အချစ်

အချစ်ဆိုတာ
ငါမှာသောက်တဲ့ ကော်ဖီတစ်ခွက်ကျမှ
သကြားမပါသလို

အချစ်ဆိုတာ
ငါမှာသောက်တဲ့ ဘီယာခွက်ကျမှ
အမြှုပ်များသလို

အချစ်ဆိုတာ
ငါမှာစားတဲ့ ခေါက်ဆွဲတစ်ပွဲကျမှ
ဆားပိုထည့်မိသလို

အချစ်ဆိုတာ
ငါချိုးတဲ့ ရေချိုးခန်းကျမှ
ရေအေးပိုက်ပျက်သလို

အချစ်ဆိုတာ
ငါချစ်နေတော့လည်း ခံနေဦးပေါ့။

လင်းယံခ

0 comments: