Samsung Galaxy Tab 3 8.0

Photo
Network

Samsung ရဲ့ Tablet ဖုန်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။  GSM 2G, 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် 4G နည်းပညာ တစ်ခုဖြစ်တဲ့ LTE ကွန်ရက်စနစ်ကိုလည်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ Sim Card စနစ်ကတော့ Micro Sim စနစ်ဖြစ်တဲ့အတွက် ကတ်ကိုတော့ ဖြတ်ပြီးမှပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ GSM အင်တာနက်စနစ်တွေ အတွက်တော့ EDGE, GPRS အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် HSDPA 21 Mbps နဲ့ HSUPA 5.76 Mbps ထိ အသုံးပြုနိုင်မယ်လို့လည်း ဖြော်ပထားတာ တွေ့ရပါတယ်။
ဒါကတော့ အင်တာနက် အသုံးပြုချိန်မှာ ရရှိနိုင်မယ့် Speed နှုန်းတွေဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါယာလက် အင်တာနက်စနစ် အတွက်လည်း WiFi စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် WiFi စနစ်အတွက် a/b/g/n စနစ် အကုန်လုံးကို ရရှိနိုင်မှာ ဖြစ်တဲ့ဖုန်းပါ။ Bluetooth ကတော့ 4.0 ဖြစ်ပြီး USB ကတော့ 2.0 ပဲဖြစ်ပါတယ်။

Sensor & Chipset

ဖုန်းကို အသုံးပြုတဲ့ နေရာမှာ ဖုန်းကနေ အလိုအလျောက် သိရှိတုံ့ပြန်နိုင်မှုတွေ အတွက် ထည့်သွင်းပေးထားတဲ့ Sensor စနစ်ပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းထားတာ တွေ့ရမှာပါ။ ဖုန်းရဲ့ Screen ကို အလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor ဖုန်းပြောနေချိန်မှာ Touch Screen ကို ပိတ်ထားပေးနိုင်မယ့် Proximity Sensor စနစ်၊ Compass စနစ် အစရှိတဲ့ Sensor စနစ်တွေကို ထည့်သွင်း ပေးထားတယ်လို့ ဆိုပါတယ်။ Chipset အနေနဲ့ကတော့ ဒီဖုန်းမှာ ထည့်သွင်း အသုံးပြုထားတာက Exynos 4212 Chipset ဖြစ်ပါတယ်။

OS

ဒီဖုန်းမှာ ထည့်သွင်း အသုံးပြုထားတဲ့ OS ကတော့ Android OS ဖြစ်ပြီး ဗားရှင်းကတော့ 4.2.2 Jelly Bean ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Multimedia

SNS integration, MP4, FLV, MP3, WAV, Flac player, TV-out (via MHL A/V link), Organizer, Image/video editor, Document viewer, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Picasa, Voice memo/dial အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Dimension & Weight

ဖုန်းအရွယ်အစားမှာတော့ အမြင့်က 2.9.8mm ရှိပြီး ဘေးတိုက် အကျယ်ကတော့ 123.8mm ရှိပါတယ်။ ဖုန်းရဲ့ ထုကတော့ 7.4mm ဖြစ်တဲ့အတွက် ပါးလွှာတယ်လို့ ဆိုရမယ့်ဖုန်းပါပဲ။ အလေးချိန်ကတော့ 314g ရှိပါတယ်။

Camera

ကင်မရာကတော့ 5 Megapixel ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Pixel Resolution တွေ အနေနဲ့ကတော့ 2560х1920 ထိ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် ကင်မရာ စနစ်ပိုင်းတွေ အနေနဲ့လည်း ဓာတ်ပုံရိုက်တဲ့အခါမှာ ဓာတ်ပုံရဲ့ တည်နေရာတွေကို မှတ်သားပေးနိုင်မယ့် Geotagging, ပုံရိပ်ရဲ့ မျက်နှာကို မှတ်သားနိုင်မယ့် Face Detection စနစ်နဲ့ ပုံရိပ်ကို အလိုအလျောက် ဖမ်းယူပေးနိုင်မယ့် Auto Focus စနစ်၊ Touch Screen ပေါ်မှာထောက်ပြီး ပုံရိပ်ကို ဖမ်းယူနိုင်မယ့် Touch Focus စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဗီဒီယိုစနစ် အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပြီး ရှေ့ကင်မရာ အတွက်လည်း 1.3 Megapixel ရှိတဲ့ ကင်မရာ ပါဝင်ပါတယ်။ Dual ကင်မရာစနစ် ဖြစ်ပါတယ်။

CPU & GPU

ဒီဖုန်းမှာ ထည့်သွင်း အသုံးပြုထားတဲ့ CPU ကတော့ Dualcore 1.5 GHz CPU ကို ထည့်သွင်း အသုံးပြုထားတာ ဖြစ်တဲ့အတွက် CPU စနစ် နိမ့်တယ်လို့ မပြောသာပေမယ့် နောက်ပိုင်းထွက် ဖုန်းတွေထဲမှာတော့ CPU က နည်းနည်း နိမ့်နေပါတယ်။ ဒါပေမယ့် ဖုန်းတွင်း လုပ်ဆောင်ချက် အပိုင်းတွေကိုတော့ Dualcore CPU က အကောင်းဆုံး ပြုလုပ်ပေးမှာပါ။ ဂရပ်ဖစ်စနစ်ပိုင်း အတွက်ကတော့ Mali-400MP GPU ကို ထည့်သွင်း အသုံးပြုထားတာ ဖြစ်တဲ့အတွက် GPU ကတော့ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

Screen

Screen အရွယ်အစားကတော့ 8.0 လက်မ ရှိပါတယ်။ Screen Pixel တွေ အနေနဲ့ကတော့ 800x1280 Pixel ထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ Screen အမျိုးအစားကတော့ ရိုးရိုး TFT Screen အမျိုးအစားပါ။ 8.0 လက်မ ဖြစ်တဲ့အတွက် ဖုန်းလို့ဆိုတာထက် Tablet ဖုန်းလို့ ဆိုနိုင်ပါတယ်။

Memory

ဖုန်းတွင်း မှတ်ဉာဏ်စနစ်တွေ အတွက်တော့ Internal Memory 16GB ပါဝင်ပြီး RAM အနေနဲ့တော့ 1.5GB RAM ပါဝင်ပါတယ်။ မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card ကို ထည့်သွင်း အသုံးပြုနိုင်ပြီး နောက်ထပ် 64GB ထိ ထပ်တိုး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ကိုသက်

0 comments: