နှစ်ဦးသား ရှေ့ဆက်သွားဖို့ ပိုမိုသေချာသွားစေတဲ့ အချက်များ

 
ချစ်သူတွေတိုင်း ပေါင်းချင်မှ ပေါင်းကြရတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကွဲသွားရတာမျိုးတွေလည်း ရှိတာပါပဲ။ ဒါပေမယ့် နှစ်ဦးကြား ဘာပြဿနာမှလည်း ထွေထွေထူးထူး မရှိဘူး။
တစ်ယောက်နဲ့ တစ်ယောက်လည်း တော်တော်နားလည်နေကြပြီဆိုရင် ရှေ့ဆက် ရွှေလက်တွဲသွားဖို့ ပိုသေချာသွားစေတဲ့ အချက်တွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ သူ့မိဘတွေနဲ့ တွေ့ဆုံပြီးသွားပြီဆိုရင်

ခုဆိုရင် ချစ်သူရဲ့အမေက ဖုန်းဆက်ရင်လည်း ကိုယ်က ချစ်သူကိုယ်စား ဖြေပေးလိုက်တာပဲ။ အိမ်အလည်လာဖို့ ခေါ်ရင်လည်း သွားလိုက်တာပဲ။ တစ်ခါတစ်လေ မိသားစုလိုက် မုန့်လုပ်စားတဲ့အချိန်တွေမှာတောင် ကိုယ်ကပါဝင်နေပြီဆိုရင်တော့ ဒါဟာ ရွှေလက်တွဲဖို့ နီးစပ်တဲ့အချက်ပါ။

၂။ သူနဲ့မြဲပါပြီလို့ ခံစားမိသွားပြီဆိုရင်

ဒီအချက်က ကိုယ့်ခံစားချက်နဲ့ နည်းနည်းပတ်သက်နေပါတယ်။ ကိုယ်က တစ်ခြားလူတွေနဲ့တွဲတုန်းက ခံစားရတာက တစ်မျိုး၊ သူနဲ့ကျမှ ဝေးလို့မဖြစ်ဘူးဆိုတဲ့ သေချာတဲ့ခံစားချက်လေးတစ်ခုကလည်း သင်တို့နှစ်ယောက်ကို ဝေးကွာစေမှာ မဟုတ်ဘူးဆိုတာ သိထားပါ။

၃။သူမရှိရင် ဘယ်လိုမှ မနေတတ်တော့တာမျိုးဆိုရင်

စားအတူ၊ သွားအတူ တစ်ရက်တောင် မခွဲပဲအတူတူတွဲနေတာမျိုးဆိုရင်လည်း ဒါဟာ ရွှေလက်တွဲဖို့ သေချာစေတာပါပဲ။

၎။သူဟာ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို အလေးထားတယ်ဆိုရင်

သူက ကိုယ်အိမ်မှာ ဘယ်လိုနေလဲဆိုတာကိုလည်း သိတယ်။ ကိုယ့်နေထိုင်မှုစနစ်ကိုလည်း သူသဘောကျတယ်။ ဒါကောင်းတဲ့အချက်ပါ။ ဒီအချက်ကလည်း ချစ်သူနှစ်ဦး ရှေ့ဆက်လက်တွဲဖို့ အရေးပါတယ်နော်။

၅။တစ်ခါတစ်လေ သူ့ကို ဘယ်လိုလေး လွှတ်ထားပေးရမလဲဆိုတာ ကိုယ်ကသိနေရင်

လူဆိုတာ တစ်ချိန်လုံးတော့ နှစ်ယောက်သားတစ်တွဲတွဲ မနေနိုင်ပါဘူး။ စိတ်တွေရှုပ်လာလို့ တစ်ယောက်တည်း စိတ်ထွက်ပေါက်ရှာချင်တာမျိုးတွေအတွက် သူ့ကို တစ်ယောက်တည်း ဘယ်လိုပေးနေရမလဲဆိုတာကို ကိုယ်က နားလည်ထားတယ်ဆိုရင် ဒါဟာ ချစ်သူနှစ်ဦးထက်ကို ပိုခိုင်မြဲတဲ့ သံယောဇဉ်ကြောင့် လုပ်နိုင်တာပါ။

၆။ပိုက်ဆံအကြောင်း သူနဲ့ပြောရဆိုရတာ စိတ်သက်သာတယ်ဆိုရင်

သူတစ်လ ဘယ်လောက်သုံးတယ်၊ ကိုယ်ဘယ်လောက်သုံးတယ် ဆိုတာမျိုးတွေ၊ သူနဲ့ကိုယ်နဲ့ ရတဲ့ငွေကို မျှသုံးပြီး တစ်လတစ်လ ဘယ်လောက်စုကြတယ်ဆိုတာမျိုးတွေ စသဖြင့် ပိုက်ဆံအကြောင်း တစ်ဦးနဲ့တစ်ဦး ဖွင့်ဟရတာမျိုး အခက်အခဲမရှိဘူးဆိုရင်လည်း ဒါ အိမ်ထောင်ရေးဘက်ကို ရှေ့ဆက်တိုးမယ့် ခြေလှမ်းပါပဲ။

၇။သူ့အကြောင်းသာမက သူ့အိမ်နီးချင်းတွေအကြောင်းပါ ကိုယ်ကသိနေပြီဆိုရင်

သူ့အကြောင်း၊ ကိုယ့်အကြောင်းတောင် မဟုတ်တော့ဘူး။ သူ့ သူငယ်ချင်းတွေ၊ သူ့အိမ်နီးချင်းတွေအကြောင်းပါ သိနေပြီ၊ အားလုံးနဲ့ပါ ခင်နေပြီဆိုရင်တော့ ဒါဟာ နှစ်ဦးသားရွှေလက်တွဲဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို သက်သေပြနေတာပါပဲ။

Ref:cosmopolitan.com

0 comments: