၂၀၁၄ခုနှစ် အတွက်တူရာသီဖွားများ၏ တစ်နှစ်စာပောာစာတမ်း



ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်
  • ဇွဲ၊ လုံ့လ၊ ၀ီရိယရှိသော်လည်း ခေါင်းမာတတ်မှုနှင့်တဇွတ်ထိုးပြုလုပ်တတ်မှုကိုဂရုပြုပါ။
  • လုပ်ငန်း နှောင့်နှေးကြန့်ကြာတတ်သည်။
  • ရင်းနှီးမြှုပ်နှံမှုကိုလျော့ ၍ပြုလုပ်သင့်သည်။
  • လက်ဝတ်ရတနာကို ဂရုစိုက်ပါ။
  • ကျန်းမာရေးသတိထားပါ။
  • ပညာရေးကောင်းတတ်သော်လည်း စိတ်ထင်တိုင်းမအောင်မြင်တတ်ပါ။
ဧပြီ၊ မေ၊ ဇွန်
  • လုပ်ငန်းအဆက်အသွယ်ကောင်းများရရှိတတ်သည်။
  • မိမိလုပ်ငန်းများအောင်မြင်မည်။ နိုင်ငံရပ်ခြားခရီးပေါ်လာတတ်သည်။
  • မိသားစုစိတ်ချမ်းသာမှုရရှိမည်။
  • ပညာရေးကောင်းသော်လည်း လုံ့လ၀ီရိယစိုက် ထုတ်ပေးပါ။
  • ချစ်သူဟောင်းနှင့်ပြန်တွေ့မည်။
  • သားသမီးအတွက် သောကအနည်းငယ်ရှိနိုင်သည်။
  • ကျန်းမာရေးတွင်လေနှင့် အကြောသတိပြုပါ။
ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ
  • လုပ်ငန်းများအခက်အခဲကြားမှပင် အောင် မြင်မှုရတတ်သည်။
  • ၀င်ငွေများများရတတ်သည်။ လက်ဝတ်ရတနာများဝင်မည်။
  • လက်အောက်ငယ်သားများ၏ ကူညီပံ့ပိုးမှုရရှိတတ်သည်။
  • သားသမီးကောင်းရရှိလာနိုင်သည်။
  • ကျန်းမာရေးကောင်းမည်။
  • ဘာသာရေး ကိစ္စများဆောင်ရွက်ရတတ်သည်။
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ
  • အလုပ်တွင် ပထမပိုင်းမကောင်းဟုထင်ရသော်လည်း
  • ဒုတိယပိုင်းတွင် အောင်မြင်မှုရရှိတတ်သည်။
  • မိမိကအထက်လူကြီးများအား ကူညီမှုပေးရတတ်သည်။
  • သားသမီးအတွက်စိတ်သောကရှိလာနိုင်သည်။
  • ပညာရေး အခက်အခဲရှိပြီးမှ အောင်မြင်မှုရနိုင်သည်။
  • အချစ်ရေး သောက မအေးရပါ။
  • ကျန်းမာရေးတွင် စိတ်အလိုမကျမှု နှင့် ဒေါသကြီးတတ်မှုသတိပြုပါ။

0 comments: