• စာအုပ်မျိုးစုံ

    Android, Windows, သုတ, ရသ, ဗေဒင်စသည့် လေ့လာစရာ စာအုပ်မျိုးစုံကို ဒီနေရာတွင် ရရှိနိုင်ပါသည်။

  • Android APKများ

    Android ဖုန်းအတွက် မရှိမဖြစ်လိုအပ်သော apk များကို ဒီနေရာတွင် ရယူပါ။...

  • အထွေထွေဗဟုသုတ

    နိုင်ငံတကာမှ အကြောင်းအရာများ၊ အခြားသော စိတ်ဝင်စားဖွယ် ဗဟုသုတ မျိုးစုံကို ဒီနေရာတွင် လေ့လာပါ။...

  • ဆော့ဝဲလ်များ

    သင့် ကွန်ပျူတာအတွက် လိုအပ်သော ဆော့ဝဲလ်များ၊ Update များကို ဒီနေရာတွင် ရယူပါ။...

Showing posts with label Poem. Show all posts

ODE ON A GRECIAN URN (John Keats)

 
John Keats ၏ 'ဂရိအရိုးအိုးတစ်ခုအတွက် တမ်းချင်း' (Ode on a Grecian urn) ကဗျာ၏ နောက်ဆုံးအပိုဒ်ထဲက 'Beauty is truth. Truth is beauty.' ဟူသော စာကြောင်းကလေးကိုလည်း သွားပြီး သတိရမိလိုက်ပါသည်။

ချစ်သူသိလေ......

(၁)
ပန်းပွင့်ရှိမှ ၊ ရနံ့ ရတာ
မဟုတ်ပါဘူး ၊ ဖူးသည့်ဝတ်ငုံ
ထုံသည့်တစ်ပွင့် ၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ ၊ ထာဝရတည်
ကာလရှည်လျား ၊ နှလုံးသားမှာ
စွဲမြဲစွာဖြစ် ၊ထုံနံ့ ယစ်ဝေ
ပျံ့ ဆွတ်စေ၏ ၊ ချစ်သူသိလေ …..။

အမေ့ကျောင်း - တင်မိုး

 Photo: အမေ့ကျောင်း - တင်မိုး 

နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကို သွားရမယ်။

ငွေဗျိုင်းဖြူရယ် ကျွန်တော်သွားတော့
လိုက်မှာလားကွဲ့ ပျော်လှတယ်။

သင့်မှာတောင်ဟုန် လေစုန်စီးရင်
ဒုန်းပျံကြီးထက်မြန်လိမ့်မယ်။

ဖိုးလဝါဝါ ပြူကာထွက်တော့
ကျောင်းတက်ချိန်လို့ မှတ်ရတယ်။

အမေ့ရင်ခွင် ထိုင်ခုံလုပ်လို့
ငုတ်တုတ်ကလေး ထိုင်ပါ့မယ်။

ကောင်းကင်ကြီးဟာ
ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေ ရေးရတယ်။

ကမ္ဘာမြေပုံ တိမ်တွေရှိပေါ့
အလွယ်ကြည့်ရင် သိနိုင်တယ်။

အမေ့နှုတ်သံ တအေးအေးနဲ့
ကဗျာတေးတွေ သင်ပေးတယ် ။

ကျောင်းအားချိန်မှာ အမေကျွေးလို့
ချိုချိုမွှေးကို စို့ပေါ့ကွယ် ။

ရွှေကျားရွှေယုန် ပုံပြင်ခင်းတော့
အင်း …. အင်းလိုက်ကာ နားထောင်မယ် ။

အမေ့ကြာနွယ် လက်သွယ်ပျောင်းမှာ
မျက်တောင်ညောင်းတော့ အိပ်ရောကွယ် ။

သူငယ်အိပ်ချိန် ကြက်သံညောင်းမှ
အမေ့ကျောင်းလည်း ဆင်းတော့တယ်
သွားမယ် သွားမယ် ။
နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကို သွားရမယ်။

ပိတောက်ပန်း

လတန်ခူးပေမို့ အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။

တကယ်တန်းသာဖြင့်
ဘယ်ပန်းနော် စံမတူဘု
နန္ဒမူ ဖန်ဂူ ထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ ။