Tablet ထဲမှာ မျက်နှာပြင်အကြီးဆုံး Note 10.1 (2014 Edition)

Photo
Tablet လောကမှာတော့ အကြီးဆုံး မျက်နှာပြင်ကို အသုံးပြုထားတဲ့ Tablet ကို ပြပါဆိုရင်တော့ Note 10.1 ကို ပြရပါလိမ့်မယ်။  Note 10.1 ဟာ ပထမမျိုးတက်ထွက်ရှိပြီး တော်တော်ကြာမှ နောက်ထပ်မျိုးဆက်တစ်ခုဖြစ်တဲ့ Note 10.1 (2014 Edition) ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ နောက်ဆုံး ထွက်ရှိထားတဲ့ Note 10.1 (2014 Edition) ကိုတော့ Note 3, Galaxy Gear တို့နဲ့အတူ စက်တင်ဘာလထဲမှာပဲ မိတ်ဆက်ပေးခဲ့တာပါ။
မျက်နှာပြင် ထောက်ပံ့မှုကတော့ iPad ထက် ပိုကြီးနေတာ အမှန်ပါပဲ။ ဒါကြောင့် Note 10.1 ဟာ iPad ကို ထိုးစစ်ဆင်ဖို့ အကောင်းဆုံး လက်နက်တစ်ခု ဖြစ်နေပါတယ်။ မျက်နှာပြင် အရောက်ထောက်ပံ့မှုလည်း အခြား Samsung Product တွေနဲ့ မတူတဲ့ မျက်နှာပြင်အမျိုးအစားကို ထောက်ပံ့ပေးထားတာကြောင့် စိုပြေပြီး လှပနေတာကို စာဖတ်သူတို့ တွေ့နိုင်မှာပါ။ ဒါ့အပြင် စာဖတ်တဲ့အခါပဲ ဖြစ်ဖြစ် Game ဆော့တဲ့အခါပဲဖြစ်ဖြစ် အကောင်းဆုံး ထောက်ပံ့မှုတွေနဲ့ ရုပ်ထွက်ပိုင်းကိုပါ မြင်တွေ့နိုင်မယ့် Tablet တစ်လုံး ဖြစ်ပါတယ်။ ထူးခြားတဲ့ Design ကို ပြုလုပ်ပေးထားတဲ့အပြင် Home Button ကိုပါ ထည့်သွင်းပေးထားတဲ့အတွက် အကောင်းဆုံး အရင်မျိုးဆက်နဲ့မတူပဲ တစ်မူထူးခြားနေပါတယ်။ Tablet ရဲ့ မျက်နှာပြင် ဘေးဘောင်တွေကိုလည်း အသေးငယ်ဆုံး ဖြစ်အောင် ပြုလုပ်ပေးထားပြီး Hardware ထောက်ပံ့မှုကိုလည်း အကောင်းဆုံး ထည့်သွင်းပေးထားပါတယ်။ ဒီတော့ Note 10.1 (2014 Edition) ကို ဘယ်လိုတည်ဆောက်ထားတယ်ဆိုတာ လေ့လာကြည့်ရအောင်။

ထူးခြားတဲ့ Hardware ထိတွေ့မှု

မျက်နှာပြင်တစ်ခုလုံးဟာ ၁၀. ၁ လက်မ အကျယ်အဝန်းရှိပြီး Super clear LCD အမျိုးအစားကို ထည့်သွင်းပေးထားပါတယ်။ Resolution အနေနဲ့ 2560 x 1600 pixels ထောက်ပံ့ပေးထားပြီး မျက်နှာပြင်သိပ်သည်းဆလည်း 299 ppi ရှိတာကြောင့် ရုပ်ထွက်လည်း ထင်သလောက် မဖွယ်ပါဘူး။ အရောင်အသွေးစုံစုံနဲ့ မြင်တွေ့နိုင်မယ့် Super clear LCD မျက်နှာပြင်ဟာ Note 10.1 ရဲ့ ဆွဲဆောင်မှု တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

iPad ကို ယှဉ်ပြိုင်မယ့် Home Button အသစ်ပါဝင်တဲ့ Design

iPad မှာ ထည့်သွင်းပေးထားတဲ့ Home Button ဟာ Capacitive Touch ခလုတ်တွေထက် ပိုပြီး အသုံးဝင်ပါတယ်။ ဒီတော့ Samsung ရဲ့ ကိုယ်ပိုင် Home Button ဖြစ်တဲ့ သေးသေးသွယ်သွယ် Home Button လေးကို ထည့်သွင်းပေးထားပါတယ်။ Design ကတော့ ထောင့်ချိုးတွေကို ဝိုင်းဝိုင်းလေး ချိုးပေးထားတဲ့ Design ဖြစ်တာကြောင့် အရင် Note 10.1 နဲ့ အတူတူပါပဲ။

Tablet တွေထဲမှာ အကောင်းဆုံး Hardware ထောက်ပံ့မှု

Processor ကိုတော့ LTE မော်ဒယ်မှာ Snapdragon 800 အမျိုးအစား Quad Core 2.3 GHz Processor ကိုအသုံးပြုပေးထားပြီး 3G မော်ဒယ်မှာတော့ 1.9 GHz Quad Core တစ်လုံးနဲ့ 1.3 GHz Quad Core တစ်လုံးကို ထည့်သွင်းထားတဲ့ Exynos 5 Octacore Processor ကို အသုံးပြုပေးထားပါတယ်။ RAM အနေနဲ့ 3 GB အထိ ထောက်ပံ့ပေးထားပြီး Processing ပိုင်းအတွက်တော့ စိတ်ပူစရာ မလိုပါဘူး။ ရုပ်ထွက်ပိုင်းအတွက် Andreno 330 GPU ကို LTE မော်ဒယ်မှာ အသုံးပြုပေးထားပြီး PowerVR 544 GPU ကိုတော့ 3G မော်ဒယ်မှာ အသုံးပြုပေးထားပါတယ်။

Effect တွေ အစုံပါဝင်တဲ့ Camera

အနောက် Camera ကို 8 Megapixel ထည့်သွင်းပေးထားပြီး အရှေ့ Camera ကိုတော့ 2 Megapixel အထိ ထောက်ပံ့ပေးထားပါတယ်။ S4 မှာ ပါဝင်တဲ့ Camera Setting အတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး အရှေ့အနောက် Camera နှစ်ခုစလုံးက 1080 p HD Resolution ထောက်ပံ့ပေးထားတဲ့ Video တွေ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ LED Flash တစ်လုံး ပါဝင်နေတာကလည်း iPad ထက် သာတဲ့ အချက်တစ်ချက်ပါပဲ။

နောက်ဆုံးပေါ် Android နှင့် အသုံးဝင်တဲ့ S Pen

OS ပိုင်းကတော့ Android ရဲ့ နောက်ဆုံးထွက်ထားတဲ့ 4.3 (Jelly Bean) ကို ထောက်ပံ့ပေးထားပါတယ်။ Android 4.3 (Jelly Bean) ရဲ့ အကောင်းစား ထောက်ပံ့တွေကို ရရှိနိုင်မယ့်အပြင် Samsung ရဲ့ TouchWiz UI ကိုလည်း ထည့်သွင်းပေးထားပါတယ်။ S Pen ကလည်း Note 3 မှာ သုံးထားတဲ့ သေးသေးသွယ်သွယ် S Pen ကို အသုံးပြုပေးထားပြီး Air Command စနစ်ကိုပါ ထောက်ပံ့ပေးထားပါတယ်။ Air Command ကတော့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်တာဟာ မျက်နှာပြင်ကို S Pen နဲ့ မထိပဲ အကောင်းဆုံး အသုံးပြုနိုင်တဲ့ Function ဖြစ်ပါတယ်။ Air Command စနစ်နဲ့ အတူ အထောက်အကူပြုနေတဲ့ စနစ်ကတော့ Multitasking စနစ်သစ်တစ်ခုဖြစ်ပါတယ်။ အရင်ပါဝင်တဲ့ Multitasking စနစ်နဲ့မတူညီပဲ အကောင်းဆုံးပြောင်းလဲပေးထားတဲ့အပြင် Samsung Knox လို့ခေါ်တဲ့ Security စနစ်အသစ်ကိုပါ ထည့်သွင်းပေးထားတာကြောင့် ဖုန်းရဲ့ လုံခြုံရေးပိုင်းကိုပါ အကောင်းဆုံး စောင့်ရှောက်ပေးမယ့် Tablet တစ်လုံး ဖြစ်ပါတယ်။

0 comments: