• စာအုပ်မျိုးစုံ

    Android, Windows, သုတ, ရသ, ဗေဒင်စသည့် လေ့လာစရာ စာအုပ်မျိုးစုံကို ဒီနေရာတွင် ရရှိနိုင်ပါသည်။

  • Android APKများ

    Android ဖုန်းအတွက် မရှိမဖြစ်လိုအပ်သော apk များကို ဒီနေရာတွင် ရယူပါ။...

  • အထွေထွေဗဟုသုတ

    နိုင်ငံတကာမှ အကြောင်းအရာများ၊ အခြားသော စိတ်ဝင်စားဖွယ် ဗဟုသုတ မျိုးစုံကို ဒီနေရာတွင် လေ့လာပါ။...

  • ဆော့ဝဲလ်များ

    သင့် ကွန်ပျူတာအတွက် လိုအပ်သော ဆော့ဝဲလ်များ၊ Update များကို ဒီနေရာတွင် ရယူပါ။...

Showing posts with label My Poem. Show all posts

ကမ္ဘာပြိုသီချင်း

လွမ်းသလား မေးရင်
ငါ လွမ်းပါတယ်...
ချစ်သလား မေးရင်တော့
ငါ ဖြေဖို့ ခက်တယ်!

မိုးသည်းညတွေတိုင်း
မိုးစက်အောက်တွေရပ်ပြီး
ကောင်းကင်ကို မော့ကြည့်ခဲ့တယ်...
မတော်တဆ
မင်းကိုလွမ်းနေတာများ
မိုးရေထဲ ပါသွားမလားပေါ့....

တစ်ခါတလေမှာ
မိုက်ရူးရဲဆန်ခြင်းဟာ
သိပ်ကို အရသာရှိတဲ့ ဟင်းတစ်ခွက်
ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့...

အချစ်ဆိုတာ သိရဖို့အတွက်
မီးပုံထဲ လက်မနှိုက်ဖူးတဲ့
ကလေးတစ်ယောက်လို
ငါစွန့်စားကြည့်ချင်ရဲ့....

ကမ္ဘာပြားသလား မသိချင်တော့
နေအရှေ့ကထွက်သလား မသိချင်တော့
နိုင်ငံတော်သမ္မတကဘယ်သူ ငါမသိချင်တော့
ငါသိနေခဲ့တာက မင်းရယ်သံလေး...

အချစ်အတွက်နဲ့ စစ်ထိုးရကြေးဆို
ထိုတိုက်ပွဲကို ငါအရှုံးပေးတယ်...
မင်းနှလုံးသားကို တိုက်ပွဲတစ်ခုနဲ့
ငါတန်ကြေးမဖြတ်နိုင်ခဲ့...
ဘဝတိုက်ပွဲမှာ မင်းသာပါရင်တော့
ငါရှေ့ဆုံးကနေ ဖြတ်ကျော်မယ်....

လွမ်းသလားမေးရင်
ငါ လွမ်းပါတယ်...
ချစ်သလားမေးရင်တော့
......................


လင်းယံခ

မှောင်ရိပ်ခိုမိသောနှလုံးသား

ပွင့်နေတဲ့တံခါးလေး
ကျွန်တော် မပိတ်ခဲ့ပါ....

အချစ်ဟာ
ဘယ်က စသလဲ?
ဘယ်မှာ ဆုံးသလဲ?
ကျွန်တော် မသိချင်....


နယူတန်ပြောတဲ့ အချစ်အကြောင်း
ရိုမီယိုပြောတဲ့ အချစ်အကြောင်း
လီယိုနာဒိုပြောတဲ့ အချစ်အကြောင်း
ဒဿဂီရိပြောတဲ့ အချစ်အကြောင်း
မောင်ချောနွယ်ပြောတဲ့ အချစ်အကြောင်း
အောင်ချိမ့်ပြောတဲ့ အချစ်အကြောင်း
ဘာတစ်ခုမှ မသိချင်!
ကိုသိချင်တာ
အချစ်ကပြောတဲ့ အချစ်အကြောင်း...

သူပြောပြခဲ့ပါတယ်!
အချစ်ကပြောတဲ့ အချစ်အကြောင်းအဆုံးမှာ
ကို ပြန်ဆက်ပေးချင်တဲ့ သူ့နှလုံးသားတွေ
ကို ပြန်ခြယ်ပေးချင်တဲ့ သူ့အလှတွေ
ကို ပြန်လျှောက်လှမ်းစေချင်တဲ့ သူ့ခရီးလမ်းတွေ
ကို ပြန်ပြီး.....

စူးစူးနစ်နစ်ထိုးဝင်ခဲ့တဲ့
အပြစ်မရှိတဲ့ ဆူးတစ်ချောင်းကို
ကျွန်တော် ခုံရုံးမတင်ရက်ပါ...

ကိုယ့်ကိုယ်ကို
အကျဥ်းချခဲ့ခြင်းတွေအတွက်
​အယူခံ မဝင်လိုတော့ပါ....

ဝင်လာခဲ့ပြီးနောက်
သူပြန်ထွက်သလား
ကျွန်တော်မသိပါ...

ပွင့်နေတဲ့ ထိုတံခါးလေး
ကျွန်တော်..................


လင်းယံခ

အချစ်

အချစ်ဆိုတာ
ငါမှာသောက်တဲ့ ကော်ဖီတစ်ခွက်ကျမှ
သကြားမပါသလို

အချစ်ဆိုတာ
ငါမှာသောက်တဲ့ ဘီယာခွက်ကျမှ
အမြှုပ်များသလို

အချစ်ဆိုတာ
ငါမှာစားတဲ့ ခေါက်ဆွဲတစ်ပွဲကျမှ
ဆားပိုထည့်မိသလို

အချစ်ဆိုတာ
ငါချိုးတဲ့ ရေချိုးခန်းကျမှ
ရေအေးပိုက်ပျက်သလို

အချစ်ဆိုတာ
ငါချစ်နေတော့လည်း ခံနေဦးပေါ့။

လင်းယံခ

အလင်းပိတ်အကြည်

ငါဟာ ငါ့ကိုယ့်ငါ သနားလွန်းလို့
ပြန်မရလိုက်တဲ့ အားနာခြင်းတွေ
ပုံမှန်တစ်ခွက်ထဲ ပြုတ်ကျခါမှ
အလူးလူးအလဲလဲ ဖုန်ခါထရပေါ့။
ကိုယ့်ကိုယ်ကို ပြန်မမြင်နိုင်တဲ့
မှန်တစ်ချပ်အတွက်
မျက်နှာသစ်ပေးကြတဲ့လူတွေ
တန်ပြန်ခြင်းတရား နာကြားရတဲ့အခါမှ
အဘိဓမ္မာကို ပြန်လှန်မနေကြပါနဲ့။
ညစာလား? မနက်စာလား?
မကွဲပြားတဲ့ သန်းခေါင်ယံတွေအတွက်
မီးတိုင်အောက်က ပျိုမေ နုပျိုလွန်းနေတယ်။
ရယ်နေကြတဲ့ သွားတွေကို
ညီနေတဲ့ နှုတ်ခမ်းပါးတစ်ချို့က မနာလိုဖြစ်ကြ။
လျှောက်လှမ်းဆဲ ခန္ဓာနဲ့
ရပ်နေတဲ့ ခြေထောက်တွေနဲ့ အငြင်းအခုံဖြစ်။
လက်ဖက်ရည်ခွက်ထဲ မှောက်ကျသွားတဲ့
စားပွဲထိုးအဖြစ်မှာ တရားခံဟာ အချစ်ပဲ။

လင်းယံခ

ပန်းပိတောက်အနမ်း



** လျှောက်လှမ်းခြင်း **

လျှောက်ကြတယ်
လျှောက်နေကြတယ်
လျှောက်နေကြတုန်းပဲ
ခွက်ထဲက အရည်တွေ ကုန်မသွားခင်ပေါ့
တံတားပေါ်က ခြေသံတွေ ငြိမ်မသွားခင်ပေါ့
နေဝင်ချိန်တွေ ရောက်မလာချိန်ထိပေါ့
ကျွန်တော် ကဗျာတွေ ရေးနေလေရဲ့.....

လင်းယံခ

**မြစ်ဖျားခံရာ**

ကဗျာတွေ ကခုန်တဲ့ ညမှာ
ကာရန်တွေ အိပ်နေလေရဲ့....

ပွဲလန့်တုန်းဖျာခင်းလိုက်တော့
အဲဒီဖျာ ပျောက်သွားလေရော.....

ဘာပဲဖြစ်ဖြစ်လေ
ပန်းသီးတစ်လုံးက သမိုင်းကို စတင်ခဲ့ပါတယ်.....

လင်းယံခ

Valentine Day


အချစ်ဆိုတာ
ဘယ်ကစမှန်း မသိပေမယ့်
ငါ့အတွက်တော့ အချစ်ဆိုတာ

** နေရာ **

 

ကလေးရယ်...

ကလေးရယ်...
အခုချိန်မှာတော့
မင်းကို ပြောမယ့်
ချစ်စကားလေးတွေကို
ရင်ထဲမှာ သိုဝှက် သိမ်းထားမယ်...
တစ်နေ့နေ့ရောက်ရင်တော့
ငါဖွင့်ပြောပါ့မယ်....
လက်ရှိအခြေအနေမှာ
ငါဟာ မပြည့်စုံသူမို့ပါကွယ်...


လင်းယံခ
အိမ်ရှေ့က
သစ်ပင်ပေါ်က
သစ်ရွက်ခြောက်တွေ
တဖြုတ်ဖြုတ်ကြွေ
ဒါဟာ
ဆောင်းရဲ့နှုတ်ဆက်ခြင်းလား?
နွေရဲ့ ခြေသံလေးတွေလား?


လင်းယံခ

ရည်းစားစာ

သူမသည်
အရမ်းလှသည်...
ထို့ကြောင့်
သူမကို
ကြိုက်တဲ့သူ များပြားသည်.....
ကျွန်တော်သည်
သူမကို ပိုင်ဆိုင်ရဖို့ထက်
သူမအလှကို ပိုပေါ်လွင်အောင်
ပျိုးထောင်ပေးသူသာ ဖြစ်ချင်သည်....


လင်းယံခ

စံပယ်

မင်းဟာ
နှင်းဆီမဟုတ်တဲ့ စပယ်....
နှင်းဆီလို
ဆူးများနဲ့ မကာရန်ထားပေမယ့်
ဖြူစင်စွာ လှပပါတယ်....
ဒါပေမယ့်
ခြူလိုသူ လက်များကြားကိုတော့
ကို စိုးကြောက်မိတယ်....


လင်းယံခ

November

Photo: November
------------
ငွေနှင်းမှုန် ခြယ်ကာစီ
ရေးခြယ်လိုက်ပြီ.....
ဆောင်းအဝင် ဝင်စမို့
သြော် အေးလာခဲ့သည်...
အေးချမ်းမှုတွေ သယ်ဆောင်လာ
တို့ချစ်တဲ့ နိုဝင်ဘာ.....
ကြည်နူးချမ်းမြေ့ကြစေဗျာ....

လင်းယံခ
ငွေနှင်းမှုန် ခြယ်ကာစီ
ရေးခြယ်လိုက်ပြီ.....
ဆောင်းအဝင် ဝင်စမို့
သြော် အေးလာခဲ့သည်...
အေးချမ်းမှုတွေ သယ်ဆောင်လာ
တို့ချစ်တဲ့ နိုဝင်ဘာ.....
ကြည်နူးချမ်းမြေ့ကြစေဗျာ....

လင်းယံခ

မွန်းကြပ်ခြင်း

 
တစ်ခါတစ်လေ ပျော်ရွှင်နေတဲ့ အပျော်တွေဟာ
လူတွေကြောင့်ဘဲ ပျောက်ပျက်ကုန်တယ်။
တစ်ချို့တစ်ချို့က အပေါ်ယံ အပြုံးတွေနဲ့။
တစ်ချို့တစ်ချို့တွေက ရင်ထဲက အမုန်းတွေနဲ့။
ငါမမြင်ခဲ့ပါဘူး။

အလွမ်းပန်း


ပန်းပွင့်တွေဝေ အလွမ်းပင်ခြေ
ချစ်ပန်းဝင်ကောက် ခဲ့တယ် မေ...
သို့သော်ငြားလည်း ရရှိခဲ့ပေ
အလွမ်းပန်းတွေ ပါပဲလေ....

လင်းယံခ

အနှိုင်းခံ

 
ပိတောက်တွေက သစ္စာရှိတယ်။
လူတွေက သစ္စာမဲ့ကြတယ်။
သစ္စာမဲ့တဲ့ လူတွေကို
သစ္စာရှိတဲ့ ပိတောက်တွေနဲ့
ခိုင်းနှိုင်းကြတယ်။
ဒီတော့...
ပိတောက်တွေပါ သစ္စာမဲ့လာခဲ့ပြီလေ...။

လင်းယံခ

ချစ်​ခြင်းရဲ့ လက်​တစ်​စုံ

ငါ မြဲမြဲဆုပ်​ကိုင်​ထားချင်​တယ်
နင့်​ရဲ့ လက်​ဖဝါးနုနု​လေးကို​ပေါ့
ပြီးရင်
ဟိုး အ​ဝေးကေ​တာင်​တန်း​တွေဆီ
ဟိုး အ​ဝေးက ပင်​လယ်​ပြာပြာဆီ
ဟိုး အ​ဝေးက အိမ်​ငယ်​​လေးတစ်​ခုဆီ
တို့နှစ်​​ယောက်​ လက်​တွဲမဖြုတ်​စတမ်း
လှမ်းသွားကြမယ်
တစ်​ခြားဘာမှ မလိုအပ်​ပါဘူး
လိုအပ်​တာက တစ်​ခုတည်းပါ
နင်​နဲ့ငါ နှစ်​​ယောက်​ကြားမှာ
နှလုံးသားတစ်​စုံဟာ
နွေး​ထွေး​နေဖို့ပါ...

လင်းယံခ

မယ်သီတာ့ အလွမ်း (၂)

အခုတလော စိတ်အစုံက သူမဆီမှာ
ဒီတော့ ခံစားချက်တွေက နိုးမထနိုင်
ငါကိုယ်တိုင် ရှုံးနိမ့်ခဲ့တာ သိပါတယ်...
ဒါပေမယ့်
ရင်မှာမျိုသိပ် ကြိတ်ကာနှစ်သိမ့်ပေမယ့်
ဒဿအသည်းက မခံနိုင်ပါဘူး သီတာရယ်...

လင်းယံခ

အချိန်တိုင်း

အချိန်တိုင်း မျှော်မိပါတယ်...
သူမဆီက Statusလေး...

အချိန်တိုင်း မျှော်မိပါတယ်...
သူမ Online သုံးချိန်လေး...

အချိန်တိုင်း မျှော်မိပါတယ်...
သူမရဲ့ အပြုံးတစ်ခုလေး...

အချိန်တိုင်း... အချိန်တိုင်း... အချိန်တိုင်း...
ဆုတောင်းခဲ့ဖူးပါတယ် သူမ ပျော်ရွှင်ပါစေ မေ...

လင်းယံခ