၂၀၁၄-ခုနှစ် - အားလုံးအတွက် ဂဏန်းဗေဒင် ကံကြမ္မာဟောကိန်း

၁၊ ၁၀၊ ၁၉၊ ၂၈ ရက်များတွင် မွေးဖွားသော (၁) ဂဏန်းသမားများ
ဘာရောဂါမှန်းမသိတဲ့ ကျန်းမာရေးညံ့တာမျိုးကို သတိထား။ အမှုပြဿနာတွေကို
သတိထား။ ဓားခုတ်ရာ လက်ဝင်လျှိုမိတတ်တာတွေကို သတိထား။ ရာထူးတိုးသလို၊
ထီပေါက်၊ မဲပေါက်၊ ဆုရသလို ကံထူးတာမျိုး (သို့မဟုတ်) အနုပညာကဲ့သို့
အလုပ်တွေမှာ တစ်ဟုန်ထိုး နာမည်ကြီးသွားတာတွေတော့ ကြုံရလိမ့်မယ်။

