ချစ်သူ...

လမ်းပျောက်နေတဲ့ လမိုက်ညမှာ
ကြယ်ရောင်တွေကို မလိုချင်ဘူး
မင်းရှိနေရင် ပြည့်စုံပြီချစ်သူ...
ချမ်းအေးလှတဲ့ ဆောင်းညလေးမှာ
ထင်းမီးဖိုတစ်ခု မလိုချင်ဘူး
မင်းရှိနေရင် နွေးထွေးပြီချစ်သူ...
ဝေးကွာနေတဲ့ အချိန်တိုင်းမှာ
လွမ်းဆွတ်မှုတွေ မလိုချင်ဘူး...
နှလုံးသားနဲ့ အမြဲသတိရပေးပါချစ်သူ...
ဘဝခရီး ကြမ်းတမ်းတိုင်းမှာ
စိတ်ဓါတ်ကျမှုတွေမရှိဘူး
မင်းအပြုံးလေးက ဘဝအမောတွေကို ပြေစေသူ...
လင်းယံခ
0 comments: