ဝက်ခြံအကြောင်း သိကောင်းစရာ

ဝက်ခြံဟာ လူတိုင်း သိကြတဲ့ အရေပြား ရောဂါ တစ်မျိုးဖြစ်ပြီး ဆယ်ကျော်သက် မြီးကောင်ပေါက်စ လူငယ်လူရွယ်တွေမှာ အဖြစ်များပြီး လူလတ်ပိုင်းနှင့် လူကြီးပိုင်း တွေမှာလည်း ပေါက်တတ် ကြပါတယ်။ များသောအားဖြင့် ဝက်ခြံ ပေါက်လာပြီဆိုရင်လည်း ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝက်ခြံပျောက် ဆေးများသုံးပြီး အနီးစပ်ဆုံး ပျောက်ကင်းအောင် ကုသကြပါတယ်။ တချို့ အနာနဲ့ဆေး တစ်ထပ်တည်း ကျပြီး ပျောက်ကင်း သွားတာ ရှိသလို အချို့က အနာနဲ့ ဆေးမတည့်တဲ့ အတွက် အခြေအနေ ပိုဆိုးလာတာ ကိုလည်း တွေ့ရပါတယ်။ ဝက်ခြံမှာ အမျိုးအစားအများကြီး ရှိပါတယ်။ အဲဒီထဲက ဝက်ခြံမည်း၊ဆားဝက်ခြံဖြူ၊ ဆင်ဝက်ခြံတို့ပဲ ဖြစ်ပါတယ်။
ဝက်ခြံမည်း ဆိုတာက ဝက်ခြံရဲ့ ထိပ်ဆံကလေး မည်းနေတာ ဖြစ်တယ်။ ညှစ်ထုတ်လိုက်တဲ့ အခါမှာလည်း ဝတ်ဆံ အမည်းလေးတွေ ထွက်လာ တတ်ပါတယ်။ ဆားဝက်ခြံဖြူ ကတော့ ဝက်ခြံရဲ့ထိပ်ဆံက ဖြူနေပြီး ညှစ်ထုတ်လိုက်တဲ့ အခါ ဝတ်ဆံ အဖြူကလေးတွေ ထွက်လာပါတယ်။ မမှည့်ဘဲ ညှစ်လိုက်တဲ့ အခါမျိုးဆို နာနာကျင်ကျင် ခံစားရပြီး အနာဖြစ်သွား တတ်ပါတယ်။ ဆင်ဝက်ခြံ ဆိုတာကလည်း တော်တော် ဆိုးဝါးပါတယ်။ အဲဒီ ဆင်ဝက်ခြံ ပေါက်လိုက်လျှင် နှာခေါင်းဝ ထိပ်ဖျားကလေး တွေနဲ့ နှာခေါင်း အတွင်းပိုင်းတွေမှာ အပေါက်များပါတယ်။ အဲဒီဝက်ခြံ နှာခေါင်းထဲ ပေါက်ပြီဆို မျက်နှာ သစ်ရင်တောင် အထိမခံနိုင်ပါဘူး။ တချို့ဆို ဆင်ဝက်ခြံ နှာခေါင်းထဲ ပေါက်ပြီဆို အညှော်မိလို့ သေကြရတယ် ဆိုတာလည်း ကြားဖူးပါတယ်။ ဆင်ဝက်ခြံ နှာခေါင်းထဲမှာ ပေါက်တယ်လို့ သိရင် အညှော်ကို ရှောင်သင့်ပါတယ်။

ဝက်ခြံ ပေါက်ရတဲ့ အကြောင်းကတော့ မျိုးရိုးဗီဇကြောင့် ဒါမှမဟုတ် ကိုယ်ဝန်ဆောင် နေချိန် စိတ်ဖိစီးမှု များခြင်း၊ အိပ်ရေးပျက်ခြင်း၊ ဓမ္မတာ လာနေချိန် ဟော်မုန်း ပြောင်းလဲခြင်း၊ အဆီပါဝင်မှု များတဲ့ အစားအစာတွေနဲ့ အချို၊ အငန်၊အစပ်တွေ အလွန်အကျွံ စားသုံးလျှင်လည်း ဝက်ခြံ ထွက်တတ်ပါတယ်။ များသောအားဖြင့် ဝက်ခြံတွေဟာ မျက်နှာနှင့် ပခုံးတို့မှာသာ အပေါက်များပြီး တစ်ခါတလေ လက်မောင်း၊ ရင်ဘတ်၊ ကျော ကုန်းတွေမှာလည်း ပေါက်တတ်ကြပါတယ်။ အဲဒီဝက်ခြံတွေ ပေါက်လာပြီဆိုရင် လက်နှင့် ဆိတ်တာတို့၊ ဖျစ်တာ၊ ညှစ်တာ၊ ဖဲ့တာတွေ မလုပ်မိဖို့ လိုပါတယ်။ အဲဒီလို လုပ်လိုက်တဲ့ အတွက် မိမိရဲ့လက်သန့်ရှင်းမှု မရှိတဲ့အခါ ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက် စေနိုင်ပြီး လက်ရောင်လိုက်ကာ အနာကို အခြေအနေ ပိုမို ဆိုးရွားစေပါတယ်။

ဝက်ခြံတွေ မထွက်အောင်၊ မဖြစ်အောင် ထိန်းသိမ်းရမည့် နည်းလမ်းတွေ ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိရမယ်။ အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရပါမယ်။ မျက်နှာကို အမြဲတမ်း သန့်ရှင်းအောင် ထားရပါမယ်။ မျက်နှာကို ကြေး၊ အညှော်တွေ ကပ်မနေအောင် မျက်နှာသစ် ဆပ်ပြာတွေနဲ့ ဆေးကြော သန့်စင် ပေးရပါမယ်။ ဆိုးဆိုးဝါးဝါး ဝက်ခြံတွေ ဆိုရင် နီးစပ်ရာ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသသင့်ပါတယ်။ ဝက်ခြံဟာ အရေပြား ရောဂါတစ်မျိုး ဖြစ်တဲ့အတွက် ပေါ့ပေါ့ဆဆ မနေဘဲ ပျောက်ကင်းအောင် ကုသကြရမှာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
ကွေးညွတ်သော Screen မျက်နှာပြင်ကို အသုံးပြုထားသည့် စမတ်ဖုန်းသစ် တစ်မျိုးကို အောက်တိုဘာလတွင် စတင်မိတ်ဆက် ပြသသွားမည်ဟု Samsungက ကြေညာလိုက်သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက ယခုဖုန်းအမျိုးအစားသစ်သည် နည်းပညာ လောကတွင် ထိုးထွင်းတီထွင်မှု တစ်ခုအဖြစ် ယူဆနိုင်မည်ဟုလည်း ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်မှုအတွင်း ထည့်သွင်း ပြောကြားသွားသည်။ Samsungသည် ယခင်ကတည်းက မျက်နှာပြင်ကွေးသော Screen နည်းပညာကို ထဲထဲဝင်ဝင် သုတေသန ပြုနေခဲ့ပြီး ဖြစ်သည်။ ထို့အပြင် Samsungအနေဖြင့် မျက်နှာပြင် အကွေးနှင့် TVများကိုမူ စတင် တီထွင်ထားပြီး ဖြစ်သည်။ သို့သော်လည်း မိုဘိုင်းလ်ဖုန်း တစ်လုံးတွင် ပြင်ညီမျက်နှာပြင်ကို တော်လှန်ခွဲထွက် ဖန်တီးမှုသည် Samsung၏ ခြေလှမ်းကျဲမှု တစ်ခု ဖြစ်ဖွယ်ရှိသည်။ လက်ရှိတွင် Samsung အနေဖြင့် Screen အကွေးဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချမည်ဟုသာ ပြောဆိုထားပြီး တိကျသော အသေးစိတ် မှတ်ချက်မျိုး မပေးသေးချေ။ သုံးစွဲသူ အီလက်ထရောနစ် ပြပွဲအတွင်း Samsung အနေဖြင့် လိုသလို အကွေးအဆန့် ပြုလုပ်နိုင်သည့် မိုဘိုင်းလ်ဖုန်း Screenတစ်ခုကို ပြသခဲ့ဖူးပြီး ၎င်းတို့ ထုတ်လုပ်ပြသမည့် ဖုန်းတွင်မူ Screenကို ခေါက်နိုင်ကွေးနိုင်အောင် ဖန်တီးထားခြင်း ရှိမရှိ မသေချာသေးချေ။ အောက်တိုဘာလမှာ ကျွန်တော်တို့ အနေနဲ့ Display အကွေးနဲ့ စမတ်ဖုန်း တစ်မျိုးကို စပြီးတော့ မိတ်ဆက်ပါမယ် ဟု Samsung၏ မိုဘိုင်းလ်ဌာန မဟာဗျူဟာ ဈေးကွက်ညွှန်ကြားရေးမှူး ဒီဂျေလီက ပြောကြားသွားသည်။ ၎င်းသည် အခြားအသေးစိတ် မေးခွန်းများကိုမူ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ Screen အကွေးနှင့် မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်ရန် ကိစ္စသည် ဘက်ထရီနှင့် အခြားသော ထည့်သွင်းပစ္စည်းများ နေရာချရေးအတွက် အခက်အခဲများစွာ ကြုံရခြင်းကြောင့် ရှေ့တိုးရန် ကြန့်ကြာနေခဲ့သည်။ မျက်နှာပြင်ကွေးသော TVများကိုမူ LGနှင့် Samsungတို့က ဈေးကွက်ထဲတွင် စတင်ရောင်းချနေပြီ ဖြစ်သည်။ လေ့လာသူများက ယင်းကဲ့သို့ ကွေးညွတ်သော မျက်နှာပြင်များသည် ပုံရိပ်ဖော်မှုတွင် ပိုမို ထဲထဲဝင်ဝင် ထိတွေ့နိုင်သည့် အတွေ့အကြုံမျိုးကို ရရှိစေမည်ဟု မှတ်ချက်ပြုထားသည်။ အဓိက ပြဿနာ တစ်ရပ်မှာ Screenအကွေးအတွက် ကုန်ကျစရိတ်သည် သာမန်Screen ပြင်ညီထက် သိသိသာသာ များပြားနေခြင်း ဖြစ်ကြောင်း သိရှိရသည်။ Via & Source [Planet Myanmar Network]

ကွေးညွတ်သော Screen မျက်နှာပြင်ကို အသုံးပြုထားသည့် စမတ်ဖုန်းသစ် တစ်မျိုးကို အောက်တိုဘာလတွင် စတင်မိတ်ဆက် ပြသသွားမည်ဟု Samsungက ကြေညာလိုက်သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက ယခုဖုန်းအမျိုးအစားသစ်သည် နည်းပညာ လောကတွင် ထိုးထွင်းတီထွင်မှု တစ်ခုအဖြစ် ယူဆနိုင်မည်ဟုလည်း ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်မှုအတွင်း ထည့်သွင်း ပြောကြားသွားသည်။ Samsungသည် ယခင်ကတည်းက မျက်နှာပြင်ကွေးသော Screen နည်းပညာကို ထဲထဲဝင်ဝင် သုတေသန ပြုနေခဲ့ပြီး ဖြစ်သည်။ ထို့အပြင် Samsungအနေဖြင့် မျက်နှာပြင် အကွေးနှင့် TVများကိုမူ စတင် တီထွင်ထားပြီး ဖြစ်သည်။ သို့သော်လည်း မိုဘိုင်းလ်ဖုန်း တစ်လုံးတွင် ပြင်ညီမျက်နှာပြင်ကို တော်လှန်ခွဲထွက် ဖန်တီးမှုသည် Samsung၏ ခြေလှမ်းကျဲမှု တစ်ခု ဖြစ်ဖွယ်ရှိသည်။ လက်ရှိတွင် Samsung အနေဖြင့် Screen အကွေးဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချမည်ဟုသာ ပြောဆိုထားပြီး တိကျသော အသေးစိတ် မှတ်ချက်မျိုး မပေးသေးချေ။ သုံးစွဲသူ အီလက်ထရောနစ် ပြပွဲအတွင်း Samsung အနေဖြင့် လိုသလို အကွေးအဆန့် ပြုလုပ်နိုင်သည့် မိုဘိုင်းလ်ဖုန်း Screenတစ်ခုကို ပြသခဲ့ဖူးပြီး ၎င်းတို့ ထုတ်လုပ်ပြသမည့် ဖုန်းတွင်မူ Screenကို ခေါက်နိုင်ကွေးနိုင်အောင် ဖန်တီးထားခြင်း ရှိမရှိ မသေချာသေးချေ။ အောက်တိုဘာလမှာ ကျွန်တော်တို့ အနေနဲ့ Display အကွေးနဲ့ စမတ်ဖုန်း တစ်မျိုးကို စပြီးတော့ မိတ်ဆက်ပါမယ် ဟု Samsung၏ မိုဘိုင်းလ်ဌာန မဟာဗျူဟာ ဈေးကွက်ညွှန်ကြားရေးမှူး ဒီဂျေလီက ပြောကြားသွားသည်။ ၎င်းသည် အခြားအသေးစိတ် မေးခွန်းများကိုမူ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ Screen အကွေးနှင့် မိုဘိုင်းလ်ဖုန်းများ ထုတ်လုပ်ရန် ကိစ္စသည် ဘက်ထရီနှင့် အခြားသော ထည့်သွင်းပစ္စည်းများ နေရာချရေးအတွက် အခက်အခဲများစွာ ကြုံရခြင်းကြောင့် ရှေ့တိုးရန် ကြန့်ကြာနေခဲ့သည်။ မျက်နှာပြင်ကွေးသော TVများကိုမူ LGနှင့် Samsungတို့က ဈေးကွက်ထဲတွင် စတင်ရောင်းချနေပြီ ဖြစ်သည်။ လေ့လာသူများက ယင်းကဲ့သို့ ကွေးညွတ်သော မျက်နှာပြင်များသည် ပုံရိပ်ဖော်မှုတွင် ပိုမို ထဲထဲဝင်ဝင် ထိတွေ့နိုင်သည့် အတွေ့အကြုံမျိုးကို ရရှိစေမည်ဟု မှတ်ချက်ပြုထားသည်။ အဓိက ပြဿနာ တစ်ရပ်မှာ Screenအကွေးအတွက် ကုန်ကျစရိတ်သည် သာမန်Screen ပြင်ညီထက် သိသိသာသာ များပြားနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

0 comments: