ဝက်ခြံအကြောင်း သိကောင်းစရာ
ဝက်ခြံဟာ လူတိုင်း သိကြတဲ့ အရေပြား ရောဂါ တစ်မျိုးဖြစ်ပြီး ဆယ်ကျော်သက်
မြီးကောင်ပေါက်စ လူငယ်လူရွယ်တွေမှာ အဖြစ်များပြီး လူလတ်ပိုင်းနှင့်
လူကြီးပိုင်း တွေမှာလည်း ပေါက်တတ် ကြပါတယ်။ များသောအားဖြင့် ဝက်ခြံ
ပေါက်လာပြီဆိုရင်လည်း ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝက်ခြံပျောက်
ဆေးများသုံးပြီး အနီးစပ်ဆုံး ပျောက်ကင်းအောင် ကုသကြပါတယ်။ တချို့ အနာနဲ့ဆေး
တစ်ထပ်တည်း ကျပြီး ပျောက်ကင်း သွားတာ ရှိသလို အချို့က အနာနဲ့ ဆေးမတည့်တဲ့
အတွက် အခြေအနေ ပိုဆိုးလာတာ ကိုလည်း တွေ့ရပါတယ်။ ဝက်ခြံမှာ အမျိုးအစာ
းအများကြီး ရှိပါတယ်။ အဲဒီထဲက ဝက်ခြံမည်း၊ဆားဝက်ခြံဖြူ၊ ဆင်ဝက်ခြံတို့ပဲ
ဖြစ်ပါတယ်။







