"အမေ"

မာယာများတဲ့လောကအလယ်ကို
ခြေစုန်ပစ်ဝင်ခဲ့ပြီ အမေ...
လူတွေက ကျွန်တော့်ကို ရောင်စုံခြယ်တိုင်း
သတိရမိပါတယ် အမေ...
တစ်ချိန်က အမေ့ချစ်တဲ့သား
အခုတော့ အဝေးဆီရောက်နေ...
ကာလာရောင်စုံ စွန်းထင်းနေတဲ့
သားမိုက်ကို ခွင့်လွှတ်ပါလေ...
ဒီကဗျာလေးနဲ့ အမေချစ်တဲ့သား
ရှိခိုးလိုက်ပါတယ် အမေ.... _/\_
လင်းယံခ
0 comments: