Samsung Galaxy S3 screenshot ရိုက်နည်း

Take a Screenshot on Galaxy S3 Step 1.jpg
မေးထားတဲ့သူကတော့ ကြာပါပြီ။ ချက်ချင်း ပြန်မဖြေနိုင်လို့ နားလည်ပေးပါ။
Samsung Galaxy S3 screenshot ရိုက်နည်းအမျိုးမျိုး ရှိပါတယ်။ ကျွန်တော် လူသုံးများတဲ့ နည်းလမ်းများကိုသာ ရှင်းပြ ပေးသွားပါမယ်။


နည်းလမ်း(၁)
ဒီနည်းလမ်းကတော့ လူသိများ၊ လူသုံးများတဲ့ နည်းလမ်းလေးပါ။ ကျွန်တော်တို့ ဖုန်း Power ခလုတ်နဲ့ Home ခလုတ်နဲ့ကို တွဲပြီး ဖိလိုက်ပါ။ ကျွန်တော်တို့ ကင်မရာရိုက်တဲ့အသံ "ချလက်" ဆိုတာ ကြားရပါလိမ့်မယ်။ ဒါဆိုရင်တော့ screenshot ရိုက်ပြီးသွားလို့ပါ။

Take a Screenshot on Galaxy S3 Step 1.jpg

နည်းလမ်း (၂)
ဒီနည်းလမ်းကို အသုံးပြုဖို့ကတော့ Android version 4.0 အထက် ရှိရပါမယ်။ ကျွန်တော်တို့ ပထမဆုံး Setting ထဲကို ဝင်ပါမယ်။
Image:Take a Screenshot on Galaxy S3 Step 2.jpg
ကျွန်တော်တို့ Motion ဆိုတာကို ရှာပြီး ဘေးက ခလုတ်လေးကို ညာဘက်ကိုဆွဲလိုက်ပါမယ်။
http://pad3.whstatic.com/images/thumb/8/8d/Take-a-Screenshot-on-Galaxy-S3-Step-3.jpg/629px-Take-a-Screenshot-on-Galaxy-S3-Step-3.jpg
ပြီးရင်တော့ အောက်ကပုံမှာ ပြတဲ့အတိုင်း အမှန်ခြစ်လိုက်ပါမယ်။
Image:Take a Screenshot on Galaxy S3 Step 5.jpg
ပြီးရင်တော့ Setting ထဲကနေ ပြန်ထွက်လိုက်ပြီး မိမိ screenshot ရိုက်ချင်တာကို ဖွင့်ပြီးတော့ ပုံမှာ ပြတဲ့အတိုင်း လက်ကို ဒေါင်လိုက် ရွေ့လိုက်ရင် ကင်မရာရိုက်သံနဲ့အတူ screenshot ရိုက်တာကို တွေ့ရပါမယ်။
Image:Take a Screenshot on Galaxy S3 Step 6.jpg
မိမိ screenshot ရိုက်ထားတဲ့ ပုံတွေကို Gallery ထဲမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ....

အားလုံးကို ခင်မင်လေးစားလျက်...
လင်းယံခ

0 comments: