မေရယ်...

မေရယ်
လျှာနဲ့သွားတောင် အခန့်မသင့်ရင်
ကိုက်မိတတ်တာ သဘာဝဘဲလေ…
ဒီလိုပါဘဲ…

ဘဝဆိုတာ စင်းလုံးချောတယ်လို့မှ
မရှိတာကလည်း သဘာဝဘဲလေ…
ကြိုးကြိုးချင်း ညှိရင်တောင်
ဖြေးဖြေးချင်း ဖြည်လို့ရသလို
မင်းနဲ့ကိုယ်ကြားမှာ ရှိတဲ့
နှစ်ဦးသားမှန်တယ်ဆိုတဲ့
ပဋိပက္ခလေးတွေကိုလည်း
ကျေအေးပေးပါလား!
အရင်လို ပျော်ရွှင်ခြင်းတွေကို
မင်းမရှိတဲ့အချိန်မှာ ပြန်လိုချင်မိတယ်.မေရယ်…

လင်းယံခ

0 comments: