• စာအုပ္မ်ဳိးစံု

    Android, Windows, သုတ, ရသ, ဗေဒင်စသည့် လေ့လာစရာ စာအုပ်မျိုးစုံကို ဒီနေရာတွင် ရရှိနိုင်ပါသည်။

  • Android APKများ

    Android ဖုန်းအတွက် မရှိမဖြစ်လိုအပ်သော apk များကို ဒီနေရာတွင် ရယူပါ။...

  • အထွေထွေဗဟုသုတ

    နိုင်ငံတကာမှ အကြောင်းအရာများ၊ အခြားသော စိတ်ဝင်စားဖွယ် ဗဟုသုတ မျိုးစုံကို ဒီနေရာတွင် လေ့လာပါ။...

  • ဆော့ဝဲလ်များ

    သင့် ကွန်ပျူတာအတွက် လိုအပ်သော ဆော့ဝဲလ်များ၊ Update များကို ဒီနေရာတွင် ရယူပါ။...

Showing posts with label Softwares. Show all posts

မြန်မာ့ရုပ်သံလိုင်းများကို PC ကနေ ကြည့်နည်း





အားလုံး မင်္ဂလာပါ။

ကျွန်တော် ဘဘော့ဂ်မရေးဖြစ်တာ အတော့်ကို ကြာခဲ့ပြီဗျာ။
တိတိကျကျ ပြောရရင် 2014နောက်ပိုင်းကတည်းက မရေးဖြစ်တော့တာ အခုထိပါပဲ။
ဒါပေမယ့် နည်းပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဆက်လက်မျှဝေပေးချင်တာကြောင့် ကျွန်တော့် ဒီဘလော့ဂ်လေးကို ပြန်လည်အသက်သွင်းလိုက်ပါတယ်ခင်ဗျ။

ဇော်ဂျီခေတ်ကနေ ဦးနီကုဒ် (စတာပါ) ယူနီကုဒ်ခေတ်ကို ရောက်လာပြီဆိုတော့ ရှေ့လျှောက် ကျွန်တော် ယူနီကုဒ်ဖောင့်နဲ့သာ ဆက်လက်ရေးသားသွားမည်ဖြစ်ကြောင်း ကြိုအသိပေးထားပါရစေ။

ကဲ... စလိုက်ရအောင်။
ဒီနေ့ ကျွန်တော်မျှဝေပေးမယ့် အကြောင်းအရာလေးကတော့ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပေးလျက်ရှိတဲ့ Free to Air ရုပ်သံလိုင်းများကို မိမိတို့ ကွန်ပျူတာပေါ်မှာ ကြည့်လို့ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီနည်းပညာကို IPTV (Internet Protocol television) စနစ်လို့ ခေါ်ပါတယ်။
 ဒီစနစ်မှာ ဘာတွေ ပါဝင်သလဲ။ ဘယ်လို လုပ်ဆောင်သလဲ။ ဘာကြောင့် TV လိုင်းတွေကို အင်တာနက်ကနေ တဆင့် ဖုန်းတွေပေါ်မှာ ကွန်ပျူတာတွေပေါ်မှာ ကြည့်လို့ရတာလဲ စတဲ့ အဲဒီအကြောင်းအရာတွေကို စိတ်ဝင်စားရင် ကျွန်တော် ပိုစ့်တစ်ခု သီးသန့်တင်ပေးပါမယ်။ အခုတော့ ကျွန်တော် လုပ်ပေးထားတဲ့ဟာလေးကို ခေါ်ရတာ လွယ်ကူအောင်လို့  MMIPTV လို့ ဒီပိုစ့်မှာ သုံးနှုန်းသွားပါမယ်။

လက်ရှိ ကျွန်တော်လုပ်ပေးထားတဲ့ MMIPTV ကနေ ကြည့်လို့ရမယ့် ရုပ်သံလိုင်းတွေကတော့

MRTV HD
MRTV Hluttaw
MNTV
MRTV-4 HD
Channel 7 HD
Channel 9
Channel K
Mizzima TV
MWD
MWD Variety
Mahar TV
MVTV
စတဲ့ ရုပ်သံလိုင်း (၁၂)လိုင်း ပါဝင်ပါတယ်။

လောလောဆယ်
လိုအပ်တဲ့ အချက်အလက်လေးတွေ အရင်ဆုံး စုလိုက်ရအောင်။

MMIPTV ကို ကြည့်မယ်ဆိုရင်

နံပါတ် (၁)
အင်တာနက်လိုင်း လိုအပ်ပါမယ်။
Wifi ဖြစ်စေ၊ ဖုန်းကနေ Hotspot လွှင့်တာမျိုးပဲ ဖြစ်စေ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အင်တာနက်လိုင်း လိုအပ်ပါတယ်။ အပြင်မှာ ထုတ်လွှင့်နေတဲ့အတိုင်း ကြည့်ရဖို့အတွက် အင်တာနက်ကနေတဆင့် သက်ဆိုင်ရာ ဆာဗာကနေ ရုပ်သံကို လှမ်းယူတာမို့ပါ။

နောက်ထပ်က
IPTV file တွေကို Support လုပ်တဲ့ Media Player Software လိုအပ်ပါတယ်။
Windows အတွက် Media Player ပေါင်း များစွာရှိပါတယ်။ အဲဒီထဲကမှ IPTV အတွက် ကျွန်တော် စမ်းရသလောက် အဆင်ပြေဆုံးက  VLC media player ပါ။
သူ့ icon ပုံလေးကတော့ ဒါလေးပါ။





ဖွင့်လိုက်ရင် အဲလိုလေး ပေါ်ပါလိမ့်မယ်။ မိမိ ကွန်ပျူတာထဲမှာ ရှိမရှိ အရင်ရှာကြည့်ပါ။
မရှိရင်တော့ အောက်မှာ ပေးထားတဲ့ လင့်ကနေ Download လုပ်ပြီး Install လုပ်လိုက်ပါ။


VLC 3.0.10 for Windows 64 bits

https://mirror.downloadvn.com/videolan/vlc/3.0.10/win64/vlc-3.0.10-win64.exe


VLC 3.0.10 for Windows 32 bits

https://mirror.downloadvn.com/videolan/vlc/3.0.10/win32/vlc-3.0.10-win32.exe 

 

အိုကေ...

အပေါ်က ကျွန်တော်ပြောတဲ့ အချက်တွေ စုံပြီဆိုရင် အောက်မှာ ပေးထားတဲ့ ဖိုင်လေးကို Download လုပ်လိုက်ပါ။

https://waiyanmdy.000webhostapp.com/wp-content/mmtv.m3u

အပေါ်က လင့်လေးကို နှိပ်လိုက်ရင် ဒီလိုလေး ပေါ်လာပါလိမ့်မယ်။



Save File ကို နှိပ်ပြီး OK ကို နှိပ်ပါ။



 Download Folder ထဲမှာ mmtv.m3u ဆိုပြီး ရှိနေပါမယ်။



အဲဒီဖိုင်လေးကို Right Click နှိပ်ပြီး Play with VLC media player နဲ့ ဖွင့်လိုက်ရင် ရုပ်သံလိုင်းများ ပွင့်လာပြီး ကြည့်ရှုလို့ရပါပြီ။




အခြားလိုင်းတွေ ပြောင်းဖို့အတွက်က Next တို့  Previous တို့ကနေလည်း ပြောင်းလို့ရသလို
 မြင်ကွင်းပေါ်မှာ Right Click နှိပ်ပြီး  Playlist ကနေ အခြားလိုင်းများကို ပြောင်းကြည့်လို့ရပါတယ်။




လိုင်းတွေ ရှာရလွယ်အောင် လိုင်းနာမည်တွေနဲ့ စီပေးထားပါတယ်။

အဆိုပါ ရုပ်သံလိုင်းများဟာ သူတို့ထုတ်လွှင့်ရာ Sever အသီးသီးကနေ ယူထားတာ ဖြစ်တာကြောင့် အချိန်မရွေး လိုင်းပျောက်ခြင်း သို့မဟုတ် ကြည့်ရှု၍မရခြင်းများ ဖြစ်တတ်တာကို ကြို အသိပေးထားပါရစေ။
အကယ်၍ ဖော်ပြပါအတိုင်း ဖြစ်လာပါက ကျွန်တော် ပြန်လည်ရှာဖွေပြီး Update File အနေနဲ့ တင်ပေးသွားပါမယ်။
ရည်ရွယ်တာကတော့ ပြည်ပရောက်မြန်မာများ သို့မဟုတ် ခရီးသွားလာရင်းနဲ့ ရုပ်သံလိုင်းများကို ကြည့်ချင်သူများ အဆင်ပြေစေဖို့ ရည်ရွယ်ပါတယ်။
အဆုံးထိဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.....

လင်းယံခ (နည်းပညာ)

Win Rar v5.0 full version for 32bit & 64 bit


ကျွန်တော်တို့ ကွန်ပျူတာ သုံးသူတိုင်း Win Rar ကို သုံးဖူးကြမယ် ထင်ပါတယ်။ သူကတော့ File တွေကို ချုံ့နိုင်တဲ့ ဆော့ဝဲလ်လေးပါ။ ပုံမှန်အားဖြင့်တော့ 100Mb ရှိတဲ့ File ကို Win Rar နဲ့ဆိုရင် 70Mb လောက်ဘဲ ရှိတာမို့ နေရာလွတ် များများ ပိုရတာပေါ့ဗျာ။

Notepad++ v6.5

Notepad++ Download
Notepad++ ဆိုတာကတော့ ကျွန်တော်တို့ သုံးနေကြတဲ့ notepad သဘောမျိုးပါဘဲ။ ဒါပေမယ့် ဒီဟာလေးကတော့ developer တွေ အတွက်ပါ။ Programming သမားတွေ၊ Webdesign သမားတွေအတွက် အလွန်ကို အသုံးတည့်ပါတယ်။

Safari Browser မှာ မြန်မာလို ပေါ်ချင်ရင်


တစ်ချို့တွေက Mozilla ကို သုံးကြသလို တစ်ချို့ကျတော့လည်း chrome ကို သုံးတတ်ကြပါတယ်။ အခု Safari browser ကတော့ Apple ရဲ့ ထုတ်ကုန်တစ်ခုပါ။ ဒါကြောင့် Safari ကို သုံးကြသူများ browser မှာ  မြန်မာလိုပေါ်ချင်ရင် အောက်က အတိုင်း လုပ်လိုက်ရင် ရပါတယ်။ အခုမှ Safari ကို သုံးချင်သူများ အတွက်လည်း download လုပ်ဖို့ ပါ တစ်ခါတည်း တင်ပေးထားပါတယ်။

သီချင်း အလန်းစားတွေကို ဖန်တီးဖို့ FL Studio 10


ဒီဆော့ဝဲလ်လေးကိုတော့ သုံးဖူးတဲ့သူတွေ ရှိသလို မသုံးဖူးတဲ့သူတွေလည်း ရှိကြမှာဘဲ။ ဒီကောင်လေးရှိရုံနဲ့ ကိုယ်တိုင် သံစဉ်အလန်းစားတွေကို ဖန်တီးလို့ ရနိုင်ပါတယ်။ အခုနောက်ပိုင်း သီချင်းတွေ တော်တော်များများကို ဒီ FL Studio နဲ့ တီးကြပါတယ်။ နောက်ပြီး Remix လိုမျိုး သံစဉ်ဖန်တီးမှုကိုလည်း လုပ်ဆောင် လို့ရပါတယ်။

Photodex ProShow Producer 5.0.3310

 
ဒီတစ်ခေါက် တင်ပေးလိုက်တဲ့ ဆော့ဝဲလ်ကတော့ ဟိုအရင်တစ်ခေါက် တစ်ပေးလိုက်တဲ့ Proshow Gold ထက် ပိုကောင်းပါတယ်။ ဒီဆော့ဝဲလ်လေးကတော့ အရင်ထက်ကို ပိုပြီးတော့ ဖန်တီးလို့ရပါတယ်။ ဓါတ်ပုံတွေကို effect အမျိုးမျိုးထည့်နိုင်သလို ၊ စာသားကိုလည်း ကြိုက်သလို ထည့်သွင်းနိုင်ပါတယ်။ ဒီဆော့ဝဲလ်လေးက HD version အထိကို ပြုလုပ်နိုင်တော့ ရုက်ထွက်အနေနဲ့ ပိုပြီး ကြည်လင်ပြတ်သားတာကို တွေ့ရပါတယ်ဗျ။

ဓါတ်ပုံနဲ့သီချင်း ပေါင်းစပ်ဖန်တီးဖို့ ProShow Gold


C-box မှာ တောင်းထားတာတွေ့လို့ပါ။
ဒီ software လေးကတော့ ဓါတ်ပုံတွေနဲ့ သီချင်းတွေကိုတွဲပြီး သီချင်းခွေလုပ်ချင်တဲ့သူများအတွက်ပါ.Photo Slide Show software လေးတစ်ခုပါဘဲ.နာမည်ကတော့ ProShow Gold တဲ့.ရှိတဲ့သူတွေကတော့ ဒီကောင်လေးအစွမ်းထက်ပုံကိုတော့ သိပြီးကြမှာပါ.မရှိတဲ့သူတွေကလည်း မြန်မြန်လေး................ နောက်ကျနေဦးမယ်.
ကို့ကောင်မလေးကိုဘဲဖြစ်ဖြစ် ကောင်လေးကိုဖြစ်ဖြစ် လုပ်ပေးလိုက်ကြဦး.အဆင်ပြေရင်တော့ ကျွန်တော့်ကို သတိရကြဦးနော်.

Myanmar Wiki စွယ်စုံကျမ်း

ဒီအခွေလေးကတော့ ဝီကီပီးဒီးယား လို့ခေါ်တဲ့ အခမဲ့လွတ်လပ်စွယ်စုံကျမ်း အခွေလေးပါ။ စွယ်စုံကျမ်းဆိုတဲ့ အတိုင်း ကမ္ဘာ့အရပ်ရပ်က ထင်ရှားကျော်ကြားမှုများသာမက အခြားသော အကြောင်းအရာ ကဏ္ဍမျိုးစုံကို ထည့်သွင်းပေးထားမို့ အရမ်းကို တန်ဖိုးရှိပါတယ်။
Install လုပ်ရတာလည်း လွယ်ကူသလို အသုံးပြုရာတွင်လည်း လျင်မြန်စွာ အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် ဒီဆော့ဝဲလ်လေးကို အသုံးပြုဖို့အတွက်ကတော့ Myanmar 3 Font ရှိဖို့တော့ လိုပါလိမ့်မယ်။

Format Factory Version 3.0.1.1


 
ဒီဆော့ဝဲလ်လေးကတော့ ဖိုင်မျိုးစုံကို မိမိကြိုက်ရာ ဖိုင်အမျိုးအစားကို ပြောင်းလဲပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။ သူ့ရဲ့ အသုံးဝင်ပုံကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

E-book တွေဖတ်ရှုဖို့ Adobe Reader X1

 
ကွန်ပျူတာနဲ့ စာအုပ်ဖတ်ရတာ သိပ်တော့ အရသာမရှိပေမယ့် တစ်ခါတစ်လေ အပြင်မှာ ရှာလို့မရတဲ့ စာအုပ်မျိုးဆိုရင်တော့ ကွန်ပျူတာနဲ့ ဖတ်ရတာပေါ့။ ဒီလိုမျိုး ဖတ်တဲ့အခါမှာလည်း ဆော့ဝဲလ်က အဆင်မပြေ ဖြစ်နေရင် စိတ်ညစ်ရပြန်ရော။

Viber နောက်ဆုံးထွက် version

 
အခုတင်ပေးလိုက်တာကတော့ Viber နောက်ဆုံးထွက်ပါ။ နောက်ပြီး computer ပေါ်မှာလည်း သုံးလို့ရအောင် ဆော့ဝဲလ်တစ်ခါတည်း တင်ပေးထားပါတယ်။

Glary Utilities 3.0 Full Version

 
ဒီဆော့ဝဲလ်လေးကတော့ ကွန်ပျူတာသန့်ရှင်းရေး လုပ်ပေးတဲ့ ဆောဝဲလ်လေးပါ။ သေးသလောက်လည်း စွမ်းပါတယ်။ ကျွန်တော်ကတော့ လက်စွဲပေါ့ဗျာ...
ဒီဆော့ဝဲလ်လေးကို Install လုပ်ပြီးတာနဲ့ Update တစ်ခါတည်း လုပ်ပေးလိုက်ရင် ပိုပြီးသုံးလို့ ကောင်းမှာပါ။

Internet Download Manager 6.15 build 9 full version

 
Internet Download Manager နောက်ဆုံးထွက် version လေးပါ။
အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်ဗျာ...

ကွန်ပျူတာနဲ့ Android App များကို အသုံးပြုကြည့်ရအောင်

 
ဒီ ဆော့ဝဲလ်လေးကတော့ ကွန်ပျူတာနဲ့ android app များကို စမ်းသပ်အသုံးပြုနိုင်တဲ့ ဆော့ဝဲလ်လေးပါ။
ဒီဆော့ဝဲလ်လေးရဲ့ အားသာချက်ကတော့ apk များရဲ့ အသုံးပြုပုံ၊ ဘယ်လိုသုံးရမလဲဆိုတာကို ဖုန်းထဲမှာထည့်မသုံးခင် ကွန်ပျူတာနဲ့ အစမ်းသုံးနိုင်တာပါ။
အားနည်းချက်ကတော့ Android Version 2.3.4 ဘဲရှိတဲ့အတွက် Version မြင့်တဲ့ apk တွေကိုတော့ အသုံးပြုလို့ မရနိုင်ပါဘူး။