Note 3 ဆိုတာဘာလဲ

Samsung ကထုတ်ထားတဲ့ Note Series ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Note Series ရဲ့ တတိယမြောက် မျိုးဆက်ဖြစ်လို့ Note 3 လို့ခေါ်တွင်စေခဲ့တာပါ။  Note Series မှန်ရင်တော့ Samsung ရဲ့ အယူဝါဒက မျက်နှာပြင် ၅ လက်မကျော်ရမှာပါ။ ဒီတော့ Note 3 ကတော့ မျက်နှာပြင် ၅ လက်မကျော်တဲ့ Note Series မှာ အကြီးဆုံးပေါ့။ မျိုးဆက်မတူတဲ့ Note တွေနဲ့ ကွဲပြားခြားနားရမယ်ဆိုတဲ့ အချက်ကလည်း Note 3 အပေါ်အတော်ကို လွှမ်းမိုးစေခဲ့ပါတယ်။
ဒီတော့ Note 3 ဟာ နည်းပညာလောကစကားအရတော့ အတော်ကို Innovative ဖြစ်တဲ့ Note မျိုးဆက်သစ်ဖုန်း တစ်လုံးပါ။ ပုံစံရော ဒီဇိုင်းပါ အကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်တာကြောင့် နောက်ဆုံးပေါ်ဖုန်းတွေထဲမှာတောင် လူကြိုက်အများဆုံး ဖြစ်နေပါတယ်။ 5 Pen အသစ်ပါဝင်ခြင်း၊ လုံခြုံရေး စနစ်အသစ်တို့ ပါဝင်လာတာကြောင့် software ပိုင်းကလည်း အားကောင်းတဲ့ဖုန်းပါပဲ။ အကောင်းစားဖုန်းတွေထဲမှာမှ သူမတူတဲ့ အရသာတစ်မျိုးကို ပေးစွမ်းနိုင်မယ့် Smart Phone တစ်လုံးလည်း ဖြစ်ပါတယ်။ အကောင်းဆုံးပုံစံသစ်တစ်ခုနဲ့ လှပတဲ့ အသွင်သစ်တို့ကို အထူးခြားဆုံးနဲ့ Smart ကျကျနေထိုင်မှုတစ်ခုကို အကောင်းဆုံးထောက်ပံ့ပေးမယ့် Electronic ခေတ်ရဲ့ မှတ်စုစာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။

ကြည်လင်တောက်ပတဲ့ မျက်နှာပြင်ကျယ်ကြီး

အကောင်းစား Super AMO LED ကို ၅.၇ လက်မရှိတဲ့ မျက်နှာပြင် ထောက်ပံ့ပေးထားပါတယ်။ AMO LED နည်းပညာဟာ မျက်နှာပြင်မှာရှိတဲ့ အေ၇ာင်အသွေးကို စုံလင်အောင် ထည့်သွင်းပေးထားတာကြောင့် အရောင်ကိုပြသရာမှာ စိုပြေနေပြီး တစ်ချို့ဖုန်းတွေလို အမှောင်ထဲမှာ ဖွင့်တဲ့အခါ အရောင်တောက်တောက်ကြီးနဲ့ မျက်စိစူးစေတဲ့ ဒဏ်ကိုကင်းစေပါတယ်။ ဒါကြောင့် AMO LED မျက်နှာပြင်ဟာ ဘယ်အချိန်ကြည့်ကြည့် စိုပြေအေးမြတဲ အသွင်ကိုဆောင်နေပါတယ်။ မျက်နှာပြင်သိပ်သည်းဆလည်း 386pppi ရှိတာကြောင့် ရုပ်ထွက်လည်း မဖွယ်ပါဘူး။

ကြောက်ခမ်းလိလိ Hardware ထောက်ပံ့မှု

နည်းပညာ website တချို့မှာတော့ Note 3 ရဲ့ Hardware ထောက်ပံ့မှုကို Giant Spec ဆိုပြီး ဘီလူးတစ်ကောင်လို စွမ်းဆောင်ရည်မြင့်မားတယ်လို့ ဆိုထားပါတယ်။ ဒီလိုဆိုထားတာလည်း မှန်ပါတယ်။ ဘာကြောင့်လဲဆိုတာ Processor အမြန်နှုန်းကိုတော့ မော်ဒယ်နှစ်မျိုးခွဲပြီး ထုတ်လုပ်ပေးထားပါတယ်။ N9000 မော်ဒယ်ကတော့ Quad Core 2.3 GHz ရှိတဲ့ Snapdragon Processor ကို အသုံးပြုပေးထားပြီး N900s မော်ဒယ်မှာတော့ Quad Core 1.9 GHz တစ်လုံးထည့်သွင်ေးပးထားတဲ့ Exynos 5 Octa Core Processor ကို အသုံးပြုပေးထားပါတယ်။ Quad Core Processor တွေ သုံးထားတဲ့ ဖုန်းဖြစ်တဲအပြင် အမြန်နှုန်းတွေကလည်း လက်ရှိဖုန်းတွေထဲမှာ အမြင့်ဆုံးပါပဲ။ ဒါ့ကြောင့် Processing ပိုင်းနဲ့ Sensor ထိန်းချုပ်မှုပိုင်းတွေမှာတော့ Note 3 ရဲ့ စွမ်းဆောင်မှုတွေက နိုင်းလောက်ရှိတယ်လို့ ခေတ်စကားနဲ့ ပြောရမှာပါ့။ RAM ကိုလည်း ဘယ်ဖုန်းတွေမှာမှ ထောက်ပံ့ဖူးသေးတဲ့ 3GB ပမာဏထောက်ပံ့ပေးထားတာကြောင့် Application အခုတစ်ရာလား အသာလေး Run ပြမယ်လို့ စိန်ခေါ်နိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

နောက်ဆုံးပေါ် ကြွကြွရွရွ OS

Google ကမကြာသေးခင်ကမှ ထုတ်ပေးထားတဲ့ Android 4.3 (Jelly Bean) ကို အသုံးပြုပေးထားပါတယ်။ Android 4.3 ရဲ့ ကွာခြားချက်တွေကတော့ Open Gl 3.0 လိုကောင်းမွန်တဲ့ ရုပ်ထွက်ပိုင်း Feature တွေပါဝင်လာပြီး User Account တွေခွဲသုံးနိုင်သလို ထူးခြားတဲ့ အသွင်အပြင်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Touch Wiz ရဲ့ အသွင်အပြင်ကလည်း ဝယ်မယ့်သူကို တစေ့တစောင်း ဖိတ်ခေါ်နေသလိုပါပဲ။

S4 အတိုင်းရိုက်နိုင်မယ့် Camera  S4 ကိုင်တဲ့သူတွေကိုတောင် Camera Feature ကောင်းကောင်းနဲ့ ရိုက်နိုင်တယ်ဆိုပြီး အားကျနေစရာမလိုပါဘူး။ Note 3 မှာလည်း S4  အတိုင်းရိုက်လို့ရမယ့် Camera ပါဝင်ပါတယ်။ Camera ကို Samsung ကအရှေ့ 13 Megapixel နဲ့ အနောက် 2 Mp ဆိုပြီး S4 အတိုင်း ထည့်သွင်းပေးထားပါတယ်။ Setting က တော်တော်စုံတာကြောင့် Effect ကြိုက်တဲ့ Facebook Warm တွေကတော့ Note 3 ကို တော်တော်ကြိုက်နေတာ တွေ့ရပါတယ်။

သံကွန်ချာ ခုနှစ်ထပ် အုပ်ထားသလို လုံခြုံနေမယ့် Security စနစ်သစ်

လုံခြုံရေးစနစ်သစ်ကတော့ Google ရဲ့ Android ကပေးတဲ့ စနစ် မဟုတ်ပါဘူး။ Samsung ရဲ့ Knox လို့ခေါ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ Knox ရဲ့ စွမ်းဆောင်ရည် ကတော့ Application တွေကို Cloud စနစ်နဲ့ ချိတ်ဆက်ပြီး ကိုယ်ရေးကိုယ်တာ လျှို့ဝှက်နံပါတ်ထားတာ အကောင်းဆုံး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Knox နဲ့ချိတ်ဆက်ထားတဲ့ App ထဲမှာ ရှိတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လိုအပ်တဲ့နေရာက Password သိရုံနဲ့ လွှဲယူနိုင်တဲ့အပြင် ဖုန်းပျေက်သွားခဲ့ရင်တောင် ဖုန်းတည်နေရာကို ရှာပေးနိုင်တဲ့ Android စနစ်သုံး Security နည်းပညာအလန်း စားတစ်ခုဖြစ်ပါတယ်။

တစ်ပြိုင်တည်း အလုပ်နှစ်ခုလုပ်ပေးနိုင်တဲ့ Multitasking စနစ်သစ်

Note 3 ပေါ်ကနေ Application နှစ်ခုကို တစ်ပြိုင်တည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အခါမှာလည်း လက်ရှိ သုံးနေတဲ့ Application ရော နောက်သုံးဖို့ဖွင့်ထားတဲ့ Application ကိုပါ တပြိုင်တည်း သုံးနိုင်မယ့် စနစ်ဖြစ်ပါတယ်။ ဒီတော့ စာအုပ်ဖတ်နေရင်းလည်း အကောင်းဆုံး တွက်ချက်မှုတွေ Dictionary လှန်ကြည့်တာတွေကို လုပ်ဆောင်နိုင်တဲ့ ဖုန်းတစ်လုံးပါ။ အရင် Multitasking စနစ်ဟောင်းတွေနဲ့ပါ မတူတဲ့ အချက်တွေကို အသွင်အပြင် ပြုလုပ်ပေးထားပါတယ်။

သေးသေးလေးနဲ့ တော်တော် အသုံးတည့်မယ့် S Pen အသစ်

S Pen ကိုတော့ Design တော်တော်ပြောင်းလဲပေးထားပါတယ်။ သေးသေးကျစ်ကျစ်လေးနဲ့ ကိုင်ထားလို့ အတော်ကောင်းတဲ့ S Pen လေးအဖြစ် ပြောင်းလဲထားပါတယ်။ အထူးခြားဆုံး နည်းပညာပိုင်းကတော့ S Pen ရဲ့ Air Command စနစ်ဖြစ်ပါတယ်။ Air Command ဟာ မျက်နှာပြင်ကို မထိပဲ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါပေ့မယ့် အကန့်အသတ်တော့ ရှိတာပေါ့။ Air Command ကို အသုံးပြုပြီး Menu ကိုခေါ်နိုင်ပါတယ်။ Home Screen ပေါ်ကနေ သုံးမယ်ဆိုရင်တော့ Air Command Menu မှာ Action Memo, Scrapbook, S Finder, Pen Windows နဲ့ Screen write လို့ခေါ်တဲ့ Feature ငါးမျိုးကို တစ်ပြိုင်တည်း ရနိုင်ပါတယ်။ Action Memos ကတော့ စာရေးဖို့ Memo စာရွက်တစ်ရွက်ကို ထုတ်လိုက်တာပါ။ Scapbook ကတော့ သတင်းတွေနဲ့ ဖတ်ချင်စရာ စာအုပ်တွေရှိရာ နေရာဖြစ်ပါတယ်။ S Finder ဆိုတာကတော့ ရှာချင်ရာရှာဖို့ ဖြစ်ပါတယ်။ Pen Window နောက်ထပ် App တစ်ခုကို ခုန်ကူးဖို့ပေါ့။ Screen write ကတော့ ရှိပြီးသား ဓာတ်ပုံတွေပေါ်မှာ တက်ရေးချင်ရင် အဆင်ပြေပါတယ်။

0 comments: