White Noice apk


ဒီ apk ကတော့ စိတ်ညစ်နေတဲ့ အချိန်မှာ ဖြစ်ဖြစ်၊ ညအိပ်ခါနီး စိတ်ကို အေးအေးလေးနဲ့ အိပ်ချင်သူများအတွက် အသင့်တော်ဆုံး ဆော့ဝဲလ်လေးပါဗျ... ဒီဆော့ဝဲလ်လေးကတော့ ရေတံခွန်သံ၊ မိုးရွာသံ၊ ကြောင်အိပ်နေတဲ့အသံ စတဲ့ ချိုသာတဲ့ အသံပေါင်းများစွာ ပါဝင်ပါတယ်။

0 comments:

၅၂၈ မေတ္တာဟူသည်...

 
လူတိုင်းလူတိုင်း ချစ်ခြင်းမေတ္တာကို ဖွင့်ဆိုရာတွင် ၅၂၈ဟူသော ချစ်ခြင်းမေတ္တာ၊ ၁၅ဝဝဟူသော ချစ်ခြင်းမေတ္တာ စသည်ဖြင့် ဖွင့်ဆိုလေ့ရှိသည်။ သို့သော် အသေးစိတ်ကိုမူ သိသူရှား၏။ အမှန်စင်စစ် ၅၂၈ ချစ်ခြင်းသည် အေးမြသောချစ်ခြင်းမေတ္တာသာ ဖြစ်သည်။ မိဘမှသားသမီးအပေါ်ထားရှိသော မေတ္တာမျိုးသည် ထို ၅၂၈မေတ္တာသာဖြစ်သည်။ ထို ၅၂၈ မေတ္တာ၏ အဓိပ္ပာယ် အပြည့်အစုံမှာ -

0 comments:

Zapya V17.0 apk


Android သမား တော်တော်များများ Zapya ဆိုတဲ့ apk လေးကို အသုံးပြုကြမယ် ထင်ပါတယ်။ သုံးဖူးတဲ့ သူတွေအတွက်လည်း update လုပ်ရအောင်ရယ်၊ မသုံးဖူးတဲ့သူတွေအတွက်လည်း သုံးလို့ရအောင်လို့ တင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးက ဖုန်းတစ်လုံးနဲ့တစ်လုံး data ပို့ရာတွင် အလွန်ကို အသုံးတည့်တဲ့ ဆော့ဝဲလ်လေးပါဗျ....
အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်နော်...

0 comments:

သုခမှတ်စု E-book

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/c0.0.318.318/p403x403/599016_341795142588474_1026960610_n.png
ဒီစာအုပ်လေးကတော့ စာပေဗဟုသုတ သိုမှီးသူများအတွက် လက်ကိုင်ထားသင့်တဲ့ စာအုပ်လေးပါ။ စာရေးဆရာကြီး ဦးသုခ မှတ်စုထုတ်ခဲ့တဲ့ သုခမှတ်စု ဆိုတဲ့စာအုပ်လေးပါ။ မြန်မာစာ ကျောင်းသား၊ ကျောင်းသူတိုင်း လက်ကိုင်ထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပေါ့။ ဒီစာအုပ်လေးထဲမှာ တကယ့်ကို အကျိုးရှိတဲ့ စာပေတွေ ပါဝင်တာမို့ ယခုဘဲ ဒေါင်းလိုက်ကြပါနော့....

Download Here:
သုခမှတ်စု e-book

အားလုံးကို ခင်မင်လေးစားလျက်...
လင်းယံခ (မြန်မာစာ)

0 comments:

Android သမားများအတွက် ကိုးန၀င်း apk


ဒီဆော့ဝဲလ်လေးကတော့ ဘာသာရေးသမားများအတွက် ထုတ်ထားတဲ့ ကိုးနဝင်းဆော့ဝဲလ်လေးပါ။ ကိုးနဝင်း မိုးလင်းမှသိမယ် ဆိုတဲ့ ကိုးနဝင်း ပုတီးစိပ်နေသူများအတွက် အလွန်ကို အဆင်ပြေတဲ့ apk လေးပါ။ လိုချင်သူများရှိလို့ တင်ပေးလိုက်ပါတယ်ဗျာ....

0 comments:

လအလိုက် မွေးနေ့ကိတ် အမျိုးအစားများ

 
အင်း.... လအလိုက် မွေးနေ့လုပ်ရင် အသုံးပြုသင့်တဲ့ ကိတ်အမျိုးအစားတွေတဲ့။ ဗဟုသုတရအောင်တော့ မှတ်ထားကြနော်....

0 comments:

Microsoft Security Essentials definition updates ( June 25)

 

the latest Microsoft Security Essentials definition updates for a 32-bit or 64-bit computer

The latest virus definition version is: 1.153.667.0.
Download the latest Microsoft Security Essentials updates for your PC:
For a 32-bit system | For a 64-bit system

0 comments:

ပန်းကြာဝတ်မှုန် (ခင်ခင်ထူး)


ကျွန်တော်ကတော့ လုံးဝကို ဟတ်ထိသွားပြီလို့လည်း ပြောလို့ရတဲ့ စာအုပ်လေးတစ်အုပ်ပါ။ နာမည်ကိုက အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။ ပန်ကြာဝတ်မှုန်တဲ့။ ဒီစာအုပ်လးကို ဆရာမ ခင်ခင်ထူး ရေးသားထားတာ ဖြစ်ပြီး ၁၉၈၀ ၀န်းကျင်က မန္တလေးတက္ကသိုလ် ပုံရိပ်တစ်ချို့ ထင်ဟပ်နေတဲ့ ၀တ္ထုစာအုပ်လေးပါ။

0 comments:

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

Photo: အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
Sunday, June 23, 2013

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေ ထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။

မြ၀တီ
အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

0 comments:

ပန်းကြာဝတ်မှုန် ခံစားချက်


ပန်းကြာဝတ်မှုန် ကြည့်ပြီးတော့
ရင်ထဲမှာ ဝမ်းနည်းသလိုလို၊ တစ်ချိန်က ပုံရိပ်တွေကို ပြန်လည် လွမ်းဆွတ်သလိုလို...
ဒေသကောလိပ်ရှိတဲ့ ဖာသာလဖုန်း၊ ၃၇လမ်းကနေ မိန်းထဲ၊ ပင်မဆောင် ဝါကြင်ကြင်၊ ဆိတ်ငြိမ်နေတဲ့ စာသင်ခန်းတွေ၊ သစ္စာ၊ ရတနာပုံ အဆောင်တွေဖြတ်ပြီးတော့ ကျွန်တော့်ခြေလှမ်းတွေ ရွှေပြည်အေး ပေါ်တက်လာခဲ့၊ တစ်ချိန်က တက္ကသိုလ်ကျောင်းသားတွေ ပျော်ရွှင်စွာ တက်ခဲ့တဲ့ လှေကားထစ်တွေ အခုတော့ ငြိမ်နေပြီ။ အောင်မင်္ဂလာကိုဖြတ်လို့ ရွှေမန်းဆီဦးတည်၊ ဘေးမှာက အောင်သပြေနဲ့ ရေတမာ...
ဟိုးအဝေးမှာ လွှင့်ပျံနေခဲ့ပြီ။
အပေတေတစ်ယောက် မန်းလေးသားရဲ့ ရင်တွင်းခံစားချက်တွေကိုတော့ Friend Cafe' က လက်ဖက်ရည် ခါးခါးလေးက ဖြေသိမ့်ပေးနိုင်ပါရဲ့လေ...

လင်းယံခ
23.6.2013 18:41pm
Near Mandalay University

0 comments:

သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ် ဘုန်းနိုင်)


ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ လက်ရာကောင်း ၀တ္တုရှည် စာအုပ်တစ်အုပ်ပါ။ အရေးအသားဖွဲ့နွဲ့မှုကလည်း ကောင်းသလို ဆရာရဲ့ ဖွဲ့ဆိုမှုတွေဟာ ဖတ်နေရင်းနဲ့ လက်ကနေကို မချချင်အောင်ကို ရေးသားနိုင်စွမ်းရှိပါတယ်။

0 comments:

Android ဖုန်းနဲ့ သီချင်းနားဆင်ရာတွင် အကောင်းဆုံး TT Pod apk


အခုလည်း ဆော့ဝဲလ်ကောင်းလေးတစ်ခုကို ရှာပေးလိုက်ပါတယ်ဗျာ....
သီချင်းနားထောင်ရတာကို ဝါသနာပါတဲ့ သူငယ်ချင်းများအတွက် အတော်လေးကို နားထောင်လို့ရတဲ့ music player တစ်ခုကို ရှာပေးလိုက်ပါတယ်ဗျာ။

0 comments:

တာတေစနေသား - ဦးနု E-book


ဒီစာအုပ်လေးကတော့ ဦးနုရေးတဲ့ တာတေစနေသား စာအုပ်ပါ။ E-bookရှာတွေ့လိုက်လို့ တင်ပေးလိုက်ပါတယ်ဗျာ... ဖတ်ချင်တဲ့သူရှိမယ် ထင်ပါတယ်။ အဆင်ပြေပါစေလို့လည်း မျှော့်လင့်ပါတယ်။
အောက်မှာ ဒေါင်းနိုင်ပါတယ်နော်...

0 comments:

မိုဘိုင်း ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်
ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။

0 comments:

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် E-book


ဒီစာအုပ်လေးကို လူတိုင်းဖတ်ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ မဖတ်ဖူးတဲ့သူတွေ အနေနဲ့လည်း ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်လို့ လမ်းညွှန်ချင်ပါတယ်။
လူတိုင်းက မိမိဘဝကို တိုးတက်လိုကြပါတယ်။ ဒါပေမယ့် ဘယ်လို ပြုမူဆောင်ရွက်သင့်သလဲဆိုတာ သိတဲ့သူ ရှားပါတယ်။

0 comments:

ဆိတ်ငြိမ်နေသော ဆည်းလည်းလေးများ


ကျွန်တော် ကုသိုလ်တော်ဘုရားကို သန့်ရှင်းရေးလုပ်ဖို့ ရောက်ဖြစ်ခဲ့တယ်။ ဘုရားထဲ ဝင်လိုက်တော့ ကျွန်တော့်နောက်ကနေ ခရေပန်းလေး ဝယ်ပါဦးဆိုပြီး ကလေးမလေးတစ်ယောက် တစ်ကောက်ကောက်နဲ့ လိုက်လာတာတွေ့တော့ လှည့်ကြည့်မိတယ်။ နှစ်တန်း အရွယ်လောက်ဘဲ ရှိဦးမယ်ထင်ပါတယ်။ ဒါနဲ့ ဘယ်က လာရောင်းတာလဲ မေးကြည့်လိုက်တော့ အုတ်စက်က လာရောင်းတာတဲ့။ အုတ်စက်ဆိုတာ မန်းလေး နန်းရှေ့ မြောက်ဘက်က ရပ်ကွက်ကို ခေါ်တာပါ။ ဒါနဲ့ သူ့ရဲ့ ဗန်းကလေးထဲကို ကြည့်လိုက်တော့ လောလောလတ်လတ် သီကုံးထားတဲ့ ခရေပန်းကုံးလေးတစ်ချို့ကို တွေ့ရတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ချို့က ပန်းဝယ်မယ်ဆိုပြီး ဈေးမေးကြည့်တော့ တစ်ကုံးကို တစ်ရာကျပ်တဲ့။

0 comments:

GSM Internet Setting for I-Phone

iPhone တွင် 3G Internet Setting ထည့်နည်းလေးပါ။
၁. အရင်ဆုံး Setting>General>Network ကို အရင်သွားရပါမယ်။


0 comments:

GSM Internet Setting for Android


တစ်ချို့တွေကတော့ သိကြပါတယ်။ မသိကြသေးတဲ့သူတွေအတွက် GSM Internet Setting ထည့်နည်းလေးကို တင်ပေးလိုက်ပါတယ်...
အောက်က အတိုင်း Register ဝင်လုပ်ပြီး အင်တာနက်ဖွင့်ကြည့်နိုင်ပါတယ်...

0 comments:

မြန်မာ့ ၁၂ ရာသီခွင် apk

 
ဒီ ဆော့ဝဲလ်လေးကတော့ မြန်မာ့ ၁၂ရာသီခွင် ဗေဒင်အကြောင်းများ၊ ရာသီဖွား ဟောစာတမ်းများ၊ ဂဏန်းဗေဒင်အကြောင်း၊ သွေးအုပ်စုများအကြောင်း၊ အချစ်ရေး ဟောပြောချက်များကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားတဲ့ apk လေးပါ။

0 comments:

၂၀၁၃-ခု၊ ဇွန်လအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။

0 comments:

အနီးဆုံးလူ (Lyric+Music)

အင်း... ပိုစ့်ကလည်း မတင်ဖြစ်တာကြာပြီဆိုတော့ ဘာတင်ရင်ကောင်းမလဲ စဉ်းစားနေတုန်း အခုတလော နားထောင်ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်ဗျာ... ဒီသီချင်းလေးရဲ့ စာသားတွေက အရမ်းလည်း မိုက်သလို သံစဉ်လေးကလည်း ငြိမ့်ငြိမ့်လေးဆိုတော့ ကျွန်တော်ကတော့ အရမ်းကိုကြိုက်တယ်ဗျာ...ဒါကြောင့် ကျွန်တော်ကိုယ်တိုင် စာသားလေးကို လိုက်ရေးပြီး Lyric ပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်ဗျာ...
ဘယ်အခွေထဲမှာ ပါသလဲတော့ မသိပေမယ့် ဒီသီချင်းဆိုသူကိုတော့ Credit ပေးပါတယ်ဗျာ...

1 comments: