မိုဘိုင်းဖုန်းမှတစ်ဆင့် နိုင်ငံပိုင် သတင်းစာများ ဖတ်ရှုနိုင်ရန် စတင်ဆောင်ရွက်

Photo
မိုဘိုင်းဖုန်း၊ Tablet များမှတစ်ဆင့် နိုင်ငံပိုင် သတင်းစာများ ဖတ်ရှုနိုင်ရန် စတင် ဆောင်ရွက်လိုက်ကြောင်း  သိရသည်။ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းမှ ဖြန့်ချိလျက်ရှိသော မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုနိုင်ရန် ဆောင်ရွက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
Download ပြုလုပ်ကာ ဖတ်ရှုနိုင်ရန်အတွက် မိုဘိုင်းဖုန်းနှင့် Tablet များပေါ်တွင် Acrobat reader version ကို install ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ Android စနစ်အတွက် စတင် ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး iPad နှင့် iPhone များ အတွက် Apple Store တွင် Mobile App ကို Free Download အဖြစ် ဖတ်ရှုနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ပြန်သည်။ ကွန်ပျူတာမှတစ်ဆင့် ဖတ်ရှုလိုသူများ၊ Download ပြုလုပ်လိုသူများ အနေဖြင့် www.moi.gov.mm/npe/mal, www.moi.gov.mm/npe/km, www.moi.gov.mm/npe/nlm လိပ်စာမှတစ်ဆင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Android Mobile Phone များနှင့် Tablet များမှတစ်ဆင့် ဖတ်ရှုလိုသူများအတွက် m.moi.gov.mm/npe/mal, m.moi.gov.mm/npe/km, m.moi.gov.mm/npe/nlm website လိပ်စာမှတစ်ဆင့် ဖတ်ရှုနိုင်မည် ဖြစ်သည်။ Apk အတွက် google paly store ၏ cate-gory တွင် news and magazines ကို ရွေးချယ်၍ မြန်မာ့အလင်း၊ ကြေမုံနှင့် The News Light of Myanmar အမှတ်တံဆိပ်ပါ Application Icon များကိုနှိပ်ကာ Install နှိပ်ယူ၍ မိုဘိုင်းဖုန်းများနှင့် Tablet များပေါ်တွင် တိုက်ရိုက်ဖတ်ရှုခြင်း၊ download ပြုလုပ်ခြင်းတို့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

0 comments: