Galaxy Note 10.1 (2014 Edition)

Photo
ဆမ်ဆောင်းဟာ IFA 2013 မှာ သူတို့ရဲ့ အခြားထုတ်ကုန်တွေနဲ့အတူ ဗားရှင်းအသစ်ဖြစ်တဲ့ Tablet လို့လည်း ခေါ်ဆိုထိုက်ပြီး Note လို့ သတ်မှတ်ထားတဲ့ 10.1 2014 Edition ကို မိတ်ဆက်ခဲ့ပါတယ်။  ယခင်က Galaxy Note 12.2 ကို ထုတ်လုပ်မယ်လို့ ကောလဟလတွေ ထွက်ရှိခဲ့ပေမယ့်လည်း ယခု IFA ပွဲတော်မှာတော့ 10.1 ကိုသာ မိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆမ်ဆောင်းကတော့ အဲ့လောက် ကြီးမားတဲ့ Tablet ကို မထုတ်လုပ်သေးဘဲနဲ့ အရည်အသွေးမြင့် Tablet တွေ ထုတ်လုပ်ရင်းနဲ့သာ အဆင့်ဆင့် တိုးတက်သွားမယ်လို့ ဆိုပါတယ်။
အချိန်အတန်ကြာ စောင့်ပြီးတော့မှသာ သူတို့ရဲ့ ပြောင်းလဲမှုကို မြင်တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြားနည်းလမ်းတစ်ခု အနေနဲ့ 10.1 2014 ကိုသာ သုံးစွဲထားကြပါလို့ ဆိုပြီး အခြား ထုတ်ကုန်များနည်းတူ စက်တင်ဘာ လကုန်ပိုင်းလောက်မှာပဲ ဈေးကွက်ကို ရောက်ရှိအောင် စွမ်းဆောင်ပေးမယ်လို့ ဆိုပါတယ်။

အသစ်ထွက်ရှိလာတဲ့ Note 10.1 ဟာ လယ်သာကေ့စ် ဒီဇိုင်းနဲ့သာ ထွက်ပေါ်လာပြီး WQXGA မျက်နှာပြင်နဲ့အတူ ပုံရိပ် ဖော်ပြနိုင်စွမ်းကိုတော့ 299ppi ရရှိပါလိမ့်မယ်။ 2014 မော်ဒယ်ကိုလည်း Note III ကဲ့သို့ အမျိုးအစားနှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး LTE နဲ့ Wi-Fi + 3G ဗားရှင်းနဲ့ပါ။ Wifi ဗားရှင်းအတွက်ကိုတော့ Exynos Octa နဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး ARM အခြေခံဖြစ်တာကြောင့် ဆော့ဖ်ဝဲလ် သုံးစွဲမှုတွေကို အပြည့်အဝ အထောက်အပံ့ပေးပါလိမ့်မယ်။ LTE ဗားရှင်းအတွက် ဆိုရင်တော့ 1.9GHz quad-core Processor နဲ့အတူ SnapDragon 800 CPU ကို သုံးစွဲနိုင်ပါလိမ့်မယ်။ အမျိုးအစားနှစ်ခုစလုံးဟာ 3GB RAM နဲ့ ဖြစ်ပြီး အချက်အလက် သိုလှောင် သိမ်းဆည်းနိုင်မှု အတွက်ဆိုရင်တော့ 16GB, 32GB, 64GB ဆိုပြီးတော့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 3GB RAM ကို သုံးစွဲထားတဲ့ မိုဘိုင်း Device တွေထဲမှာ ဆိုရင်တော့ သူက ဒုတိယ ဖြစ်သွားပါလိမ့်မယ်။

စွမ်းအင်သုံးစွဲနိုင်မှုအတွက် ဆိုရင်တော့ ဖြုတ်တပ်လုပ်လို့မရတဲ့ Li-po 8220 mAh ဘက်ထရီကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Multimedia ပိုင်းတွေကို သာမကဘဲ Tablet နဲ့ ဓာတ်ပုံဗီဒီယို ရိုက်ကူးလိုသူတွေအတွက် 8MP Camera ကို ထည့်သွင်းပေးထားပြီး Shutter ဟာ အရမ်း မြန်ဆန်နေပါလိမ့်မယ်။ ရှေ့ဘက်ကင်မရာငယ်ကိုတော့ 2MP ဖြစ်ပြီး ကင်မရာ ဆင်ဆာနှစ်ခုစလုံးက ဗီဒီယို ရိုက်ကူးမယ်ဆိုရင်တော့ 1080p HD အရည်အသွေးရအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ v4.3 JB ကို လတ်တလော အချိန်မှာ Android ရဲ့ ဗားရှင်းအသစ်အဖြစ် သတ်မှတ်ထားနိုင်ပြီး ဆမ်ဆောင်းရဲ့ Touchwiz UI နဲ့ ပေါင်းကာ ပြည့်ပြည့်ဝဝ အသုံးချနိုင်လိမ့်မယ်။

Note III မှာ ပါဝင်ခဲ့တဲ့ အတိုင်းပဲ S-Pen ရဲ့ Feature အသစ်တွေကို ထည့်သွင်းသုံးစွဲနိုင်လိမ့်မယ်။ သူ့ရဲ့ အထူကိုတော့ ပါးလွှာတဲ့ အသွင်အပြင်မျိုး ရရှိအောင် 7.9mm ဖြစ်ပြီး အလေးချိန်ကတော့ 535g ရှိပါတယ်။ အချက်အလက် သိုလှောင်သိမ်းဆည်းမှု အတွက် မလောက်ငဘူး ထင်တယ် ဆိုရင်တော့ SD Card ထည့်သွင်းပြီးတော့ 64GB အထိ ထည့်သွင်းနိုင်ပါလိမ့်မယ်။ ကွန်ရက် ချိန်ဆက်နိုင်စွမ်းအတွက် Wi-fi, Bluetooth လို အရာမျိုးတွေကို သုံးစွဲနိုင်မှာဖြစ်ပြီး ဆမ်ဆောင်းရဲ့ Watch On ဝန်ဆောင်မှုကို သုံးစွဲနိုင်ပါလိမ့်မယ်။ Tablet တွေရဲ့ အဓိက အသုံးဝင်မှုအပိုင်း ဖြစ်တဲ့ sensor ကိုလည်း လုပ်ဆောင်နိုင်မှု အပြည့် ထည့်သွင်းပေးထားပြီး USB ကတော့ 2.0 သာ ရှိပါသေးတယ်။ Note 10.1 ဟာ 2014 Edition ဖြစ်တာနဲ့အညီ ဆမ်ဆောင်းရဲ့ နောက်ပိုင်းထွက် မိုဘိုင်း device တွေမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိ စွမ်းဆောင်နိုင်ပြီးတော့ အဓိကအားဖြင့်တော့ သူတို့ဟာ stylus Pen ကို အရမ်းအားပြုလာတာ တွေ့ရပါတယ်။

0 comments: