Valentine Day


အချစ်ဆိုတာ
ဘယ်ကစမှန်း မသိပေမယ့်
ငါ့အတွက်တော့ အချစ်ဆိုတာ


မင်းမျက်ဝန်းလေးနဲ့ ဆုံလိုက်ချိန်က
မင်းရဲ့ ချိုသာတဲ့ အသံလေး
ကြားလိုက် ရချိန်က စ....
ရင်ခုန်သံတွေက
အခုချိန်ထိ မရပ်သေး
မင်းရဲ့ အပြုံးတွေက
ငါ့ရင်ထဲ တိုးဝှေ့နေသေး
မင်းရဲ့ ရယ်သံလေးတွေက
ငါ့နားထဲ ရိုက်ခတ်နေသေး
ငါ အသက်ရှူမရပ်သရွေ့
ငါ့ရဲ့ နေ့တိုင်းဟာ
မင်းနဲ့ Valentine Day.....



လင်းယံခ

0 comments: