၂၀၁၄ခုနှစ် အတွက်ပြိဿရာသီဖွားများ၏ တစ်နှစ်စာပောာစာတမ်း



ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်
  • လုပ်ငန်းလုပ်ရာတွင်ထက်အောက်ညီမျှမှုရှိရန် သတိပြုပါ။
  • အလုပ်နှင့်လက်မပြတ်ဆိုသကဲ့သို့ အလုပ်များနေတတ်သည်။
  • ငွေကြေးကိစ္စကောင်းတတ်သော်လည်း ပြဿနာကြုံရတတ်မှုသတိပြုပါ။
  • အချစ်ရေး၊ အိမ်ထောင်ရေး သာယာမှုနည်းပါးတတ်သည်။
  • ကျန်းမာရေးတွင် ၀မ်းဗိုက်နှင့်ခါးတ၀ိုက်သတိထားပါ။
ဧပြီ၊ မေ၊ ဇွန်
  • မိမိအကြံအစည်များ အောင်မြင်မှုရရှိတတ်သည်။
  • ၀င်ငွေကောင်းမွန်တတ်သည်။ စိတ်ချမ်းသာမှုရှိ နေတတ်သည်။
  • ပညာရေးကောင်းမည်။ ပညာသင်ခရီး ပေါ်ပေါက်လာတတ်သည်။
  • စက်မှုနှင့်ပတ်သက်သော ပညာအကျိုးပြုမည်။
  • ချစ်သူပေါကြယ်ဝတတ်သည်။ အိမ်ထောင်ဘက်ကောင်းတွေ့ရတတ်သည်။
  • ဘာသာတရားအားနည်းတတ်သည်။ ကျန်းမာရေးတွင် အစားအသောက်ကြောင့် ၀မ်းဗိုက်သတိထားပါ။
ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ
  • ၀င်ငွေကောင်းမွန်မည်။ အဆက်အသွယ် ကောင်းများရရှိတတ်သည်။
  • စိတ်ချမ်းသာမှုရရှိတတ်သည်။ မိမိနှင့်ယှဉ်ပြိုင်သူများအပေါ်အနိုင်ရရှိမည်။
  • အိမ်ထောင်ဘက်ကျန်းမာရေးသတိထားပါ။
  • အချစ်ရေးတွင် ပြဿနာရှိမှုဂရုပြုပါ။
  • ပညာရေးကောင်းမွန်တတ်သော်လည်း လုံ့လ၀ီရိယကို ဂရုပြုပါ။
  • ကျန်းမာရေးတွင် ၀မ်းဗိုက်၊ခါးတ၀ိုက်သတိပြုပါ။
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ
  • မိမိ၏ လုပ်ငန်းကိစ္စများအောင်မြင်မှုရရှိရန် အလားအလာကောင်းနေသည်။
  • လက်အောက်ငယ်သား သတိထားပါ။ အိမ်၊ ခြံ၊ မြေကိစ္စအရှုပ်အရှင်းဖြစ်တတ် မှုသတိပြုပါ။
  • အိမ်ထောင်ဘက်အတွက် ငွေကုန်ကျမှု သတိပြုပါ။
  • ဖခင်ကျန်းမာရေး ညံ့ဖျင်းတတ်သည်။
  • ပညာရေး အကောင်းအဆိုး ဒွန်တွဲနေမည်။
  • ကျန်းမာရေး ကောင်းမည်။

0 comments: