Galaxy ဖုန်းတွေကို ကြိုးကိုင်မယ့် Galaxy Gear

Photo
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတုံးက Power Ranger ဇာတ်လမ်းတွဲတွေ ကြည့်ဖူးသူဟာ Galaxy Gear က ဘာလဲဆိုတာ ကောင်းကောင်း သိကြမှာပါ။ 
Galaxy Gear ဆိုတာကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မျှော်လင့်ခဲ့ကြတဲ့ အနာဂတ်ရဲ့ နည်းပညာ ပစ္စည်းသစ်ဆိုရင်လည်း မမှားပါဘူး။ နာရီကနေ ဖုန်းပြောနိုင်တယ် ဆိုတာဟာ ကမ္ဘာပေါ်မှာ အချိန်အတော်ကြာ လေ့လာစမ်းသပ်ခဲ့ရတဲ့ နည်းပညာတစ်ရပ် ဖြစ်ပါတယ်။ Galaxy Gear ကတော့ ဒီနည်းပညာရဲ့ ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ခေတ်လူငယ်တွေ အတွက်တော့ Fashion တစ်ခုအဖြစ်ပါ ဝတ်ဆင်နိုင်တဲ့ နာရီတစ်လုံး ဖြစ်ပါတယ်။ ဖုန်းပြောနိုင်တဲ့ Function ပါဝင်တဲ့အပြင် Smart Phone တစ်လုံးမှာ ပြုလုပ်နိုင်တဲ့ စွမ်းရည်အချို့ကိုလည်း အကောင်းဆုံး ပြုလုပ်နိုင်ပါတယ်။ ဥပမာ ဖုန်းထဲဝင်လာတဲ့ Message ကို Gear တစ်ဆင့်ဖတ်နိုင်ပြီး အခြား Notification တော်တော်များများကိုပါ ဖတ်ရှုနိုင် တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် Gear ဟာ နောက်ဆုံးပေါ် Note 3 နဲ့ Note 10.1 (2014 Edition) တို့နဲ့သာ ချိတ်ဆက် အသုံးပြုနိုင်ပြီး Galaxy S4 နဲ့ Galaxy S3 တို့အတွက် လာမည့် အောက်တိုဘာလမှာ ချိတ်ဆက်နိုင်အောင် Software ပိုင်း မြှင့်တင်ပေးမယ်လို့ Samsung က ဆိုထားပါတယ်။ Design ပိုင်းကောင်းမွန်ပြီး မျက်နှာပြင်နဲ့ အရွယ်အစားတို့ကြောင့် Gear ကို လက်မှာ ပတ်ထားလိုက်ရင်ကို ခေတ်မှီတဲ့ သူတစ်ယောက်လို ကိုယ့်ကိုကိုယ် ခံစားနေရမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ တခြားသူတွေနဲ့ မတူတဲ့ အသွင်သစ်နဲ့ Smart Phone ကို ထိန်းချုပ်နေရလို့ပါပဲ။

ခေတ်မှီစမ်းသစ်တဲ့ Design

နာရီတစ်လုံးရဲ့ အလေးချိန်အတိုင်း သယ်ဆောင်ရမှာ ဖြစ်ပြီး လက်ပတ်ကြိုးကလည်း သားရေနဲ့ လုပ်ထားတာကြောင့် ဝတ်ထားတဲ့အခါမှာ ပျော့ပျော့ပျောင်းပျောင်းနဲ့ တော်တော်လေးကို သက်တောင့်သက်သာ ရှိတဲ့ နာရီတစ်လုံးပါ။ ကိုယ်ထည်ကိုလည်း ရေလုံအောင် Steel အုံကို သားရေအမာသား အုပ်ပေးထားပါတယ်။ လက်ပတ်ကြိုးကို ခတ်ပေးတဲ့ မောင်းတံကလည်း Steel နဲ့ ပြုလုပ်ပေးထားတာကြောင့် အတော်လေးကို အဆင့်မြင့်ပြီး ကောင်းမွန်တဲ့ နာရီတစ်လုံးမှန်း သိသာစေပါတယ်။

လက်ပတ်ကြိုးထဲက Camera

သားရေလက်ပတ်ကြိုးထဲမှာ 1.9 MP စွမ်းဆောင်ရည်ရှိပြီး BSI Sensor ထည့်သွင်းပေးထားတဲ့ Camera တစ်လုံး ပါဝင်ပါတယ်။ Camera ကတော့ အကောင်းဆုံး 720 p ရုပ်ထွက်ရှိတဲ့ Video တွေကို ဖမ်းယူနိုင်ပြီး ဓာတ်ပုံလည်း ရိုက်လို့ ရပါတယ်။ Micro Phone လည်း ပါဝင်တာကြောင့် Video အပြင် အသံပါဖမ်းထားနိုင်ပါတယ်။

Gear ရဲ့ တောက်ပတဲ့ မျက်နှာပြင်

မျက်နှာပြင်ကို ၁.၆ လက်မ အကျယ်အဝန်းရှိတဲ့ Super AMOLED နည်းပညာသုံး မျက်နှာပြင်ကို အသုံးပြုပေးထားပြီး Resolution ကတော့ 320 x 320 pixels ထောက်ပံ့ပေးနိုင်ပါတယ်။ မျက်နှာပြင် အကျယ်အဝန်းအရ Application တွေကို ပြသပေးရာမှာ လေးခုသာ ဆန့်ပါတယ်။ ဒါပေမယ့် လက်ညိုးတစ်ချောင်းတည်းနဲ့ အသုံးပြုရမှာ ဖြစ်လို့ အဆင်ပြေနိုင်ပါတယ်။

ထူးခြားတဲ့ Hardware ထောက်ပံ့မှု

Processor ကို 800 Mhz အမြန်နှုန်းရှိတဲ့ Exynos အမျိုးအစား အသုံးပြုပေးထားပါတယ်။ 800 Mhz ဆိုတဲ့ အမြန်နှုန်းက မနှေးပါဘူး။ Samsung ရဲ့ Budget Smart Phone တော်တော်များများမှာ အသုံးပြုပေးထားပါတယ်။ RAM ကိုလည်း 512 MB အထိ ထောက်ပံ့ပေးထားတဲ့အတွက် Application နှစ်ခုသုံးခုလောက်ကို တစ်ပြိုင်တည်း Run နိုင်ပါတယ်။

Gear ပေါ်က Apps တွေ

Atooma, Banjo, Evernote, Glympse, eBay, Line, MyFitnessPal, Pocket, Runkeeper, Triplt နဲ့ Vivino စတဲ့ Apps တွေကို Feature App တွေအဖြစ် နဂိုထည့်သွင်းပေးထားပြီး Samsung Apps တွေဖြစ်တဲ့ Smart Replay, S Voice, Auto Lock, Find My Device, Media Controller, Pedometer, Stopwatch နဲ့ Timer စတာတွေကို ထည့်သွင်းပေးထားပါတယ်။ Messaging အတွက်လည်း Samsung ရဲ့ ChatON App သွင်းပေးထားပါတယ်။

မြင့်မားတဲ့ သိုလှောင်နှုန်းနဲ့ Battery ပမာဏ

Gear မှာတော့ 4 GB သိုလှောင်နှုန်းကို ထည့်သွင်းပေးထားပြီး SD Card ထပ်စိုက်လို့တော့ မရပါဘူး။ Battery အတွက်လည်း 315 mAh အထိ ထောက်ပံ့ပေးထားပြီး အားပြန်ဖြည့်သုံးနိုင်တဲ့ Battery တစ်မျိုးလည်း ဖြစ်ပါတယ်။ 315 mAh ဆိုတဲ့ Battery ဟာ Gear ကို တစ်ခါအားသွင်းရုံနဲ့ တစ်နေ့လုံး သုံးနိုင်မယ့် အနေအထားရှိပါတယ်။
 

0 comments: