Google Play App အသစ်ရဲ့ သိသင့်တဲ့ အချက်များ



Photo
Google Play Store ဆိုတာ အခုအချိန်မှာ Android အသုံးပြုသူတိုင်းနဲ့ ရင်းနှီးလာတဲ့ နာမည်တစ်ခု ဖြစ်လာခဲ့ပါပြီ။  Android စမတ်ဖုန်းနဲ့ Tablet တွေမှာ လိုအပ်တဲ့ Apps တွေ၊ ဂိမ်းတွေ အကုန်လုံးကို Google Account တစ်ခုရှိရုံနဲ့ ရယူနိုင်တဲ့အပြင် နေရာဒေသအလိုက် Store မှာ ဖော်ပြတဲ့ Apps တွေလည်း ကွဲပြားသွားတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ အသုံးပြုနိုင်တာ မကြာသေးတဲ့ Google Play ကို ဝင်ကြည့်မယ်ဆိုရင် မြန်မာ Developer တွေ ရေးသားထားတဲ့ Apps တွေကို Top New, Top New Free အစရှိတဲ့ Tab တွေမှာ အလွယ်တကူ တွေ့နိုင်ပြီး ရယူအသုံးပြုနိုင်ပါတယ်။
အခုအခါ Android Apps ပေါင်း 700,000 ကျော် ရှိပြီး တေးဂီတတွေ၊ ရုပ်ရှင်တွေနဲ့ ebooks တွေပါ ရယူနိုင်ပါတယ်။ ဒီလို အသုံးတည့်လှတဲ့ Google Play Store ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ Update ပြုလုပ်ကာ အဆင့်မြှင့်တင်လိုက်ပါတယ်။ ဒီလို အဆင့်မြှင့်တင်လိုက်တဲ့အခါ မူလပုံစံထက် ဒီဇိုင်းအပြင်အဆင် ပြောင်းလဲသွားပြီး Apps အလိုက် အမျိုးအစားခွဲခြား ဖော်ပြပေးနိုင်စွမ်း၊ အချက်အလက်တွေကို အသေးစိတ် ဖော်ပြပေးနိုင်စွမ်းတွေ ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်။

Toolbar

ဒီ toolbar ပုံစံကတော့ အရင်တုန်းက ပုံစံလိုမျိုးပဲ Apps တွေကို နာမည်နဲ့တကွ အလျင်အမြန် ရှာလိုတဲ့ အခါမျိုးမှာ အသုံးပြု နိုင်ပါတယ်။ လက်ရှိအချိန်မှာ PlayStore ကနေ Apps ဘယ်နှစ်မျိုး download ပြုလုပ်နေတယ် ဆိုတာကို အလွယ်တကူ ကြည့်နိုင်ပြီး တခြား ထွေထွေထူးထူး ပြောင်းလဲထားတာမျိုး မရှိပါဘူး။

Categories

Categories အမျိုးအစားတွေကို ဖော်ပြတဲ့ နေရာမှာတော့ အခုအခါမှာ toolbar တွေ အနေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါဟာလည်း categories အမျိုးအစား အကုန်လုံးတော့ မဟုတ်ပါဘူး။ ကိုယ်အများဆုံး အသုံးပြုတဲ့ categories အလိုက် စိတ်ကြိုက်ရွေးချယ်ထားနိုင်ပြီး အသုံးပြုရတာ ပိုမိုကျစ်လျစ်သွားပါတယ်။

Previews

Google Play ရဲ့ အဓိက ပြောင်းလဲလိုက်တဲ့ ပုံစံဟာ နောက်ဆုံးပေး ebooks တွေ magazine တွေနဲ့၊ movies တွေကို အလွယ်တကူ ပုံစံနဲ့တကွ တွေ့မြင်လာနိုင်ပါတယ်။ Home Screen တစ်လျောက် အောက်ဘက်ထိ ရွေ့ကြည့်တဲ့အခါ အမျိုးအစား တစ်ခုချင်းစီမှာ popular ဖြစ်မှုအလိုက် စီစဉ်ဖော်ပြထားတာမျိုး ဖြစ်ပါတယ်။

More information

Preview အနေနဲ့ ဖော်ပြထားတဲ့ ပုံတွေရဲ့ အောက်ခြေနားမှာ သက်ဆိုင်ရာ အမျိုးအစားလိုက် ခေါင်းစဉ်၊ စာရေးသူ၊ ပါဝင်သူ၊ ဈေးနှုန်း အဆင့်သတ်မှတ်ချက် အစရှိတဲ့ အသေးစိတ် ဖော်ပြချက်တွေ ပါဝင်လာပါတယ်။ နောက်ထပ် ထပ်မံဝင်ကြည့်စရာ မလိုဘဲ အပေါ်ယံ ကြည့်ရုံနဲ့ လိုအပ်တဲ့ အချက်အလက်ကို သိရှိနိုင်ပါတယ်။

Recommendations

Google Play ဟာ Home Page တစ်ပတ်အတွင်း အရောင်းရဆုံး၊ လူကြိုက်အများဆုံးတွေသာ စတင် ဖော်ပြထားတဲ့အတွက် ပိုမိုများပြားတဲ့ Apps တွေကို ကြည့်ချင်တယ်ဆိုရင် အောက်နားမှာရှိတဲ့ See More ဆိုတဲ့ Button လေးကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာလည်း အမျိုးအစားအလိုက် တစ်ပတ်အတွင်းမှာရှိတဲ့ အကောင်းဆုံးတွေသာ တွေ့မြင်ရမှာပါ။

0 comments: