဏ်ပကာသန လွှမ်းမိုးမှုမရှိ
အာဏာ ပါဝါ နတ္ထိမြို့ကလေးက
ကလေးတစ်ယောက်
နိုင်ငံကို ပြောင်းလဲလိမ့်မယ်လို့
မည်သူမှ မထင်မိ.....

အောင်သန်းရဲ့ ညီမို့လို့
အောင်ဆန်း ဖြစ်ခဲ့ရ...
တကယ်တော့ သူဟာ ထိန်လင်းပါပဲ....

ကိုယ်ကျိုးထက် နိုင်ငံအကျိုးကို
သူအသက်ပေးထမ်းရွက်
ဒါပေမယ့် မိသားစုအရေးလည်း
သူမပျက်ကွက်.....

သူဟာ
သူ့မိသားစုရဲ့ အိမ်ထောင်ဦးစီး
သူ့နိုင်ငံအတွက် နိုင်ငံဦးစီး
ကျွန်ုပ်တို့ရဲ့ နှလုံးသားကိုလည်း ဦးစီး
အခုချိန်ထိ ချုပ်ကိုင်ထားနိုင်တုန်း....

သူချုပ်ကိုင်ထားတာ
အဓမ္မချုပ်ကိုင်ခြင်း မဟုတ်
သူ့အတွက် ကျွန်ုပ်တို့ နှလုံးသားမှာ ကြည်ဖြူစွာ
ဦးထိပ်ထား နေရာ ပေးခြင်းသာ သက်သက်....

မင်း ဘယ်တော့မှ မမေ့အပ်
ဖေဖေါ်ဝါရီ ၁၃ရက် ငါတို့ ဗိုလ်ချုပ်ရဲ့ မွေးတဲ့ရက်.....

လင်းယံခ (မြန်မာစာ)

0 comments: