အာရှကို အမေရိက လိုက်မမီသည့်နေရာ



Photo
နာမည်ကြီး ကာတွန်းဇာတ်ကောင် ကြောင်ဂါဖီး (Garfield) အီတလီအစားအစာ ပတ်စတာကို အမြဲတမ်း ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးဖို့ စိတ်ကူးနေသည့်နှယ် မူရင်း ဆောင်းပါးရှင်ကလည်း စာသား text message ပို့ရတာ ကြိုက်လေသည်။  ဗုဒ္ဓဟူးနေ့ (၂၀၁၃ ခုနှစ် မတ်လ ၆ ရက်) က စာသားစာတိုကလေးတွေ ပေးပို့တာ အနည်းဆုံး အကြိမ် ၁၀၀ ရှိသည်ဆို၏။ ဒါပေသည့် ထိုသို့ စာစကားလုံးတွေချည်း ပို့ရတာ သူက အားမရသေးပေ။ သူက ဂျပန်ဘာသာ စကားဖြင့် အီမိုဂျိ (emoji) ခေါ် အရောင်အသွေး စုံလင် ဝေဆာသည့် ချစ်စရာ့ တိရစ္ဆာန်ကလေးတွေ၊ အစားအစာတွေ၊ စကားလုံးများနှင့် ပြောပြ၍ မဖြစ်နိုင်သော အကြောင်းအရာ စိတ်ကူးစိတ်သန်းများကို ဖော်ပြပေးမည့် ပြုံးစစ မျက်နှာ အမူအရာစုံ ရုပ်ပုံကလေးတွေ သုံးစွဲရတာ ပို၍ နှစ်ခြိုက်သူပါတည်း။ မကြာမီက သူ၏ မိတ်ဆွေတစ်ယောက်က သူမ နေမကောင်းကြောင်း ပြောပြသည်။

0 comments:

Google ရဲ့ အွန်လိုင်း ရတနာသိုက် Play Store



Photo
Google Search ကို အကြည့်များရင်ပဲ ဖြစ်ဖြစ် သင့်ရဲ့ ဘဝတစ်ခုလုံး အွန်လိုင်းအပေါ် စုရုံး အသုံးချတာပဲ ဖြစ်ဖြစ် သင်ဟာ Google ရဲ့ app တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်နေမှာပါ။  Google က ဒီနေရာတကာ ပျံ့နှံ့ရောက်ရှိမှုအပေါ် မူတည်ပြီး ယုတ္တိကျတဲ့ အဆုံးသတ် ကောက်ချက်ကို အကောင်အထည် ဖော်ခဲ့တယ်။ အဲ့ဒါကတော့ Google play ပဲ ဖြစ်ပါတယ်။ Google Play ဟာ Android စမတ်ဖုန်း၊ Tablet သုံးတဲ့ သူတွေအတွက် အွန်လိုင်းကနေ တစ်ဆင့် သီချင်း၊ ရုပ်ရှင်၊ စာအုပ်၊ မဂ္ဂဇင်းတွေနဲ့ တယ်လီဗေးရှင်း ပရိုဂရမ်တွေကို ဒေါင်းလုပ် ပြုလုပ်လို့ရမယ့် အွန်လိုင်းစတိုးလို့ သတ်မှတ်နိုင်ပါတယ်။ Google Play ကိုတော့ Gtalk, Gmail အစရှိတဲ့ Google Service အသုံးပြုလို့ ရတဲ့ ဖုန်းတွေမှာ google account ရှိရုံနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

1 comments:

Touch Screen ထက် ခေတ်ရှေ့ပြေးမည့် နည်းပညာများ



Photo
ယနေ့ခေတ်တွင် ခေတ်ရှေ့အပြေးဆုံး နည်းပညာဖြစ်သည့် Touchscreen နည်းပညာကို E.A johnson က ၁၉၆၅ ခုနှစ်ကပင် စတင် တီထွင်ပါသည်။ သူတီထွင်သည်မှာ Capacitive touch screen ဖြစ်ပါသည်။ သို့သော် လက်တွေ့ အသုံးချနိုင်မည့် Touchscreen ကို အကောင်အထည်ဖော်ခဲ့ကြသူများမှာ Bent Stumpe နှင့် FrankBeck တို့ ဖြစ်လာပါသည်။ သူတို့သည် CERN ကုမ္ပဏီမှ အင်ဂျင်နီယာများ ဖြစ်ပြီး ကုမ္ပဏီ၏ အကူအညီဖြင့် လက်တွေ့ အသုံးပြုနိုင်သည့် ပထမဆုံး Touchscreen ကို ၁၉၇၀ ခုနှစ်တွင် စတင် ဖန်တီးခဲ့ပါသည်။ ထို Screen သည် ၁၉၇၃ ခုနှစ်တွင် စတင် ဖန်တီးခဲ့ပါသည်။ ထို Screen သည် ၁၉၇၃ ခုနှစ်တွင် လက်တွေ့ အသုံးပြု နယ်ပယ်ထဲသို့ ရောက်ရှိလာပါသည်။

0 comments:

Google Play App အသစ်ရဲ့ သိသင့်တဲ့ အချက်များ



Photo
Google Play Store ဆိုတာ အခုအချိန်မှာ Android အသုံးပြုသူတိုင်းနဲ့ ရင်းနှီးလာတဲ့ နာမည်တစ်ခု ဖြစ်လာခဲ့ပါပြီ။  Android စမတ်ဖုန်းနဲ့ Tablet တွေမှာ လိုအပ်တဲ့ Apps တွေ၊ ဂိမ်းတွေ အကုန်လုံးကို Google Account တစ်ခုရှိရုံနဲ့ ရယူနိုင်တဲ့အပြင် နေရာဒေသအလိုက် Store မှာ ဖော်ပြတဲ့ Apps တွေလည်း ကွဲပြားသွားတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ အသုံးပြုနိုင်တာ မကြာသေးတဲ့ Google Play ကို ဝင်ကြည့်မယ်ဆိုရင် မြန်မာ Developer တွေ ရေးသားထားတဲ့ Apps တွေကို Top New, Top New Free အစရှိတဲ့ Tab တွေမှာ အလွယ်တကူ တွေ့နိုင်ပြီး ရယူအသုံးပြုနိုင်ပါတယ်။

0 comments:

Galaxy S4 နှင့် Sony Xperia Z တို့ ထိပ်တိုက်တွေ့သည့်ပွဲဝယ်



Photo
မိုဘိုင်းဖုန်းလောကတွင် iPhone ပြီးသည့်နောက် Samsung ၏ ထုတ်ကုန်များသည် အငြင်းပွားဖွယ်မရှိ အောင်မြင်သူ ဖြစ်ပါသည်။  ပြီးခဲ့သည့် ၂၀၁၂ နှစ်ဝက်ကျိုးသည်အထိ Android နယ်မြေတွင် Samsung Galaxy series handset တို့သည် ထိပ်ဆုံးနေရာတွင် ရှိသည်။ သို့သော် Sony သည် ၂၀၁၂ နှစ်ကုန်ပိုင်းတွင် Xperia Series ဖြင့် ထိုးဖောက်ထွက်ရန် ကြိုးစားလာပါသည်။

0 comments:

Android 5.0 key Lime Pie မှာ မြင်တွေ့ရမယ့် Features ၁၀ မျိုး

Photo
Android 5.0 ဆိုတာကတော့ စမတ်ဖုန်းလောကအတွက် အလွန် နာမည်ကြီးလာတဲ့ Google ကနေပြီး စမက်ဖုန်းတွေအတွက် ထုတ်မယ့် နောက်ထပ် Operating System တစ်ခုဖြစ်သည်။  ဒါကို လာမယ့် အောက်တိုဘာလ မကုန်ခင် ထုတ်ပေးသွားမယ်လို့ ဆိုသည်။ လောလောဆယ်တော့ နာမည်ကို အတိအကျ သဘောမျိုး ထုတ်ပြန်ထားခြင်းမဟုတ်ပဲ developer တွေကတော့ Android Key Lime Pie (KLP) လို့တော့ ခေါ်ဆိုနေကြသည်။

0 comments:

Android မှ ကူးယူထားသော Apple ရဲ့ နည်းလမ်း ၇ သွယ်

Photo
Apple ဟာ သူ့ရဲ့ iOS အသစ်ကို စတင် မိတ်ဆက်ခဲ့တဲ့ နောက်ပိုင်းမှာတော့ သာမန်လို ဖြစ်နေကြပြီဖြစ်တဲ့ အနာဟောင်းအတိုင်းပဲ တိုင်ကြားမှုတွေ စတင် ခံစားခဲ့ရပြန်ပါပြီ။  လွန်ခဲ့တဲ့ ၆ နှစ်လောက်ကစပြီး ထွက်ခဲ့တဲ့ မူလပုံစံကနေ ခွဲထွက်လာတဲ့ အချိန် ကုမ္ပဏီရဲ့ စီအီးအို အပြောင်းအလဲ အပြီးမှာတော့ အသစ်ထွက်လာမယ့် iOS ၇ ဟာ များစွာ ပြောင်းလဲသွားခဲ့ပါပြီ။ ၆ နှစ်လောက်က စပြီး မပြောင်းမလဲတဲ့ ဒီဇိုင်းပုံစံ တစ်ခုတည်းကို အသားပေးထားခဲ့တဲ့ iOS ဟာ အခုအချိန်မှာတော့ အရာရာ ပြောင်းလဲဖို့အတွက် ဖန်လာခဲ့ခြင်းပဲ ဖြစ်သည်။

0 comments:

Samsung Galaxy Tab 3 8.0

Photo
Network

Samsung ရဲ့ Tablet ဖုန်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။  GSM 2G, 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် 4G နည်းပညာ တစ်ခုဖြစ်တဲ့ LTE ကွန်ရက်စနစ်ကိုလည်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Sim Card စနစ်ကတော့ Micro Sim စနစ်ဖြစ်တဲ့အတွက် ကတ်ကိုတော့ ဖြတ်ပြီးမှပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ GSM အင်တာနက်စနစ်တွေ အတွက်တော့ EDGE, GPRS အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် HSDPA 21 Mbps နဲ့ HSUPA 5.76 Mbps ထိ အသုံးပြုနိုင်မယ်လို့လည်း ဖြော်ပထားတာ တွေ့ရပါတယ်။

0 comments:

တတိယမြောက် မှတ်စုစာအုပ် (သို့) Samsung Galaxy Note III

Photo
ဗုဒ္ဓဟူးနေ့ညက IFA 2013 မှာ Galaxy Note III ကို Samsung က အကောင်းဆုံး ထုတ်ဖော်ပြသ ပေးခဲ့ပါတယ်။  ဒီ Note III က ၂၀၁၃ ခုနှစ်အတွက် နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ N Series ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ IFA 2013 မှာတော့ Galaxy Note III က အတော်ကို မျက်နှာရခဲ့ပြီး အကောင်းဆုံး Hardware ထောက်ပံ့မှုတွေနဲ့ ထွက်ရှိလာခဲ့တဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒီဇိုင်း အပြင်အဆင်ကလည်း Samsung က ဘယ်ဖုန်းမှာမှ မသုံးဖူးသေးတဲ့ပုံစံနဲ့ ထုတ်လုပ်ပေးထားတာ ဖြစ်လို့ Samsung ရဲ့ မှတ်ကျောက်တင်နိုင်စရာ Smart Phone တစ်လုံးလည်း ဖြစ်ပါတယ်။ တချို့ နည်းပညာသမားတွေကလည်း S IV ကို အရွယ်အစား ကြီးထားတယ်လို့ ဆိုပါတယ်။

0 comments:

Galaxy Note 10.1 (2014 Edition) Vs iPad 4

Photo
Samsung ရဲ့ ထုတ်ကုန်တွေကတော့ Apple ကို စစ်မျက်နှာ ဖွင့်သလို ဖြစ်နေပါပြီ။  ဒီတော့  အခု IFA 2013 မှာ ထပ်ထုတ်လိုက်တဲ့ Note 10.1 (2014 Edition) ဟာ အကောင်းဆုံး ပုံစံတွေနဲ့ ပွဲထွက်လာခဲ့ပြီး Apple ရဲ့ အကောင်းဆုံး Pad လို့ ကြွေးကြော်ထားတဲ့ iPad 4 ကို ခြိမ်းခြောက်နေပါတယ်။ အကောင်းစား Hardware တွေ Software တွေကို တပျော်ကြီး သုံးပေးထားတဲ့ Note 10.1 ကတော့ iPad 4 ကို တိုက်ခိုက်ဖို့အတွက် အကောင်းဆုံး Samsung ရဲ့ လက်နက်တစ်ခုလို ဖြစ်နေပါတယ်။

0 comments:

Facebook က သင့်ကို မပြောပြမယ့် အချက်တွေ

Photo
၁။  Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။  Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင်   Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။

0 comments:

Browsing နှင့် sharing အတွက် ထိပ်တန်း Social Photo Site များ

Photo
စမတ်ဖုန်းတိုင်းနီးပါးမှာ ပါဝင်လာပြီဖြစ်တဲ့ စွမ်းဆောင်ရည်မြင့် ဒစ်ဂျစ်တယ် ကင်မရာတွေနဲ့ app တွေဟာ ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်သလို  အသုံးပြုသူတွေကိုလည်း ကျွမ်းကျင် ဓာတ်ပုံဆရာတစ်ဦး အနေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးစေနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ဦး မဖြစ်စေနိုင်ပေမယ့်လည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို photo sharing site များမှာ တင်ပြီး ပရိသတ်တွေရဲ့ တုံ့ပြန်ချက်ကို ရယူကာ ဓာတ်ပုံရိုက်ချက်တွေ ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ပါတယ်။

0 comments:

Galaxy Note 10.1 (2014 Edition)

Photo
ဆမ်ဆောင်းဟာ IFA 2013 မှာ သူတို့ရဲ့ အခြားထုတ်ကုန်တွေနဲ့အတူ ဗားရှင်းအသစ်ဖြစ်တဲ့ Tablet လို့လည်း ခေါ်ဆိုထိုက်ပြီး Note လို့ သတ်မှတ်ထားတဲ့ 10.1 2014 Edition ကို မိတ်ဆက်ခဲ့ပါတယ်။  ယခင်က Galaxy Note 12.2 ကို ထုတ်လုပ်မယ်လို့ ကောလဟလတွေ ထွက်ရှိခဲ့ပေမယ့်လည်း ယခု IFA ပွဲတော်မှာတော့ 10.1 ကိုသာ မိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆမ်ဆောင်းကတော့ အဲ့လောက် ကြီးမားတဲ့ Tablet ကို မထုတ်လုပ်သေးဘဲနဲ့ အရည်အသွေးမြင့် Tablet တွေ ထုတ်လုပ်ရင်းနဲ့သာ အဆင့်ဆင့် တိုးတက်သွားမယ်လို့ ဆိုပါတယ်။

0 comments:

Note 3 ဆိုတာဘာလဲ

Samsung ကထုတ်ထားတဲ့ Note Series ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Note Series ရဲ့ တတိယမြောက် မျိုးဆက်ဖြစ်လို့ Note 3 လို့ခေါ်တွင်စေခဲ့တာပါ။  Note Series မှန်ရင်တော့ Samsung ရဲ့ အယူဝါဒက မျက်နှာပြင် ၅ လက်မကျော်ရမှာပါ။ ဒီတော့ Note 3 ကတော့ မျက်နှာပြင် ၅ လက်မကျော်တဲ့ Note Series မှာ အကြီးဆုံးပေါ့။ မျိုးဆက်မတူတဲ့ Note တွေနဲ့ ကွဲပြားခြားနားရမယ်ဆိုတဲ့ အချက်ကလည်း Note 3 အပေါ်အတော်ကို လွှမ်းမိုးစေခဲ့ပါတယ်။

0 comments:

Galaxy ACE 2 နဲ့ Galaxy ACE 3 ဘာတွေ ကွာသွားသလဲ

Photo
Galaxy ACE Series ဟာ Mid Range ဖုန်းတွေ ဖြစ်ပါတယ်။  အခုတစ်ခါမှာလည်း ACE 2 ပြီးတော့ ACE 3 ကို ထပ်ထုတ်လာပြန်ပါပြီ။ ACE 3 ကလည်း ACE 2 နဲ့ Design ပိုင်းရော Hardware ထောက်ပံ့မှုပါ မတူတော့ပါဘူး။ ဒီလိုကောင်းမွန်တဲ့ Smart Phone တစ်လုံး ဖြစ်တာကြောင့် ဘယ်နေရာတွေမှာ ဘယ်လိုပိုပြီး အသုံးဝင်လာသလဲ ဆိုတာရယ် ACE 2 ထက် ဘာတွေပိုကောင်းသွားသလဲ ဆိုတာကိုပါ လေ့လာသင့်ပါတယ်။

1 comments:

Tablet တစ်လုံး ဝယ်သုံးတော့မယ်ဆိုရင်

Photo
Tablet တွေ တောထအောင်ပေ လှတာမို့ သူတို့တွေအကြား ပတ်ရှုပ်နေတတ်တာ သဘာဝပါပဲ။ စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် ကလန်ကလားနဲ့ သယ်သွားရ ခက်သလို PC တွေကို အစားထိုးဖို့လောက်အထိ မရှိတဲ့ tablet တွေ ဘာလို့ ဝယ်သုံးကြတာလဲ။ Tablet ဖောက်ထားတဲ့ လမ်းက ဒီလိုပါ။ အင်တာနက်ပေါ် လျှောက်ကြည့်ရင် အွန်လိုင်းရုပ်သံတွေ ကြည့်မယ်၊ စာအုပ်ဖတ်မယ်၊ ဆက်သွယ်မှု မီဒီယာကို သွားလေရာ သယ်မယ်၊ အဲဒီလို "ဖျော်ဖြေရေး ကွန်ပျူတာ" ပုံ ဖမ်းခဲ့တာလို့ ဆိုနိုင်တယ်။

0 comments:

ယနေ့ခေတ် အကောင်းဆုံး blogging နှင့် publishing platform များ

Photo
WordPress : WordPress.com နှင့် WordPress.org

WordPress မှာ .wordpress.com ဒိုမိန်းတွေကို ထောက်ပံ့ပေးတဲ့ အခမဲ့ဝန်ဆောင်မှုနဲ့ ကိုယ်ပိုင်ဆာဗာတွေမှာ WordPress ကို host လုပ်ထားပြီး theme တွေကို ပြင်ဆင်ခြင်း၊ WordPress plugin များ ထည့်သွင်းခြင်း စတာတွေကို ပြုနိုင်မယ့် အခမဲ့ .org ဗားရှင်းတို့ကို ထောက်ပံ့ပေးပါတယ်။ Word Press ဟာ ကုမ္ပဏီတွေနဲ့ ဆန်းသစ်တဲ့ ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်လိုသူများအတွက် အသုံးတည့်စေမယ့် blogging site တစ်ခု ဖြစ်ပါတယ်။

0 comments:

Handset အသစ်လဲသင့်တဲ့ အချိန်

Photo
Handset လေးတစ်လုံး လက်ထဲရောက်တာ အတော်ကြာပြီဆိုရင် ဖုန်းကိုင်သူတွေ ယားနာထလေ့ ရှိပါတယ်။ အဲ့ဒါကတော့ Handset အသစ် ဝယ်ကိုင်ချင်တဲ့ ယားနာပါ။  Handset အသစ်ကလေး မဝယ်နိုင်သေးရင်တောင် အနည်းဆုံး ကိုယ့်ဖုန်းရဲ့ OS Version ကို မြှင့်ချင်တဲ့သူတွေ အတော်များပါတယ်။ Android 4.2 က မြင်ကွင်းကျယ် ဓာတ်ပုံရိုက်နိုင်သတဲ့။

0 comments:

ဓါတ်ပုံနဲ့သီချင်း ပေါင်းစပ်ဖန်တီးဖို့ ProShow Gold


C-box မှာ တောင်းထားတာတွေ့လို့ပါ။
ဒီ software လေးကတော့ ဓါတ်ပုံတွေနဲ့ သီချင်းတွေကိုတွဲပြီး သီချင်းခွေလုပ်ချင်တဲ့သူများအတွက်ပါ.Photo Slide Show software လေးတစ်ခုပါဘဲ.နာမည်ကတော့ ProShow Gold တဲ့.ရှိတဲ့သူတွေကတော့ ဒီကောင်လေးအစွမ်းထက်ပုံကိုတော့ သိပြီးကြမှာပါ.မရှိတဲ့သူတွေကလည်း မြန်မြန်လေး................ နောက်ကျနေဦးမယ်.
ကို့ကောင်မလေးကိုဘဲဖြစ်ဖြစ် ကောင်လေးကိုဖြစ်ဖြစ် လုပ်ပေးလိုက်ကြဦး.အဆင်ပြေရင်တော့ ကျွန်တော့်ကို သတိရကြဦးနော်.

0 comments:

ဘက်ထရီ ကြာကြာခံအောင် ဘယ်လိုလုပ်မလဲ



Photo
iDevice သုံးတဲ့သူတွေဆီက အမြဲလိုလို ကြားနေရတဲ့ ပြဿနာတစ်ခုကတော့ ဘက်ထရီ ကုန်တာ မြန်တယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။  ဒီကိစ္စကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဖုန်းဝယ်တဲ့ အခါမှာ ဘက်ထရီရဲ့ ပမာဏကို အဓိက ကြည့်ပြီး ဝယ်သင့်ပါတယ်။ ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် ဝယ်မယ့် ဖုန်းရဲ့ အသေးစိတ် ဖော်ပြချက်ကို အင်တာနက်ပေါ်ကနေ ရှာဖွေသင့်ပါတယ်။ ဒီလို ရှာဖွေပြီး ဘက်ထရီ ပမာဏနဲ့ Processor အမြန်နှုန်းတွေကို အတတ်နိုင်ဆုံး လေ့လာထားသင့်ပါတယ်။

0 comments:

Android ဖုန်းအတွက် သိထားသင့်သော အချက်များ

Photo
Android ဖုန်းဆိုတာ အားလုံး သိပြီးသားဖြစ်တဲ့ Powerful Platform OS တစ်ခုပါပဲ။ အဲဒါကြောင့် အဲဒီ စွမ်းဆောင်ရည် ပြည့်ဝမှုတွေကို တကယ်လို့သာ သင်ဟာ Android ဖုန်းတစ်လုံး ကိုင်နေတဲ့သူ ဆိုရင်တော့ ဂုဏ်ပြုပါတယ်။  ဘာဖြစ်လို့လဲ ဆိုတော့ Android ဟာ အတော်လေး ပြည့်စုံတဲ့ စနစ်တစ်ခု ဖြစ်ပြီး စိတ်ကြိုက် ပြုပြင်နိုင်ခွင့် များစွာ ရှိနေပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း ပြည့်ဝနေတဲ့ Android ကို ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နည်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် သင့်မှာ Android ဖုန်းတစ်လုံး ရှိပြီဆိုရင် ရပါပြီ။ မရှိသေးဘူး ဆိုရင်တော့ Samsung Galaxy S4, HTC One အစရှိတဲ့ စမတ်ဖုန်းများက စပြီး နောက်ဆုံး ငွေကြေးချွေတာနိုင်တဲ့ Android ဖုန်းတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

0 comments:

စွမ်းအင် သုံးစွဲပုံ ပြောင်းကြပါစို

Photo
သီတင်းကျွတ် လပြည့်နေ့ ည။ လရောင်က ကွင်းပြင်တစ်ခုလုံးပေါ်မှာ ဖြာကျနေတယ်။ ဒီဇယ်မီးခွက်က တစ်ခုတည်းသော မီးစွယ်ဟာ လေပြည်အလာမှာ ဟိုဟိမ်းလိုက်၊ သည်နွဲ့လိုက်၊ တဲကလေးထဲက မှုန်ပျပျ မီးရောင်အောက်မှာ  ထိုင်ရင်း ကဲလားပေါက်ကို ကျော်ပြီး အပြင်ကို ကျွန်တော် ကြည့်မိတယ်။ ဟိုးဝေးဝေးမျက်စေ့ တစ်ဆုံးမှာ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် မီးမျိုးစုံ၊ သီတင်းကျွတ် လပြည့်ညမှာ ဘုရားကို ပူဇော်တဲ့ မီးရောင်တွေ ထင်ပါရဲ့။

0 comments:

Noise နည်းအောင် ဓာတ်ပုံရိုက်နည်း

Photo
ဓာတ်ပုံတစ်ပုံကို အကျည်းတန်အောင် လုပ်သည့် အရာများထဲတွင် noise က ရှေ့တန်းမှ ပါသည်။ noise ဆိုသည်မှာ ဓာတ်ပုံထဲတွင် မြင်နေရသော မလိုလားအပ်သည့် အစက်အပျောက်များ ဖြစ်ပါသည်။ ခေတ်ပေါ် ဒစ်ဂျစ်တယ် ကင်မရာတို့တွင် noise ဖျောက်သည့်စနစ် တစ်နေ့တစ်ခြား ပိုကောင်းလာသည့်အတွက် အလင်းရောင်ကောင်းကောင်းရသည့် အချိန်တွင် ဓာတ်ပုံရိုက်ပါက noise ကို မတွေ့ရသလောက် ဖြစ်ပါသည်။

0 comments:

ကျွန်တော်တို့ ဘာတွေ သင်ခန်းစာ ရလိုက်လဲ

Photo
Apple ကုမ္ပဏီကို အခုအချိန်မှာ ဝန်းရံထားတဲ့ မရေရာမှုတွေဟာ Apple ကို တမင်နှိမ်ပြီး ပြောနေတဲ့ အပြောမျိုးတွေ ဖြစ်ဖို့များပါတယ်။ Cupertino က လုပ်ငန်းကြီးဟာ မဟာ CEO  ကြီး Steve Jobs မရှိတော့တဲ့ နောက်ပိုင်းမှာ တော်လှန်ဆန်းသစ်မှု မရှိတော့ဘူး။ တကယ်ကို အပြောင်းအလဲဖြစ်စေမယ့် ကုန်ပစ္စည်းတွေ မထုတ်နိုင်တော့ဘူးဆိုပြီး ပိစိကွစတွေ ပြောနေတာ အချိန်အတော် ကြာသွားပါပြီ။ စိုးရိမ်မှုတွေကို ဖြေလျော့ပစ်ဖို့ ကုန်ပစ္စည်းအသစ် ထုတ်လုပ်ရာမှာရော၊ ရှိပြီး Hardware နဲ့ Software တွေကို အဆင့်မြှင့်တင်ရာမှာရော Apple အနေနဲ့ ကြိုးစား ဆောင်ရွက်နေတယ်ဆိုတာကို သက်သေပြတဲ့ အနေနဲ့ မကြာသေးခင်က လုပ်ခဲ့တဲ့ Worldwide Developer's Conference (WWDC) မှာ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော နောက်ဆုံးမှာတော့ ငွေကပဲ စကားပြောသွားတာပါ။ လေ့လာသူတွေအဖို့တော့ ဇူလိုင်လကုန်မှာ ထုတ်ပြန်ခဲ့တဲ့ Apple ရဲ့ ဒုတိယ သုံးလပတ်ရှင်းတမ်းနဲ့ ပတ်သက်လာရင် ပြောစရာ စကားတွေက မကုန်နိုင် ဖြစ်နေပါတယ်။

0 comments:

ဒါဖတ်ပြီးမှ ဖုန်းဝယ်ပါ

Photo
အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာသော ဟန်းဆက်များ ကြားထဲတွင် မည်သည့်အမျိုးအစားကို ရွေးရမည်မသိ ဖြစ်သွားရလောက်အောင်ပင် ဖုန်းတစ်လုံး ဝယ်ဖို့က ခက်ခဲလာသည့် သဘောရှိသည်။  မိုဘိုင်းဖုန်းများ ပေါ်လာစကတော့ လိုင်းဆွဲအားကောင်းရင်ပြီးရော၊ ဖုန်းပြောလို့ရရင် ပြီးရောဟု ဆိုခဲ့ကြသော်လည်း လက်ရှိကာလတွင် စမတ်ဖုန်း အမျိုးမျိုးက နည်းပညာမြင့်များကို အသုံးပြုပြီး မိုဘိုင်းဖုန်းကို မိုဘိုင်းဖုန်း တစ်လုံးအဖြစ်သာမက မျက်မှောက်လူမှုဘဝ နေ့စဉ်လုပ်ငန်း ဆောင်တာများကိုပါ ပူးတွဲလုပ်ဆောင်စေနိုင်မည့် ကိရိယာ တန်ဆာပလာ အဖြစ်ပါ သုံးနိုင်အောင် ဖန်တီးလာကြသည်။

0 comments:

Tablet ထဲမှာ မျက်နှာပြင်အကြီးဆုံး Note 10.1 (2014 Edition)

Photo
Tablet လောကမှာတော့ အကြီးဆုံး မျက်နှာပြင်ကို အသုံးပြုထားတဲ့ Tablet ကို ပြပါဆိုရင်တော့ Note 10.1 ကို ပြရပါလိမ့်မယ်။  Note 10.1 ဟာ ပထမမျိုးတက်ထွက်ရှိပြီး တော်တော်ကြာမှ နောက်ထပ်မျိုးဆက်တစ်ခုဖြစ်တဲ့ Note 10.1 (2014 Edition) ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ နောက်ဆုံး ထွက်ရှိထားတဲ့ Note 10.1 (2014 Edition) ကိုတော့ Note 3, Galaxy Gear တို့နဲ့အတူ စက်တင်ဘာလထဲမှာပဲ မိတ်ဆက်ပေးခဲ့တာပါ။

0 comments:

4G ဘယ်လို အလုပ်လုပ်မှာလဲ.....?

4G ဆိုတာက အခုနောက်ပိုင်း နည်းပညာလောကမှာ လူတိုင်း စိတ်ဝင်စားနေတဲ့ ဆက်သွယ်ရေး နည်းပညာတစ်ခုပါ။  4G network ရရှိတဲ့ US တို့ UK တို့လို နိုင်ငံမျိုးတွေမှာဆို user တွေက 4G ရဲ့ အရသာကို သိချင်ကြလို့ သူတို့ရဲ့ smart phone တွေကို 4G support ဖြစ်တဲ့ ဖုန်းတွေကို ပြောင်းကိုင် ကုန်ကြပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ အခုဆို 4G ကို စတင် မြည်းစမ်းကြည့်ဖို့ လုပ်ဆောင်နေကြပါပြီ။ နည်းပညာရဲ့ ပြိုင်ဆိုင်မှု လမ်းကြောင်းပေါ်က 4G၊ သူက ဘယ်လို formula တွေနဲ့ တိုက်စစ် ဆင်လာမယ်ဆိုတာ မသိရသေးပေမယ့် သေချာတာကတော့ 3G က support လုပ်ခဲ့တဲ့ မြန်နှုန်းထက် အများကြီး သာပါလိမ့်မယ်။

0 comments:

Galaxy ဖုန်းတွေကို ကြိုးကိုင်မယ့် Galaxy Gear

Photo
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတုံးက Power Ranger ဇာတ်လမ်းတွဲတွေ ကြည့်ဖူးသူဟာ Galaxy Gear က ဘာလဲဆိုတာ ကောင်းကောင်း သိကြမှာပါ။ 

0 comments:

မိုဘိုင်းဖုန်းမှတစ်ဆင့် နိုင်ငံပိုင် သတင်းစာများ ဖတ်ရှုနိုင်ရန် စတင်ဆောင်ရွက်

Photo
မိုဘိုင်းဖုန်း၊ Tablet များမှတစ်ဆင့် နိုင်ငံပိုင် သတင်းစာများ ဖတ်ရှုနိုင်ရန် စတင် ဆောင်ရွက်လိုက်ကြောင်း  သိရသည်။ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းမှ ဖြန့်ချိလျက်ရှိသော မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုနိုင်ရန် ဆောင်ရွက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

လက်လှုပ်ရှားမှုဖြင့် အဝေးမှ ထိန်းချုပ်နိုင်သည့် HP ကွန်ပျူတာ

Photo
Touchscreen နည်းပညာ၏ လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် မြှင့်တင်နေချိန်တွင် HP က ၎င်းတို့၏ Laptop ကွန်ပျူတာများကို လက်၏ လှုပ်ရှားပုံ အမျိုးမျိုးနှင့် အဝေးမှ ထိန်းချုပ်နိုင်အောင် ခြေလှမ်းပြင်လာခဲ့သည်။ ဆန်ဖရန်ဆစ္စကို အခြေစိုက် ကုမ္ပဏီ Leap Motion နှင့် ပူးပေါင်း ဖန်တီးထားသော HP Envy 17 Leap Motion SE ကွန်ပျူတာတွင် သေးငယ်သော အာရုံခံ ကိရိယာငယ် တစ်ခုကိုပါ ဖြည့်စွက်ပေးထားသည်။

0 comments:

4G စနစ်ကို မကြာမီ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်တော့မည်

နိုင်ငံအနည်းငယ်သာ အသုံးပြုနိုင်သေးသော မိုလ်ဘိုင်းဖုန်း ဆက်သွယ်ရေးစနစ် 4 Generation (4G) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းမမည့် ပြိုင်ပွဲမတိုင်မီ  အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်း မိုလ်ဘိုင်းဖုန်း အသုံးပြုသူကို လုံးသည် (3G) စနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးမပြုနိုင်သေးသော်လည်း (4G) စနစ်အား မကြာမီတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

0 comments:

ဝက်ခြံအကြောင်း သိကောင်းစရာ

ဝက်ခြံဟာ လူတိုင်း သိကြတဲ့ အရေပြား ရောဂါ တစ်မျိုးဖြစ်ပြီး ဆယ်ကျော်သက် မြီးကောင်ပေါက်စ လူငယ်လူရွယ်တွေမှာ အဖြစ်များပြီး လူလတ်ပိုင်းနှင့် လူကြီးပိုင်း တွေမှာလည်း ပေါက်တတ် ကြပါတယ်။ များသောအားဖြင့် ဝက်ခြံ ပေါက်လာပြီဆိုရင်လည်း ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝက်ခြံပျောက် ဆေးများသုံးပြီး အနီးစပ်ဆုံး ပျောက်ကင်းအောင် ကုသကြပါတယ်။ တချို့ အနာနဲ့ဆေး တစ်ထပ်တည်း ကျပြီး ပျောက်ကင်း သွားတာ ရှိသလို အချို့က အနာနဲ့ ဆေးမတည့်တဲ့ အတွက် အခြေအနေ ပိုဆိုးလာတာ ကိုလည်း တွေ့ရပါတယ်။ ဝက်ခြံမှာ အမျိုးအစားအများကြီး ရှိပါတယ်။ အဲဒီထဲက ဝက်ခြံမည်း၊ဆားဝက်ခြံဖြူ၊ ဆင်ဝက်ခြံတို့ပဲ ဖြစ်ပါတယ်။

0 comments:

ဝိုင် အကြောင်း ဗဟုသုတ

Photo
ဝိုင် ဟု ကြားလိုက်ရုံဖြင့် အနီရောင် အရည်လေးများကို မျက်စေ့ထဲမြင်ယောင်လာကြ၏။ ၀ိုင်ကို အရသာရှိရှိ သောက်တောမယ့်ဆိုရင်..
ရှေးဦးစွာ ၀ိုင်ထည့်ထားတဲ့ ဖန်သားကြည်ကြည် ကလပ်ခွက်ကို စက်ဝိုင်းပုံပတ်ချာလည်လှည့်လှုပ်ခတ်ပေးလျှက်မှ ၀ိုင်၏ရနံ့ ကို ရှုသွင်းကာ၊ တကျိုက်ချင်းစုပ်၍ စက္ကန့် အနည်းငယ် ငုံထားပြီးမှသာ အရသာခံမျိုချသောက်ရပါသည်။ ဝိုင်ဆိုတာ အရက်တော့မဟုတ်ပေမယ့်.. များများသောက်ပါက၊ လူကိုမူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုးဖြစ်ပါသည်။

1 comments:

မှတ်ဥာဏ်ကို ထိခိုက်စေနိုင်သော အစားအစာ ကိုးမျိုး

Photo
အစာလည်းဆေး ဆေးလည်းအစာ ဆိုရာမှာ တချို့အစား အစာတွေက သင့်မှတ်ဥာဏ်နဲ့
ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အ ထောက်အကူပြုသလိုပဲ တချို့ အစားအ စာတွေကတော့ သင့်ကျန်းမာရေး ကို နှောင့်ယှက်တာမျိုးတွေရှိပါတယ်။ ဖော် ပြပါအစားအစာတွေကို သင့်ကျန်းမာ ရေးအတွက်ရှောင်ပါ။

0 comments:

မျက်လုံးဖောင်းအစ်မှု သက်သာစေမည့် နည်းငါးမျိုး

မျက်စိ ယားယံမှုနဲ့ ဓာတ်မတည့်မှု တို့ကြောင့် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်သပ်မိရာက မျက်လုံးဖောင်းအစ် မှုတို့ ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်စေ ဖို့ အောက်ပါနည်း ငါးမျိုးကို လိုက်နာသင့် ပါတယ်။

0 comments:

ဦးနှောက်ကိုကောင်းကျိုးပြုတဲ့ အကောင်းဆုံးအစားအစာများ။

(၁) မက်မွန်သီးစားပါ။ ဦးနှောက်သွေးကြောပိတ်ရောဂါ မဖြစ်စေပါဘူး။

(၂) ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး၊ ဦးနှောက် တုန့်ပြန်မှုနှုန်းကို မြန်ဆန်သွက်လက်စေပါတယ်။

0 comments:

အမြင်အားကောင်းစေမည့် အကျင့်ခုနှစ်ရပ်

Photo
အမြင်အာရုံကို ကောင်းမွန်အောင် ဂရုစိုက်ပေးတာက ဘဝ အရည်အသွေးကို တိုးတက် စေပါတယ်။ အောက်ပါအကျင့် ကောင်းတွေကို ထိန်းသိမ်းနေထိုင် တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေ ပါတယ်။

0 comments:

Give Me Some Sunshine (Song & Lyric)

 Threeidiots2.jpg
ဒီ သီချင်းလေးက 3 Idiots ဇာတ်ကားထဲက ဇာတ်ဝင်တေးတစ်ပုဒ်ပါ။ ကျွန်တော်ကတော့ အရမ်းကြိုက်တယ်။ သီချင်းအစလေးမှာ ဂစ်တာခတ်သံလေးနဲ့အတူ စတာလေးက အရမ်းကို မိုက်တယ်။ သူငယ်ချင်းတို့ စာသားလေးလည်း ဖတ်ရင်း သီချင်းလေးလည်း နားဆင်ကြည့်လိုက်ပါဦး။

0 comments:

သင်အကြိုက်ဆုံးနှုတ်ခမ်းနီက ပြောသော သင့်ကိုယ်ရည်ကိုယ်သွေး

Photo
သင့်နှုတ်ခမ်းနီ ကိုဘယ်လိုအလှဆင်လေ့ရှိပါသလဲ။ တလက်လက်တောက်ပနေတဲ့နှုတ်ခမ်းဆိုးဆေးအဆီ(Lip Gloss)လား၊ဒါမှမဟုတ် တစ်နေ့လုံးခံတဲ့ Lip Stain လား၊ဒါမှမဟုတ် သဘာဝနှုတ်ခမ်းအဆီ ( Lip Balm)လား၊ ဒါမှမဟုတ် နှုတ်ခမ်းကိုဘာအရောင်မှ ခြယ်သလေ့မရှိဘူးလား။.......
သင့်ရွေးချယ်မှုပေါ်မူတည်ပြီး သင့်ကိုယ်ရည်ကိုယ်သွေးကို သိနိုင်ပါတယ်။

0 comments:

3 Idiots Movie

Threeidiots2.jpg
ဒီဇာတ်ကားလေးကိုတော့ ကြည့်ဖူးတဲ့သူ များမယ်ထင်တယ်။ မကြည့်ဖူးတဲ့သူတွေအတွက် ဒီဇာတ်ကားလေးရဲ့ အကြောင်းကို ပြောပြပါရစေ။ ဒီ 3 idiots ဇာတ်ကားလေးဟာ 2004 ခုနှစ် နိုဗယ်ဆုရထားတဲ့ Five Point Someone - What not to do at IIT! ဆိုတဲ့ စာအုပ်လေးကို အခြေခံပြီး 2009 ခုနှစ်မှာ အိန္ဒိယ ဒါရိုက်တာ Rajkumar Hirani က 3 Idiots ဆိုတဲ့ အမည်နဲ့ ရုပ်ရှင် ရိုက်ကူးကာ ဝင်ငွေအကောင်းဆုံးလည်း ရရှိခဲ့ပါတယ်။

0 comments:

ချစ်​ခြင်းရဲ့ လက်​တစ်​စုံ

ငါ မြဲမြဲဆုပ်​ကိုင်​ထားချင်​တယ်
နင့်​ရဲ့ လက်​ဖဝါးနုနု​လေးကို​ပေါ့
ပြီးရင်
ဟိုး အ​ဝေးကေ​တာင်​တန်း​တွေဆီ
ဟိုး အ​ဝေးက ပင်​လယ်​ပြာပြာဆီ
ဟိုး အ​ဝေးက အိမ်​ငယ်​​လေးတစ်​ခုဆီ
တို့နှစ်​​ယောက်​ လက်​တွဲမဖြုတ်​စတမ်း
လှမ်းသွားကြမယ်
တစ်​ခြားဘာမှ မလိုအပ်​ပါဘူး
လိုအပ်​တာက တစ်​ခုတည်းပါ
နင်​နဲ့ငါ နှစ်​​ယောက်​ကြားမှာ
နှလုံးသားတစ်​စုံဟာ
နွေး​ထွေး​နေဖို့ပါ...

လင်းယံခ

0 comments:

ကားမောင်းတဲ့ ဂိမ်းဆော့ချင်သူများ Dr.Drive apk

 
ဒီ apk လေးကတော့ မဆိုးဘူး ပြောရမှာဘဲ။ တော်တော်လေးကို ဆော့လို့ကောင်းပါတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်တိုင် ဝင်မောင်းနေရသလိုမျိုး ခံစားရတယ်ဗျာ...
နောက်ပြီး ကားလည်း ပြင်လို့ရတယ်။ အပျင်းပြေအနေနဲ့ကတော့ တော်တော်လေးကို ဆော့လို့ ကောင်းပါတယ်ဗျာ......

0 comments:

ဖုန်းတစ်လုံးကို စောင့်ကြည့်ဖို့အတွက် Kid Logger apk

 
ကဲ... apk ကောင်းလေးတစ်ခုကတော့ လာပါပြီဗျာ...
နာမည်ကတော့ Kid Logger တဲ့ဗျာ....
ဒီကောင်လေးကတော့ ဖုန်းအဝင်အထွက်တွေရော၊ message ၊ game ဆော့တာတွေကအစ စောင့်ကြည့်ပေးနိုင်တယ်ဗျ။

0 comments:

၂၀၁၃-ခု ၊ စက်တင်ဘာလအတွက် ကံကြမ္မာဟောစာတမ်း

ကဲ... ဗေဒင် မရသေးဘူးလား မေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်ဗျာ... အခုတလောက အလုပ်ကိစ္စတွေရယ်၊ တစ်ဖက်က စာမေးပွဲကလည်း နီးနေလို့ မတင်ဖြစ်တာပါ။ စာမေးပွဲပြီးရင်တော့ အရင်အတိုင်း နေ့တိုင်း ပိုစ့်တင်နိုင်အောင် ကြိုးစားသွားပါ့မယ်ဗျာ...

လင်းယံခ (မြန်မာစာ) 
 -----------------------------------------------------------------------------------
တနင်္ဂနွေသားသမီးများအတွက်
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။

0 comments: