Android မှ ကူးယူထားသော Apple ရဲ့ နည်းလမ်း ၇ သွယ်

Photo
Apple ဟာ သူ့ရဲ့ iOS အသစ်ကို စတင် မိတ်ဆက်ခဲ့တဲ့ နောက်ပိုင်းမှာတော့ သာမန်လို ဖြစ်နေကြပြီဖြစ်တဲ့ အနာဟောင်းအတိုင်းပဲ တိုင်ကြားမှုတွေ စတင် ခံစားခဲ့ရပြန်ပါပြီ။  လွန်ခဲ့တဲ့ ၆ နှစ်လောက်ကစပြီး ထွက်ခဲ့တဲ့ မူလပုံစံကနေ ခွဲထွက်လာတဲ့ အချိန် ကုမ္ပဏီရဲ့ စီအီးအို အပြောင်းအလဲ အပြီးမှာတော့ အသစ်ထွက်လာမယ့် iOS ၇ ဟာ များစွာ ပြောင်းလဲသွားခဲ့ပါပြီ။ ၆ နှစ်လောက်က စပြီး မပြောင်းမလဲတဲ့ ဒီဇိုင်းပုံစံ တစ်ခုတည်းကို အသားပေးထားခဲ့တဲ့ iOS ဟာ အခုအချိန်မှာတော့ အရာရာ ပြောင်းလဲဖို့အတွက် ဖန်လာခဲ့ခြင်းပဲ ဖြစ်သည်။
ဘာကြောင့်လဲဆိုတာထက် ၆ နှစ်ကျော် သက်တမ်းအတွင်း အသုံးပြုခဲ့တဲ့ Apple ချစ်သူတွေ အတွက် အခြား ပြိုင်ဘက်ဖြစ်တဲ့ Android လိုပဲ အသစ်အဆန်းဖြစ်မှုမျိုး လိုချင်မှာပဲ၊ လိုအပ်မှာပဲဆိုတဲ့ စိတ်တစ်ခုနဲ့ ပြောင်းလဲခြင်း ဖြစ်နိုင်သလို အဓိကပြိုင်ဘက်ဖြစ်တဲ့ Samsung ရဲ့ အရှိန်အဝါ တက်လာနေတဲ့ အချိန်မှာ Apple ရဲ့ နည်းပညာဆိုင်ရာ ခေါင်းဆောင်နိုင်ခဲ့မှု အပိုင်းကို ပြန်လည်ကုစားဖို့ ကြိုးစားနည်း တစ်မျိုးလည်း ဖြစ်နိုင်သည်။

iOS 7 ကို လွန်ခဲ့တဲ့ ၁၀ ရက်နေ့ကနေ ၁၄ ရက်အထိ ကျင်းပခဲ့တဲ့ WWDC 2013 မှာ Apple ကနေ စတင် မိတ်ဆက်ခဲ့သည်။ အဲဒီ မိတ်ဆက်ခဲ့တာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ Apple developer တွေ အတွက် developer version တွေကို ထုတ်ပေးခဲ့သည်။ အဲဒါတွေကတော့ Apple ရဲ့ လုပ်ရိုးလုပ်စဉ်မို့ ဘာမှမဖြစ်ခဲ့ပါဘူး။ Apple developer တွေ စမ်းသပ် အသုံးပြုဖို့နဲ့ apps တွေ ရေးသားနိုင်ဖို့ အတွက် ဖြစ်သည်။ အဲဒီမှာ iOS 7 ရဲ့ ဒီဇိုင်းပုံစံ ပြောင်းလဲသွားတာကို အကောင်းမြင်တဲ့ သူတွေရှိသလို ဒီဇိုင်းသမားတွေ အတော်များများကတော့ ဝေဖန်ခဲ့ကြသည်။ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ Apple ရဲ့ အသစ်ထွက်လာမယ့် ဒီဇိုင်းပုံစံနဲ့ Features တွေကို Android နှင့် နှိုင်းယှဉ်ကြခြင်း ဖြစ်ပြီး Google ရဲ့ နာမည်ကျော် Operating System တစ်ခုဖြစ်တဲ့ Android ကနေ တစ်ချို့အရာတွေကို ရယူထားတယ်ဆိုတဲ့ အချက်တွေ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဒီအချက်ကတော့ Apple သမိုင်း စတင် ရိုင်းခဲ့လေပြီလားလို့ ဆိုရမလို ဖြစ်ခဲ့သည်။ iOS ကို စတင် အခြေပြုလာခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကစပြီး နည်းပညာသမိုင်းမှာ ဦးဆောင်လာခဲ့တဲ့ Apple ဟာ Steve jobs မရှိတော့တဲ့ နောက်ပိုင်းမှာ အပြောင်းအလဲများစွာ ဖြစ်လာခဲ့သည်။

Android နှင့် တူလာခဲ့တဲ့ slide to unlock စနစ်

အမှန်ပါပဲ။ ယခုအသစ်ထွက်လာမယ့် iOS 7 ရဲ့ Screen lock စနစ်ကို အသုံးပြုထားတဲ့ slide to unlock စနစ်ဟာ ယခင် iOS 6 မှာတုန်းကလို မဟုတ်တော့ဘဲ အပြောင်းလဲကြီး ပြောင်းလဲကာ Android ရဲ့ Swipe to unlock screen နှင့် အတော်လေးကို ဆင်တူနေခြင်း ဖြစ်သည်။ ဒါကြောင့် Android user များ၏ လှောင်ပြောင်ခြင်းကိုလည်း ခံရသလို သူတို့ရဲ့ Swipe စနစ်ကို အတုယူ ခိုးချထားတယ်လို့လည်း ဆိုကြသည်။ အဲဒီအချက်ကတော့ တိုက်ဆိုင်စွာ တူညီနေခြင်းကို Apple က သိသိကြီးနဲ့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

Multitasking စနစ် တူညီနေခြင်း

ဒါဟာလည်း အပြစ်ပြောစရာတစ်ခု ဖြစ်စေသည်။ Android ရဲ့ multitasking စနစ်ဟာ အခြားသူများ မလုပ်ခင် ဒီဇိုင်းထုတ်ထားတဲ့ Feature တစ်ခုဖြစ်ပြီး ယခု iOS 7 မှာ တိုက်ဆိုင်စွာ တူညီနေခြင်းကတော့ အပြစ်တစ်ခုလို ဖြစ်စေခဲ့ပြန်ပါတယ်။ Android ရဲ့ multitasking က အပေါ်အောက် ပြသခြင်းဖြစ်ပြီး Apple ရဲ့ iOS 7 ကတော့ ဘေးတိုက်ဘယ်ညာ ပြသခြင်းသာ ကွာခြားသွားခြင်း ဖြစ်သည်။ ဒါပေမယ့် ဒါဟာ preview စနစ်သာ ဖြစ်သေးတာမို့ တကယ်ထွက်လာမယ့် အချိန်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာကတော့ မသိသေးပါဘူး။ လောလောဆယ်တော့ iOS 7 ဟာ Android ဆီက Feature တွေကို အတုယူထားတယ်ဆိုပြီး အသံတွေ ထွက်နေခြင်းပဲ ဖြစ်သည်။

Quickly Access Settings များ တူညီနေခြင်း

ဒါကလည်း အပြစ်ပြောစရာ တစ်ခု ဖြစ်လာစေသည်။ iOS 6 အထိ ထုတ်ခဲ့သမျှသော ဖုန်းဗားရှင်းတွေ အားလုံးမှာ အဲဒီ Quickly Access စနစ် မပါဘူးလို့ပဲ ဆိုရမည်။ notification panel ပါဝင်ခြင်း ရှိနေခဲ့ရာကနေ အခုအချိန်မှာတော့ Android ကဲ့သို့ အလားတူ Quickly Access Settings ကို ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Quickly Access Settings ကလည်း Andriod ကဲ့သို့ပင် Wifi, Bluetooth, control panel တို့ကို အလွယ်တကူ ချိန်ညှိနိုင်တဲ့ စနစ် ပါဝင်လာခြင်းပင် ဖြစ်သည်။ ဒါကြောင့် iOS 7 ဟာ Android features တွေကို အတုယူ ခိုးချခြင်းဖြစ်ကြောင်း Android သမားများက ပြောဆိုနေခြင်း ဖြစ်သည်။

Music Interface ကို Android/ Google Music လို ပြောင်းလဲလိုက်ခြင်း

ဒါဟာ တိုက်ဆိုင်မှုမျိုး မဟုတ်ပါဘူး။ ပုံစံတူ ဒီဇိုင်းကွဲ လုပ်ဆောင်ချက်တွေ အတွက် တရားစွဲဆိုခွင့် ရှိနေလေမလားဆိုတာ စောင့်ကြည့်ရင်း နောက်ဆုံး တရားဝင်ထွက်လာမယ့် iOS 7 ကိုပဲ စောင့်ကြည့်ရမှာ ဖြစ်သည်။ နောက်ထွက်လာတဲ့ dev version မှာတော့ Apple ရဲ့ music player ဟာ Android မှာ သုံးနေတဲ့ Google Music player နဲ့ ကာလာ အရောင်အသွေးပိုင်းက အစ interface ပိုင်းမှာပါ တူညီနေခြင်း ဖြစ်သည်။ ဒါကြောင့်လည်း ဒီ feature ကို Apple က ခိုးယူထားခြင်း ဖြစ်ကြောင်း ထုတ်ဖော်လာခြင်း ဖြစ်သည်။ ဒီအတွက်ကတော့ ဝေဖန်မှုတွေ ညံလာလေမလား စောင့်ကြည့်ရမှာ ဖြစ်သည်။

Notification စနစ်ရဲ့ လုပ်ဆောင်ပုံ တူညီနေခြင်း

ဒါကလည်း အပြစ်တင်ချင်စရာ ကောင်းလောက်အောင် ဖြစ်စေသည်။ Android မှာ အသုံးပြုနေတဲ့ notification စနစ်ကို အတုယူကာ ဒီဇိုင်း ပြန်ထုတ်ထားခြင်းလို့ ဆိုနိုင်သည်။ ယခင်တုန်းကဆိုရင် iOS ရဲ့ Notification စနစ်ဟာ အသက်မဝင်လှပါဘူး။ ဒါပေမယ့် အခုအသစ်မှာတော့ အသက်ဝင်လာသလို လုပ်ဆောင်ချက် အမြောက်အများကိုလည်း လုပ်ဆောင်နိုင်တော့မှာ ဖြစ်သည်။ နေ့စဉ် လုပ်ဆောင်ချက်တွေ၊ ဖုန်းခေါ်ဆိုမှု စနစ်တွေ အခြား အွန်လိုင်း အခြေပြုစနစ်တွေကို ပူတွဲ ဖော်ပြပေးထားတဲ့ စနစ်ကို ပြောင်းလဲသွားတဲ့ အတွက် ဖြစ်သည်။ သေချာတာကတော့ တကယ်ထွက်လာရင် ဘယ်လိုဖြစ်လာမလဲဆိုတာ အားလုံးက စောင့်ကြည့်နေခြင်း ဖြစ်သည်။

ပြက္ခဒိန် လုပ်ဆောင်ချက်များ တူညီခြင်း

ဒါကို ဘယ်လိုတူညီနေတယ် ဆိုတာထက် ဒီလိုမျိုး လုပ်ဆောင်ချက်တွေ iOS 7 မှာ ပါဝင်လာခြင်းဟာ Android ရဲ့ Google Calendar စနစ်နဲ့ ဆင်တူဖြစ်နေခြင်း ဖြစ်သည်။ Apple ရဲ့ iOS 7 မှာ ပါဝင်တဲ့ Calender စနစ်ဟာလည်း Android လိုပဲ တစ်နေ့တာ မှတ်သားထားသော ချိန်းဆိုမှုများ လုပ်ဆောင်ရန်ရှိသော အချိန်နာရီ နေ့စွဲများ အစရှိသည့် စနစ်များကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်သည်။ ဒါဟာ အတော်လေးကို ရိုးစင်းပြီး တူညီမှု ဖြစ်နေတဲ့ အနေအထား တစ်ခုပဲ ဖြစ်သည်။ ဒါပေမယ့် အနှစ်သာရပိုင်း လုပ်ဆောင်ချက် မတူညီပေမယ့် တကယ်တမ်းကတော့ ဒါဟာ အခြေခံ လုပ်ဆောင်ချက်တွေ တူညီနေခြင်း ဖြစ်သည်။

3D Panel ပြောင်းလဲသွားသည့် Safari ၏ ဘရောက်ဆာ စနစ်

ဒါကလည်း Google ရဲ့ နာမည်ကျော် Google Chrome Brower နှင့် အတော်လေး တူညီနေတာကို တွေ့ရပြန်သည်။ ဘာတူညီနေလဲ ဆိုတော့ Safari ရဲ့ browser စနစ်မှာ 3D Panel လို မြင်နိုင်တဲ့ Feature အသစ်တစ်ခု ပါဝင်လာပြီး အဲဒီ 3D Panel အသစ်ဟာ Android ရဲ့ Google Chrome မှာ ပါဝင်သည့် new tabs စနစ်နဲ့ ခပ်ဆင်ဆင် တူနေခြင်း ဖြစ်သည်။ ဒါဟာ ပုံစံတူ တိုက်ရိုက်ကူးချခြင်းမျိုး မဟုတ်သည့် တိုင်အောင် အခြေခံ လုပ်ဆောင်ချက်တွေ တူညီနေတဲ့ အချက်ကတော့ Android အသုံးပြုသူတွေကို စိတ်အထစ်အငေါ့ ဖြစ်စေခဲ့သည်။ ထို့အတူပဲ Apple ရဲ့ iPhone ချစ်သူတွေလည်း ဘာတွေကို ဘယ်လို မျှော်လင့်ထားကြဦးမယ်ဆိုတာ မသိသေးပါဘူး။

အိုင်တီမောင်မောင်

0 comments: